တောင်တွင်းကြီးမြို့နယ်မှ CDM ပညာရေးဝန်ထမ်း ၃၉၀ကို စစ်​ကောင်စီက ရာထူးမှထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ ပညာရေးဝန်ထမ်း ၃၉၀ ဦးကို ရာထူးကထုတ်ပယ်လိုက် ကြောင်း သိရပါတယ်။

မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးရဲ့ဇွန်လ ၁၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ရုံးအမိန့်စာမှာ တောင်တွင်းကြီးမြို့နယ်ရှိအခြေခံပညာကျောင်း တွေကသင်ကြား၊ စီမံဝန်ထမ်း ၃၉၀ ဦးကို နိုင်ငံဝန်ထမ်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေကို ချိုးဖောက်လို့ရာထူးကနေထုတ်ပယ် လိုက်တယ် လို့ပါရှိပြီး ရာထူးထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ကျေနပ်မှုမရှိပါက အမိန့်ကြော်ငြာစာလက်ခံရရှိတဲ့ နေ့ကစပြီး ၆ လအတွင်းနိုင်ငံဝန် ထမ်းဥပဒေများနဲ့အညီ အယူခံတင်သွင်းနိုင်တယ်လို့လည်းရေးသားထားပါတယ်။

”ကလေးတွေကို စာတတ်စေချင်တာပေါ့။ ပြောရရင်ဗျာ ကျွန်တော်တို့ထက် ပိုတတ်စေချင်တယ်။ ပိုတော်စေ့ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က စစ်အာဏာရှင်ရဲ့လက်အောက်မှာ စစ်အာဏာရှင်ကိုကျွန်ခံပြီး အလုပ်မလုပ်နိုင်ဘူး။

ကျွန်တော်တို့တုန်းကလည်း စစ်အာဏာရှင်ရဲ့ ပညာရေးစနစ် ဆိုးကြီးအောက်မှာကြီးပြင်းလာရတော့ အခုက လေးတွေကို ကျွန်တော် တို့တုန်းကလို မဖြစ်စေချင်တော့ဘူး။ အမေစုအစိုးရပြန်တက်တဲ့နေ့ဟာ ကျွန်တော်တို့ အလုပ်ပြန်ဝင်တဲ့နေ့ဘဲပေါ့ဗျာ” လို့ အာဏာဖီဆန် (CDM) လှုပ်ရှားမှုမှာပါဝင်လို့ ရာထူးမှထုတ်ပယ်ခံရတဲ့ ကျောင်းဆရာတစ်ဦးကပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ပညာရေးဝန်ထမ်း ၄၀၀၀ ဝန်းကျင် ရှိပြီး အကြမ်းဖက်စစ်ကောင်စီ ကြောင့် ရာထူးမှထုတ်ပယ်ခြင်းခံရသူပေါင်း ၃၉၅ ယောက်ရှိပြီဖြစ်ကြောင်း သိရပါသည်။

Likes:
0 0
Views:
518
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *