တွေးတောင်တွေးဖူးမှာမဟုတ်တဲ့ ဆင်းရဲဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံရင်း အနစ်နာခံတိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းရဲဘော်တွေ

အရေးတော်ပုံကြီးစတင်ခဲ့တဲ့ ဖေဖော်ဝါရီလ အချိန်ကတည်း လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို တောထဲတောင်ထဲမှာ ပင်ပန်းမှုဆင်းရဲအမျိုးမျိုးကို ကြုံတွေ့ခံစားနေရပြီး စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ကာ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြသူတွေကလည်း လူငယ်မျိုးဆက်သစ်တွေပါပဲ..။

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း အသက်နဲ့ခန္ဓာကို ပဓာနမထားဘဲ ပြည်သူလူထုအတွက် တတ်နိုင်သလောက် ရရာနေရာကနေ တာဝန်ထမ်းနေကြတဲ့ လူငယ်တွေရဲ့ ပေးဆပ်မှုတွေကတော့ တကယ်ကိုကြီးမားသလို လေးစားစရာလည်း ကောင်းလွန်းပါတယ်..။

အနာဂတ်အတွက် သူတို့ရဲ့စိတ်ကူးအိပ်မက်တွေကို စွန့်လွတ်ပြီး တောထဲတောင်ထဲမှာ စစ်ရေးလေ့ကျင့်နေရင်း ကြုံဖို့တွေးတောင်တွေးဖူးမှာမဟုတ်တဲ့ ဆင်းရဲဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံရင်း ကြိုးစားတိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းရဲဘော်တွေကတော့ သူတို့ရဲ့ မြေပြင်အခြေအနေတွေကို ပြောပြလာပါတယ်..။

ပြည်သူတွေ ပို့ပေးတဲ့ မေတ္တာတွေနဲ့ အထောက်အပံ့အူအညီကို ပြန်လည်ကျေးဇူးတင်ကာ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ကြိုးစားနေကြတဲ့ရဲဘော်တွေရဲ့ လေးစားစရာကောင်းလွန်းပြီး ရဲရင့်ပြတ်သားမှုတွေကို ပြောပြထားတာပါ..။

“ကျွန်တော်တို့ ပြည်တွင်းပြည်ပ ကရဲဘော်ရဲဘက်ပြည်သူတွေဆီကနေ စီးဆင်းလာတဲ့အထောက်အပံ့တွေ၊ အကူအညီတွေအတွက် အများကြီးကျေးဇူးတင်ရသလို

တောထဲမှာ ပင်ပန်းဆင်းရဲဒဏ် ဒုက္ခမျိုးစုံခံပြီး

တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ကြိုးစားနေကြတဲ့ရဲဘော်တွေကိုလည်း ကျေးဇူးတင်၊ဂုဏ်ယူကြောင်းနည်းနည်းပြောချင်ပါတယ်။

“လူကိုမိုးမစိုဘဲအိပ်ရတဲ့ညတွေက တော်တော်ကံကောင်းတဲ့ညဗျ”

“ရေစစ်လေးရှိလာတော့အဆင်ပြေတာပေါ့ ဒီမတိုင်ခင်က အနည်ပါလည်းသဗ္ဗေသတ္တာကမ္မသက္ကာဆိုပြီးမျှောချခဲ့ရတာ”

“ဘောင်းဘီလေးနှစ်ထည်ရှိပါတယ် နေလေးမြင်လိုက် လှမ်းလိုက် မိုးရွာလိုက်နဲ့ မင်းအောင်လှိုင်သေမှပဲခြောက်တော့မလားမသိဘူး”

“ရှမ်းရွှေတောင်နှစ်ထုပ်ရှိလျက်နဲ့ဖွက်ထားတယ် နင်ဒလန်”

“အစ်ကို ဒီမယ်ကြည့်ပေးစမ်းပါဦး ဒါဝဲတွေလား ကျွန်တော်တော်တော်စပ်နေပြီ”

“မနေ့ကအိမ်သာကျင်းတူးရတဲ့မွေးနေ့ရှင်လေး ဒီနေ့နေရာရွှေ့ရတော့တော်တော်ပျော်နေမှာပဲ မအလပေးတဲ့မွေးနေ့လက်ဆောင်လေးပေါ့”

“မနက်ကနေပွင့်တယ် အကုန်လုပ်လက်စအလုပ်တွေခဏပစ်ချပြီး နေလုံးကြီးကြည့်ပျော်နေကြတာ ကာတွန်းကားထဲကအတိုင်းပဲ ဟီး”

“ကျွန်တော် အစားလည်းဘာရယ်ဆိုပြီးမမက်တော့ဘူး အသုံးအဆောင်တွေလည်းမမက်တော့ဘူး ခြောက်ခြောက်သွေ့သွေ့ နွေးနွေးထွေးထွေးလေး တစ်နေ့လောက်နေရဖို့ပဲမျှော်လင့်တယ် တကယ်ပြောတာ”

ဒီလိုတွေရင်ဖွင့်ကြပေမယ့်

‘စိတ်ဓာတ်ကျလား’လို့မေးလိုက်ရင်

မျက်နှာတွေချက်ချင်းအကုန်သတိဆွဲ

အသံတွေက မာန်အပြည့်နဲ့

“လုံးဝမကျဘူး”ဆိုတဲ့ရဲဘော်တွေ

‘နိုင်ပါ့မလား’ ဆိုရင်

“မနိုင်နိုင်အောင်တိုက်မှာ”ဆိုတဲ့ရဲဘော်တွေ

‘သေချာလား’ “သေချာတယ်”

‘ကျိန်းသေလား’ “ကျိန်းသေတယ်”

‘အနိုင်တိုက်မှာလား’ “နိုင်ကိုနိုင်မှာ”

‘One Shot’ “One Kill!”

ဟိန်းခနဲဟိန်းခနဲ အဲ့ဒီမာန်တွေ အဲ့ဒီအသံတွေ

မြင်လိုက်တိုင်း ကြားလိုက်တိုင်း

နေရာဒေသ၊ရာသီဥတု၊ငွေကြေးအခက်အခဲတွေ

အန္တရာယ်တွေကြားထဲက လှုပ်ရှားနေရတဲ့ကျွန်တော်တို့အတွက်လည်း လူပန်းစိတ်ပန်းသမျှတွေပျောက် အမောတွေပြေ အားတွေတက် မျှော်လင့်ချက်ရောင်ခြည်တွေမီးလိုတောက်တယ်။

တခါမှမကြုံဖူးတဲ့ ကြုံဖို့တွေးတောင်တွေးဖူးမှာမဟုတ်တဲ့ (တချို့ဆိုရှိမှန်းတောင်မသိခဲ့တဲ့)

ဆင်းရဲဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံရင်း ကြိုးစားနေကြတဲ့အဖိုးတန်သူရဲကောင်းလေးတွေကိုကြည့်တိုင်း-

ဖက်ကြမ်းဆေးပေါ့လိပ်တစ်လိပ်ကို တပ်စိပ်တစ်စိပ်လုံးမျှသောက်ရတဲ့ရဲဘော်တွေ၊

ဒီမိုကရေစီရဲ့အနှစ်သာရကိုလည်း အတူတူမျှဝေစံစားရတော့မယ့်ပန်းတိုင်ရောက်ဖို့မလိုတော့ဘူးဆိုတာကို ပိုယုံကြည်လာမိပါတယ်။

ရဲဘော်တွေစကားအရဆိုရင်တော့ “အရေးတော်ပုံ အောင်ကိုအောင်ရမယ်” “ခွေးဂျပု သေသေ” ပေါ့ဗျာ။

အရေးတော်ပုံ အောင်ကိုအောင်ရမည်..”ဆိုပြီး အသေးစိတ်ပြောပြထားတာ ဖြစ်ပါတယ်..။

တော်လှန်ရေးအတွက် တောထဲမှာ အပင်ပန်းခံတိုက်ပွဲဝင်နေကြတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ဒုက္ခအခက်အခဲတွေကို မိဘပြည်သူတွေက စာနာနားလည်သလို အားနာစိတ်နဲ့အတူ ကျေးဇူးတင်နေကြတာလည်း ဖြစ်ပါတယ်..။

Likes:
0 0
Views:
616
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *