ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ထူးချွန်စွာအောင်မြင်ခဲ့သလို တိုင်းပြည်အတွက်လည်း ရဲရဲဝံ့ဝံ့နဲ့ အသက်စွန့်သွားခဲ့တဲ့ ချင်းတိုင်းရင်းသားလေး

ခွဲလုံသာတိုက်ပွဲမှာရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းလေးလိန်းလိန်း ကျဆုံးခဲ့တာ ဒီနေ့ဆိုရင်တစ်လပြည့်ခဲ့ပါပြီ။ ထွက်သွားတဲ့သူကထွက်သွားပေမယ့် ကျန်ရစ်ခဲ့တဲ့သူတွေကတော့ သတိရခြင်းတွေတပွေ့တပိုက်နဲ့ပါ။

သေသောသူကြာရင်မေ့ဆိုတဲ့ စကားဟာ ဒီမိုကရေစီတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းတွေအတွက်တော့ မမှန်နိုင်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒတွေကိုဖော်ဆောင်ပေးဖို့ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ပေးခဲ့သူတိုင်းဟာ အကြိမ်ကြိမ် ဦးညွှတ်ခံထိုက်သူတွေပါ။

လိန်းလိန်းရဲ့ တစ်လပြည့်တဲ့နေ့မှာ ” တစ်လပြည့်သွားပါပြီ..ပျော်ပျော်ရွှင်ရွှင်နေလာခဲ့တဲ့ ပုံရိပ်တွေကိုမြင်ယောင်နေဆဲ အရာအားလုံးက မနေ့တစ်နေ့ကလိုပဲညီ မင်းရဲ့ ရဲရင့်မှုတွေ ငါတို့ချီကျူးလို့ ဆုံးမကုန်နိုင်ဘူး ” ဆိုပြီး ခင်မင်ရသူတစ်ယောက်က သတိတရဝေမျှလာခဲ့ပါတယ်။

ကျဆုံးသွားတဲ့ချင်းတိုင်းရင်းသားလေးလိန်းလိန်းဟာ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးတွေနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့သူဖြစ်သလို ဘောလုံးအား ကစားမှာလည်း ပါရမီပါသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒီလိုလူတော်လူကောင်းတွေ တဖြုတ်ဖြုတ်ကြွေနေရတာ ပြည်သူတစ်ရပ် လုံးရဲ့ရင် တွေ လည်း နာရပါတယ်။

ကျဆုံးရဲဘော်တွေအတွက်မချိတင်ကဲဖြစ်ရတဲ့အကြောင်းကို ” ပထမဆုံးအသက်ပေးလှူသွားခဲ့တဲ့ CDF ရဲဘော်လေးဟာ မြန်မာ့လက် ရွေးစင်မြှားပစ်အားကစားသမားဆိုတာ လူသိနည်းပါတယ် ။

ခွဲလုံသာ တိုက်ပွဲမှာကျသွားခဲ့တဲ့လိန်လိန်းကလဲ ဂုဏ်ထူးတွေနဲ့ (၁၀) တန်းအောင်ခါစ ကျောင်းသားလေး၊ ချင်းပြည်အတွက် နိုင်ငံအတွက် အားကိုးလာရမယ့် အကောင်းဆုံး ဘောလုံးသမားလေးပါ အများကြီးပါပဲ ကျဆုံးသွားတဲ့ရဲဘော်တွေက သူ့နေရာရာနဲ့သူ တန်ဖိုးရှိတဲ့လူ တွေချည်းပဲ မတန်လိုက်တာ ညီလေးတို့ရာ ” ဆိုပြီး CDF ခေါင်းဆောင်တစ်ဦးက ရင်တွင်းစကားပြောလာခဲ့ပါတယ်။

ကောင်းရာဘုံဘဝကို ရောက်ရှိပြီး စစ်ဘေးကင်းတဲ့နိုင်ငံမှာ အေးချမ်းပျော်ရွှင်ပါစေလို့ ကျဆုံးသူရဲကောင်းတိုင်းအတွက် ဆုတောင်းပါတယ်။

Photo Credit – D Aung Htang’s FB Acc

သတင်းအရင်းမြစ်: D Aung Htang’s FB Acc

Likes:
0 0
Views:
709
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *