ကုလလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်သစ် ၅ နိုင်ငံရွေးချယ်

နိုင်ငံတကာရေးရာ ကိစ္စတွေကိုကုလသမဂ္ဂမှာဆွေးနွေးဆုံးဖြတ်ရာမှာမဲပေးခွင့်အာဏာအပြည့်ရှိတဲ့ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ၅ နိုင်ငံကို အထွေထွေညီလာခံကသောကြာနေ့မှာမဲခွဲအတည်ပြုလိုက်ပါတယ်

လိုအပ်တဲ့မဲအရေအတွက် ၃ ပုံ ၂ ပုံနဲ့ အများစု ရရှိခဲ့ကြတဲ့အတွက် အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ ဂေဘွန်၊ ဂါနာနဲ့အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ ၂၀၂၂ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကစ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်တွေအဖြစ် ၂ နှစ်သက်တမ်းတာဝန်ယူ ကြရမှာ ဖြစ်ပါတယ် လို့ ကုလသမဂ္ဂအထွေထွေညီလာခံသဘာပတိ Volkan Bozkir ကြေညာလိုက်တာပါ

နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ လုံခြုံရေးကောင်စီဟာ ပဋိပက္ခဖြစ်ရာ ဒေသတွေကို ငြိမ်းချမ်းရေး ထိမ်းသိမ်းရေးတပ်ဖွဲ့တွေ စေလွှတ်တာ၊ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တဲ့ နိုင်ငံတွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူတာတွေကိုလုပ်ပိုင် ခွင့်အာဏာ ရှိပါတယ်။

အဖွဲ့ဝင်သစ်တွေရဲ့ မတူကွဲပြားတဲ့ အတွေ့အကြုံတွေ၊ ရပ်တည်ချက်အမြင်တွေနဲ့ အမျိုးသား အကျိုးစီးပွားတွေကြောင့်အဖွဲ့ဝင်တွေကြား အားပြိုင်မှုသစ်တွေလည်း ပေါ်ပေါက်လာမယ်လို့ ခန့်မှန်းနေကြတာပါ

သမိုင်းတလျှောက် ကြီးမားတဲ့ ဆုံးဖြတ်ချက်ကြီးတွေချမှတ်ခဲ့တာကိုနိုင်ငံငယ်တွေ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပြီး၊ အခုအခါ မျက်မြင် ကိုယ်တွေ့သက်သက်မဟုတ်ပဲအများအကျိုးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာပါ ပါဝင်ခွင့် ရရှိကြတော့မှာပါလို့ အဖွဲ့ဝင်သစ်အဖြစ် ရွေးချယ်ခံရတဲ့ အယ်လ်ဘေးနီးယားနိုင်ငံရဲ့ ဥရောပနဲ့ နိုင်ငံခြားရေးရာဝန်ကြီး Olta Xhaçka ကပြောဆိုလိုက်တာပါ

လတ်တလောမှာတော့ လုံခြုံရေး ကောင်စီဟာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအရေး လစ်ဗျား ဆီးရီးယား ယီမင်နိုင်ငံတွေက ပဋိပက္ခတွေ အပါအဝင် အရှေ့အလယ်ပိုင်းဒေသက ပြဿနာတွေနဲ့ အဓိက ရင်ဆိုင်နေရသလို စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး အကျပ် အတည်းတွေ ပေါ်ပေါက်နေတဲ့

မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖြေရှင်းဖို့လည်း အဖွဲ့ဝင်နိုင်ငံတချို့က ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်

Crd

Likes:
0 0
Views:
698
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *