ထွက်ပြေးလာတဲ့ တပ်မတော်သားတစ်ချို့ရဲ့ ထင်မှတ်မ ထားတဲ့အပြုအမူကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ရကြောင်း ရင်ဖွင့်လာတဲ့ မင်းတပ် CDF ခေါင်းဆောင်တစ်ဦး

ကျေးဇူးတရားကိုသိတတ်တဲ့လူကိုသာလူလို့ခေါ်ထိုက်ပါတယ်တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုတာကိုကောင်းကောင်းသိသွားခဲ့တဲ့တပ်ဖက် ကထွက်ပြေးလာခဲ့တဲ့တပ်မတော်သားတွေဟာထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တဲ့ မင်းတပ် PDF အဖွဲ့တွေကို ပြန်ပြီးကျေးဇူးပြုခဲ့တဲ့အကြောင်း ကို စစ်တပ်ကထွက်ပြေးလာတယ်လို့ယူဆရတဲ့စစ်သားတချို့ကိုမိတာ ၁လလောက်ရှိပြီ သူတို့ကို မရိုက်နှက်ခဲ့ဘူးကြိုးနဲ့မချည်ထားဘူး နေချင်သလိုနေခွင့်ပေးပြီး ထမင်းကျွေးထားခဲ့တယ်။

အစောင့်နဲ့တော့ထားရတယ်ဆေးလိပ်နဲ့ခေါင်ရည်ကိုတတ်နိုင်သလောက်စီစဉ်ပေးခဲ့တယ်ဒီလိုနဲ့သူတို့ရောက်ပြီး (၂) ပါတ်ကျော်အကြာမှာ ကျနော်တို့ချီချောင်းဖက်က CDF တွေကကန်ပက်လက်ဖက်မှာ တပ်ကျွံနေတုန်း စစ်မျက်နှာ (၃)ဖက်အညှပ်ခံရပြီးတပ်ဆုတ်ရဖို့အခြေ နေဖြစ်လာခဲ့တယ်။

အဲ့မှာရွာသူရွာသားတွေသက်ကြီးရွယ်အိုတွေကလေးသူငယ်တွေအားလုံးစစ်သားတွေရန်ကကြောက်ပြီးရွာတွေ ကနေဝရုန်းသုန်း ကားထွက် ပြေးကြ ရတော့တယ် ။

တပ်ပြေးတွေကိုလဲဆက်လက်ထိမ်းသိမ်းထားဖို့မဖြစ်နိုင်တော့လို့ သူတို့ကိုမရှိရှိတဲ့ကြားထဲကနေလမ်းစရိတ် (၅) သောင်းစီပေးပြီးထွက်ပြေး ခိုင်းတော့သူတို့မျက်နှာတွေမကောင်းတာပဲသတိထားမိခဲ့တယ်လို့အစချီပြီး CDF ခေါင်းဆောင်တစ်ဦးကပြောပြလာခဲ့ပါတယ်။

ဒီနောက်မှာလည်း ဒီလိုနဲ့ တပ်ဆုတ်နေရင်းရွာတစ်ရွာနားမှာကျနော်တို့ CDF တွေတပ်စွဲထားတဲ့ ချိန် အဲ့စစ်ပြေးတွေကိုတစ်ခါထပ်တွေ့တော့ သူတို့ခမျာ ခလေးပိုးတဲ့သူကပိုးအထုပ်ထမ်းတဲ့သူကထမ်းတူမီးကိုင်တဲ့သူကကိုင်နဲ့ စစ်ဘေးရှောင်အုပ်စုကို ဦးဆောင်လာတာဗျတကယ်အံသြ မိသွား တယ်။

နင်တို့မပြန်သေးဘူးလားလို့ကျနော်မေးတော့ ကျနော်တို့ကို ထမင်းကျွေးခဲ့တဲ့ရွာကိုပစ်ပြီး ဒီတိုင်းထွက်မသွားနိုင်သေးဘူး သူတို့ဘေးကင်းရာ ရောက်ပြီးမှပြန်မယ်ဆိုတော့ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ ဗီယက်နမ်စစ်ကားလေးကို မျက်စိထဲတန်းမြင်ယောင်မိလာတော့တယ်။

မင်းသားက အာနိုးထင်တယ် ဗီယက်နမ်ကို စစ်တိုက်သွားတဲ့ အမေရိကန်မရိန်းစစ်သားက သူ့ကိုကာကွယ်ပေးခဲ့တဲ့ ဗီယက်ကောင်းရွာလေးကို ပြန်ကာကွယ်ပေးခဲ့တဲ့ စစ်ကားလေး အဲ့လိုနဲ့ နောက်နေ့တွေမှာ ကျနော့ဘေးနားမှာသူတို့ကို နေခွင့်ပေးလိုက်တော့တယ် ။

တူမီးလေးတွေကိုယ်စီကိုင်လို့ အစကတော့ သူတို့ကို မယုံသေးပါဘူးဆိုတဲ့ ကြည်နူးစရာအဖြစ်အပျက်အကြောင်းကို ရင်ဖွင့်လာခဲ့ပါတယ်

မေတ္တာတရားနဲ့ဆက်ဆံတဲ့အခါ ဘယ်လောက်ပဲအရိုင်းဆန်သူဖြစ်ပါစေ နူးညံ့သွားစမြဲပါပဲ ဒီအဖြစ်အပျက် လေးကိုပြန်လည်ဝေမျှတဲ့အချိန်မှာ စိုးရိမ်ကြတဲ့ပြည်သူတွေက အရမ်းအယုံမလွယ်ဖို့ ဝိုင်းဝန်းသတိပေးခဲ့ ကြပါတယ်။

CDF ခေါင်းဆောင်ဖြစ်သူကတော့ကျနော်ယုံကြည်ပါတယ် မေတ္တာဆိုတာရောင်ပြန်ဟပ်ပါတယ် နောက်နေ့ကျရင်သူတို့နဲ့မိတ်ဆက်ပေးမယ် နောသူတို့လက်ထဲကိုသူတို့ရဲ့သေနတ်အစစ်တွေ ပြန်ထည့်ပေးနိုင်ဖို့အချိန်မဝေးတော့ပါဘူးဆိုပြီးပြောပြလာခဲ့ပါတယ်အရာရာကိုအသိသတိနဲ့ ယှဉ်ပြီးပြည်သူအားလုံးလိုချင်တဲ့ ဒီမိုကရေစီရအောင်ယူနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်။

crd

Likes:
0 0
Views:
3223
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *