မြင်းစီးပြီး မြို့အနှံ့ အစားအသောက်တွေလိုက်လံ ပို့ဆောင်ပေးနေခဲ့တဲ့ Delivery အမျိုးသား

Delivery ဝန်ထမ်းတွေ အတော်များများက ဆိုင်ကယ် ၊ စက်ဘီးတွေစီးပြီး delivery ပို့ဆောင်နေကြတာကို အမြဲကြုံဖူး ၊တွေ့ဖူးနေပေမဲ့ မြင်းစီးပြီးအစားအသောက်လိုက်ပို့တဲ့ delivery ကိုတော့ အခုမှမြင်ဖူးတာပါ ။

အကြောင်းကတော့ Nung အမည်ရှိတဲ့အမျိုးသားဟာ သူမြင်းစီးပြီး အစားအသောက်ပို့ဆောင်နေတဲ့ video ကို ကိုယ်တိုင် social media ပေါ်မှာ ဝေမျှခဲ့ပါတယ် ။ မကြာခင်မှာပဲ အဆိုပါ video ဟာ အတော်ပျံ့နှံ့သွားခဲ့ပြီးနောက် Nung ကိုယ်တိုင်က ပြန်လည်ဖြေရှင်းခဲ့ရပါတယ် ။

Nung ဟာ အရင်အချိန်က Ice Tara Pattaya ရဲ့ရှိုးပွဲတွေမှာ ကောင်းဘွိုင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်နေသူပါ ။

သို့ပေမဲ့လည်း ကိုဗစ်ရောဂါအခြေအနေတွေကြောင့် အလုပ်တွေရပ်နားထားရလို့ ယခုလို အစားအသောက်ပို့ဆောင်ပေးတဲ့အလုပ်မျိုး ဝင်ရောက်လုပ်ကိုင်နေသူပါ ။

အမှန်တကယ်မှာတော့ မြင်းစီးပြီး အစားအသောက်လိုက်လံပို့ဆောင်တာမျိုးမဟုတ်ဘဲ ၊ ဖျော်ဖြေမှုသဘောအနေနဲ့ မြင်းစီးပြီးအစားအသောက်လိုက်ပို့တဲ့ပုံစံမျိုး video ရိုက်ကူးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source : thesmartlocal

Likes:
0 0
Views:
835
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *