ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးတစ်ခုကြောင့် ကိုရီးယားနိူင်ငံက စိတ်မကောင်းစွာသတင်းဖော်ပြခဲ့၊

ရက်ပေါင်း ၁၂၀ ကျော်ကြာ နေအိမ်အကျယ်ချုပ်နဲ့နေထိုင်ခဲ့ရပြီဖြစ်တဲ့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာအခက်အခဲတချို့ကို ဖွင့်ဟရင်း အာဏာရှင်နဲ့ ပတ်သက်တဲ့ သူမရဲ့ ပြတ်သားတဲ့သဘောထား ရပ်တည်ချက်ကို ပြသခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ဖေဖော်ဝါရီ ၁ ရက်က စလို့သူမရဲ့နေအိမ်ကနေ ရွှေ့ပြောင်းခံရပြီး နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ သူမအနေနဲ့ ရက်ကြာလာတာနဲ့အမျှ ငွေလက်ကျန် နည်းပါးလာတဲ့အနေအထားနဲ့ ပတ်သက်လို့ ဇွန်လ ၇ ရက်နေ့ ရုံးထုတ်မှာ ရှေ့နေတွေထံ အကူအညီ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သူမနဲ့အတူ နေအိမ် အကျယ်ချုပ်မှာနေထိုင်တဲ့ လူ ၈ ဦးအတွက် ရိက္ခာ အရေးပေါ်ငွေကြေးနဲ့လိုအပ်တဲ့ ဆေးဝါးတွေကိုကူညီပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပေမယ့်အာဏာသိမ်းစစ်တပ်ရဲ့ ကူညီထောက်ပံ့မှုကိုတော့လက်မခံကြောင်း ပြောဆိုခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ ယခုလို နေအိမ်အကျယ်ချုပ် ဘဝနဲ့ နေထိုင်ပြီးအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။

ယခင် စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်ခန့်ထိန်းသိမ်းခံထားရစဉ်မှာလည်း အာဏာရှင်တွေရဲ့ ထောက်ပံ့ပေးအပ်တာ တွေကို ရယူခဲ့တာ မရှိဘဲ ကိုယ်တိုင် ခက်ခက်ခဲခဲ ရပ်တည်ခဲ့တာ ဖြစ်တယ်လို့ သူမနဲ့ အနီးကပ်ရှိခဲ့သူချို့ကထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ရန်ကုန်မှာနေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရစဉ်အတွင်း ပါတီဝင်တွေနဲ့ နီးစပ်သူတွေက ပေးပို့တာတွေ၊ သူမရဲ့စာမူခ ရတဲ့ငွေကြေးအချို့နဲ့ ရပ်တည်ခဲ့တာဖြစ်သလို နေအိမ်မှာရှိတဲ့ ပရိဘောဂအချို့ကိုရောင်းချပြီးဖြေရှင်းခဲ့ရတာတွေ ရှိတယ်လို့လည်း ဆိုကြပါတယ်။

“သူ့ရဲ့ ရပ်တည်ချက်က စစ်တပ်နဲ့ ပတ်သက်ရင် ပြတ်ပြတ်သားသားရှိနေဆဲပဲလို့လည်းပေါ်လွင်ပါတယ်။ယိမ်းယိုင်သွားခြင်း မရှိဘူး၊ယခင်က ရပ်တည်ချက် အတိုင်းပဲ ရှိနေဆဲပဲ” လို့လည်း သူမနဲ့ ပတ်သက်ပြီးဥပဒေရေးရာကျွမ်းကျင်သူ ဦးခင်မောင်မြင့်က မှတ်ချက်ပြုပါတယ်။

တောင်ကိုရီးယားသတင်းဌာနမှာအမေစုက “ငွေကြေးလည်း ပြတ်နေပြီ၊ဆေးဝါးတွေလည်းလိုအပ်နေတယ်”ဆိုပြီး သူမရဲ့ရှေ့နေကို အကူအညီတောင်းခဲ့တဲ့စကားလေးကို ဖော်ပြရေးသားခဲ့တာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိစ္စကိုနိုင်ငံတကာကစောင့်ကြည့်နေကြတာဖြစ်ပြီး တောင်ကိုရီးယားကတော့တတ်နိုင်တဲ့နေရာကန ပါဝင်ပေးနေတာဖြစ်ပါတယ်။

Likes:
0 0
Views:
926
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *