အိမ်နီးချင်းတွေ သက်သောင့်သက်သာ ခရီးသွားလာနိုင်အောင် အားကြိုးမှန်တက်လမ်းပြုပြင်ပေးခဲ့ကြတဲ့ မြေး ၊ အဘိုး

သင်ရဲ့ အသိုင်းအဝိုင်းအတွက် ကောင်းမွန် တဲ့အရာများ ပြုလုပ်ခြင်းဟာ အလွန်ကောင်းမွန်တဲ့ လုပ်ရက်တစ်ခုပါဘဲ။ ဥပမာအားဖြင့် ရပ်ကွက်အတွင်း အများသုံးလမ်းကို ပြင်ဆင်ရန်အတူတကွ ပြုလုပ်နေကြတဲ့ အဘိုး နဲ့ သူ့ရဲ့မြေးကို သုံးသပ်ကြည့်ခြင်းသာဖြစ်ပါတယ်။

မစ္စတာ Thawut Channoi ဟာ Songkhla ပြည်နယ်ရှိလမ်းမကြီးပေါ်မှာ အဘိုးအို နဲ့ မြေးဖြစ်သူက ကျောက်တုံးများ နဲ့ ပြင်ဆင်နေကြတဲ့ ဓာတ်ပုံကို Facebook ပေါ်မှာ ဝေမျှခဲ့ပါတယ်။

ထို မစ္စတာ Thawut Channoi ဟာ Mr. Somnukwho လို့‌ခေါ်တဲ့ အသက် ၆၈ နှစ်အရွယ်အဘိုးဖြစ်သူ ရယ် ၃ နှစ်အရွယ်သူ့မြေး နဲ့ အဲ့လမ်းမပေါ်မှာ အတူရှိနေခဲ့ပါတယ်။ ရွာတွေမှာဆိုရင် ရွာသားတွေက မြေလမ်းတွေကို အသုံးပြုနေဆဲဖြစ်တာကြောင့် အထူးသဖြင့် မိုးရာသီတွင်မှာ သွားလာရန် အခက်အခဲဖြစ်စေပါတယ်။

ဒါကြောင့်အိမ်နီးချင်းတွေ အလွယ်တကူသွားလာနိုင်ရန် အဘိုးအို နဲ့ သူမြေးက အားလပ်ချိန်တွေမှာ ပြုလုပ်ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဘိုး Somnuk က ကြွက်သားအားနည်းသော်လည်း သူကအခြားသူများရဲ့ ဘဝကို ပိုကောင်းအောင် အရာတစ်ခုခုလုပ်ဖို့ စိတ်ကူးရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

မီဒီယာ နဲ့ သတင်းလိုင်းအများစုက ၎င်းအကြောင်းအရာကို အွန်လိုင်းပေါ်မှာ အမျိုးမျိုးပပျံ့နှံ့ ခဲ့ပြီး ထိုင်းနိုင်ငံမှ အင်တာနက်အသုံး ပြုသူတွေဟာ သူတို့ နဲ့ အတူတကွ ပံ့ပိုးရန် စုရုံးခဲ့ကြပါတယ်။

လူအများအပြားကို သူတို့ရဲ့ရပ်ရွာအတွက် ကောင်းမွန်တဲ့အရာများ စတင်လုပ်ဆောင်ရန် လှုံ့ဆော်ပေးခဲ့တဲ့အတွက် ၎င်းတို့နှစ်ဦးစလုံးကို ကျွန်ုပ်တို့ ကျေးဇူးတင်မိပါတယ်။ သူတို့နှစ်ယောက်စလုံး အားတက်ပြီး ပျော်ရွှင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

JRose (Mckzone Daily)

Source : thesmartlocal

Likes:
0 0
Views:
563
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *