ကျည်တစ်တောင့်နဲ့ ရန်သူကို ထိချက်မှန်စေရန် အစွမ်းကုန် လေ့ကျင့်နေကြတဲ့ မိုးဗြဲက PDF

Generation XYZ လူငယ်များကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့ သူက လမ်းမပေါ်ထွက်ကာ ရဲရဲဝင့်ဝင့် ပြသလို လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ သူတွေကလည်း တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အတွက် စစ်သင်တန်း တက်ရောက်ကာ ရှေ့တန်းကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ် ။

လူငယ်အားလုံးကတော့ ရည်မှန်းချက်ကိုယ်စီ အတတ်ပညာကိုယ်စီ ရှိကြပေမယ့် ဒီလိုအခြေအနေတွေမှာတော့ သူတို့ရဲ့ အိမ်မက်တွေကို စွန့်လွှတ်ကာ တော်လှန်ရေးကြီးအတွက် ပါဝင်နေကြတာဖြစ်ပါတယ်။

တောထဲမှာ စစ်သင်တန်း တတ်ရောက်နေတဲ့ လူငယ်တွေ ဆိုရင်လည်း အရင်က မိဘအိမ်မှာ လိုလေသေး မရှိအောင် နေရပေမယ့် ခုဆို တောတောင်ထဲမှာ အဆင်ပြေသလိုနေနေကြရတာပါ ။

ဒီရက်ပိုင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတာကြောင့် PDF လေးတွေကလည်း အစွမ်းကုန် ခုခံကာကွယ်ပေးနေကြပါတယ် ။ တစ်ဖက်ရန်သူရဲ့ တိုက်ခိုက်မှုကို အနိုင်ပြန်လည် တိုက်ခိုက်နိုင်ဖို့အတွက်လည်း အစွမ်းကုန်လေ့ကျင့်နေကြသလို တိုင်းရင်းသား ရဲဘော်တွေကလည်း သေသေချာချာ သင်ကြားပေးနေကြတာကို ဗီဒီယိုလေးထဲမှာ တွေ့မြင်ရမှာ ။

ပရိသတ်ကြီးအတွက် မိုးဗြဲက PDF လေးတစ်ဦးကို သေနတ်ပစ်နည်း သင်ကြားပေးနေတဲ့ ဗီဒီယိုလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Likes:
0 0
Views:
2842
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *