ချင်းစစ်ဘေးရှောင်ပြည်သူ1000ကျော်အတွက် အရေးပေါ်စစ်ဘေးရှောင်စခန်းလေးလှူဒါန်းပေးကြတဲ့ စေတနာရှင်များ

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။

အရင်လို အင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ရန် မလွယ်ကူတာကြောင့် ပြောက်ကျားသပိတ်တွေဆင်နွှဲကာ အာဏာရှင်စနစ်ကိုအဆုံးထိ တော်လှန်နေကြတာဖြစ်ပါတယ်။

ပြည်သူတွေဘက်က အခုလို ဆန္ဒပြသပိတ်တွေထွက်ကြသလို ပြည်သူ့ကာကွယ်ရေးတပ် PDFတွေဖွဲ့စည်းပြီးတော့လည်း စစ်အာဏာရှင် တွေကိုတော်လှန်နေကြတာဖြစ်ပါတယ်။

မင်းတပ်ကို စစ်အုပ်ချုပ်ရေးကြေငြာထားပြီး သောက်သုံးရေဖြတ်တောက်မှု၊စားနပ်ရိက္ခာဖြတ်တောက်မှုတွေလည်း ပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ ဆင်းရဲဒုက္ခမျိုးစုံကိုကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။

မိုးတွင်းကာလဖြစ်တဲ့အပြင် မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်လည်း စစ်ဘေးရှောင်ပြည်သူတွေမှာ မိုးထဲရေထဲမှာ ဒုက္ခရောက်နေကြ ရတဲ့အပြင် ပစ်ခတ်မှုတွေကြောင့် မိုးရွာထဲမှာပါ ဘေးလွတ်ရာကို ရွာလုံးကျွတ်ထွက်ပြေးခိုလှုံနေကြရတယ်လို့ သိရပါတယ်။

အခုလိုဆင်းရဲဒုက္ခတွေကြုံနေရတဲ့ချင်းပြည်က စစ်ဘေးရှောင်ပြည်သူတွေအတွက် စေတနာရှင်လူငယ်လေးတွေက စစ်ဘေးရှောင်စခန်းလေး ဆောက်ပေးကာ အကူအညီပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း “ချင်းစစ်ဘေးရှောင် 1000 ကျော်အတွက်

အရေးပေါ်စစ်ဘေးရှောင်စခန်းလေးပြီးပါပြီ.

ပါဝင်ကူညီကြတဲ့ ပြည်သူအားလုံးရဲ့

မေတ္တာတွေနဲ့ အေးချမ်းလုံခြုံကြပါစေ

Likes:
0 0
Views:
561
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *