မြန်မာ့အရေးကိုကူညီပေးတဲ့အပြင် သူ့ကိုအားပေးတဲ့ Fan တွေအတွက် မြန်မာလိုကြိုးစားပမ်းစားပြောပြလာတဲ့ တောင်ကိုရီးယားအနုပညာရှင်တစ်ဦး

တောင်ကိုရီးယားနိုင်ငံကတော့ မြန်မာနိုင်ငံက ပြည်သူတွေကို ရရာနည်းလမ်းနဲ့ အစွမ်းကုန် အားပေးကူညီနေကြတာ ဖြစ်ပါတယ် ။ သူတို့က မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေကို စာနာနားလည်ပေးတဲ့အပြင် လူထုလှုပ်ရှားမှုတွေမှာပါ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေး နေတာ ဖြစ်ပါတယ် ။

တောင်ကိုရီးယားနိုင်ငံက Model ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Lee Seo Ho ကလည်း မြန်မာ့အရေးမှာ ကူညီနေသူတစ်ဦးဖြစ်ပါတယ်။Lee Seo Ho က တောင်ကိုရီးယားရောက် မြန်မာတွေပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ သူကိုယ်တိုင် ပါဝင်အားဖြည့်ပေးနေတာဖြစ်ပါတယ် ။

လမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်ပေးသလို Social Media ကတစ်ဆင့် မြန်မာ့အရေးအတွက် တက်တက်ကြွကြွလှုပ်ရှားပေးနေတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်မြန်မာပြည်သူတွေကလည်း စိတ်သဘောထားကောင်းတဲ့ Lee Seo Ho ကို အားပေးချစ်ခင်ပြီး ကျေးဇူးတင် နေကြတာ ဖြစ်ပါတယ် ။

အခုလည်း Lee Seo Ho က သူ့ကိုအားပေးတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေအတွက် မြန်မာလိုနှုတ်ဆက်စကားပြောထားတာဖြစ်ပါတယ် ။ Lee Seo Ho က မြန်မာပရိသတ်တွေကို သူ့အနေနဲ့ကျေးဇူးတင်ပြီးအရမ်းချစ်ကြောင်းကိုမြန်မာလိုပြောထားတာဖြစ်ပါတယ် ။

မြန်မာဘာသာစကားကို ကြိုးစားပမ်းစားပြောပြီးပရိသတ်တွေကို နှုတ်ဆက်ထားတဲ့ တောင်ကိုရီးယား Model Lee Seo Ho ရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Video

Source & Video Credit-Lee Seo Ho’s FB Page

Likes:
0 0
Views:
647
Article Categories:
NEWSSocial Media

Leave a Reply

Your email address will not be published. Required fields are marked *