တပ်မတော်ထောက်ခံသူများကို လ က် န က် ကိုင်ဆောင်ခွင့်ပြုရန် အာဏာ သိ မ်း စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆို

နေပြည်တော်တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၁၂) ရက်နေ့၌ အာဏာသိမ်းစစ်ကောင်စီကသတင်းစာရှင်းလင်းပွဲလုပ်ရာတပ်မတော် ထောက်ခံ သူများကို လက်နက်ကိုင်ဆောင်ခွင့်ပြုရန် သတင်းစာရှင်းလင်းပွဲတက်လာသည့်စစ်တပ်ထောက်ခံသူဟု မိမိကိုယ်ကိုဖေါ်ပြသည့်….

အမျိုး သမီးတစ်ဦးက တောင်းဆိုလိုက်သည်။အခုကျွန်မတို့မိမိကိုယ်ကို မိမိ ခုခံပိုင်ခွင့်အရလက်နက်ပေးကိုင်ခွင့်ရ၊ မရကို ကျွန်မတို့သိချင်ပါ တယ်။အရေးတကြီးဟု မည်သည့်သတင်းဌာနမှဖြစ်သည်ကို ဖေါ်ပြမိတ်ဆက်ခြင်းမပြုဘဲစစ်တပ်ထောက်ခံသူဟုသာ…

မိတ်ဆက်သည့် အမျိုးသမီးက ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းသည်။စစ်တပ်မှအာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အမျိုးသားရေးတက်ကြွသူများမှာ ပစ်မှတ်ထားတိုက်ခိုက်မှုကိုခံနေရပြီး မိမိတို့ထောက်ခံနေသည့်….

စစ်တပ်ကလည်း လုံခြုံရေးအာမခံချက်မပေးနိုင်သည့်အနေအထားဖြစ်နေ၍ စစ်တပ်ထောက်ခံသူများအား လက်နက်တရားဝင်ကိုင် ဆောင်ခွင့်ပေးရန် အရေး တကြီးဟု အဆိုပါအမျိုးသမီးကတောင်းဆိုမေးမြန်းခဲ့ခြင်းဖြစ်သည်။အဆိုပါ မေးခွန်းနှင့်ပတ်သက်၍…

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင် ဥပဒေအရ လူတိုင်းကိုပေးထားသည့် မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်အတိုင်းသာ ခံစားခွင့်ရှိသည်ဟု ဖြေကြားသည်။ကျွန်တော်တို့ဝန်ခံပါတယ်။လူတစ်ဦးချင်းကာကွယ်စောင့်ရှောက်မှုမပေးနိုင်ပါဘူး။

တရားဝင်အကြောင်းကြားလာမှုတွေရှိရင်တော့ သွား ရောက်ပြီးတော့ လုံခြုံရေးဆောင်ရွက်ပေးမှုတွေရှိပါတယ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

CRPH နှင့် NUG အဖွဲ့အစည်းထောက်ခံသူများကို အ ကြ မ်း ဖ က် များဟု သုံးနှုန်းပြောဆိုသွားသည့် အမျိုးသမီးက…တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းက စတင်ဖွဲ့စည်း သည်ဆိုသည်ကို လက်ခံသော်လည်း ဗိုလ်ချုပ်နေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က ခက်ခက်ခဲခဲတည် ဆောက်ခဲ့ရသည်ဟု ပြောသွားသည်ကို တွေ့ရသည်။

သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းမေးမြန်းရာ၌…သတင်းဌာနအမည်နှင့် မေးမြန်းသူအမည်ကို မိတ်ဆက်မေးမြန်းကြခြင်းဖြစ်သော်လည်း အဆိုပါ အမျိုးသမီးက တပ်မတော်ကိုချစ်မြတ်နိုးသူဟုဖေါ်ပြမိတ်ဆက်မေးမြန်းသွားသည်ကိုသာ တွေ့ရပြီး အာဏာသိမ်းစစ်ကောင်စီ၏ တာဝန်ရှိသူကလည်း ပြန်လည်ဖြေကြားသွားသည်ကို တွေ့ရသည်။…

Likes:
0 0
Views:
948
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *