လူနာကုတင်အစား ဝါးကွပ်ပျစ်တွေချထားတာကြောင့် ဝေဖန်မှုတွေမြင့်တက်နေတဲ့ ရွှေပြည်သာက Covid 19 ကွာရန်တင်းစင်တာအသစ်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် မတ်လအတွင်းမှာပဲ Covid 19 ရောဂါပိုး စတင်တွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိပြီးတဲ့နောက်မှာပဲ လိုအပ်တဲ့အကာအကွယ်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးခဲ့ကြပြီး အတတ်နိုင်ဆုံး ကာကွယ်ကုသပေးခဲ့ကြပါတယ်။

အသက်ဆုံးရှုံးသူနဲ့ ကူးစက်သူဦးရေးတွေလည်း များပြားလာခဲ့ပြီး ပြည်သူတွေလည်းအတော်လေးထိတ်လန့်ခဲ့ရတာပါ။ ဒီနောက်မှာတော့ အခြေအနေအနည်းငယ်တည်ငြိမ်သွားပြီးနောက်မှာ Covid second wave ဟာ ထပ်မံပေါ်ပေါက်လာပါတော့တယ်။

အလုပ်အကိုင်တွေရပ်နားထားရတဲ့ပြည်သူတွေအတွက် Second wave ဟာ အတော်လေး အထိနာခဲ့ပါတယ်။ကာကွယ်ဆေးတွေရပြီး ပြည်သူတွေပျော်ရွှင်ရတော့မယ့်အချိန်ကျမှ အာဏာရှင်လူတစ်စုဟာ အတ္တကို ရှေ့တန်းတင်ပြီး မြန်မာနိုင်ငံရဲ့အနာဂတ်တွေကို မှောင်အတိကျစေခဲ့တာ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ကစ ယနေ့ထက်တိုင်ပါပဲ။

လက်ရှိမှာလည်း Covid 19 ရောဂါပိုးဟာပြန်လည်ပျံ့နှံ့လာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဟာ ကူးစက်မှုတတိယအမြင့်ဆုံးတိုင်း ဒေသကြီးဖြစ်ခဲ့ပါတယ်။ မေ (၂၇) ရက်မှ ဇွန် (၉) ရက်အထိ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားသူဦးရေ စုစုပေါင်း (၁၄၉) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုပြန်လည်မြင့်တက်လာတဲ့ရောဂါကိုကာကွယ်ကုသပေးနိုင်ဖို့ ရွှေပြည်သာမြို့နယ်မှာ ကွာရန်တင်းစင်တာ အသစ်ဆောက်လုပ်နေကြောင်း ရွှေပြည်သာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရပါတယ်။ ဒီလိုဆောက်လုပ်တဲ့နေရာမှာလည်း သက်တောင့်သက်သာဖြစ်ရမယ့် လူနာကတင်တွေအစား ဝါးကွပ်ပျစ်တွေကိုသာ ချထားတာကြောင့် ပြည်သူတွေရဲ့ဝေဖန်မှုဟာ မြင့်တက်လာခဲ့ပါတယ်။

အသက်ဘေးနဲ့ကြုံနေရတဲ့ လူနာတစ်ယောက်ဟာ ဝါးကွပ်ပျစ်ပေါ်မှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ လက်ရှိဆောက်လုပ်နေတဲ့ ကွာရန်တင်းစင်တာအသစ်ရဲ့ပုံရိပ်တွေကို ပြည်သူတွေမြင်တွေ့နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – ဘုန်းထက်ကြယ်’s FB Acc

Likes:
0 0
Views:
758
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *