လူသားဆန်လွန်းတဲ့ သူတို့နိုင်ငံက ရဲများ

ဒီဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့နှစ်ကအီတလီနိုင်ငံ ဖလော့ရင့်မြို့မှာ ဖြစ်ခဲ့တာပါ။ အသက် ၈၇ နှစ် ရှိပြီဖြစ်တဲ့ အဖွားအိုတယောက်ဟာ အရေးပေါ်ဖုန်းနံပါတ် ၁၁၃ ကိုနှိပ်ပြီး ရဲစခန်းကိုအရေးတကြီး ဖုန်းခေါ်ခဲ့ပါတယ်။ အရေးတကြီး အမှုကိစ္စတိုင်ကြားစရာရှိတယ်ထင်ပြီး ရဲအရာရှိက နားထောင်တဲ့အခါမှာတော့ ဗိုက်ဆာလို့ ဆက်တာ ဖြစ်နေပါတယ်။

အဖွားအိုက သူ လက်နာနေတာကြောင့် အစားအစာမချက်ပြုတ်နိုင်ကြောင်း နဲ့ ဗိုက်ဆာနေတဲ့အပြင် တယောက်တည်းဖြစ်နေတာကြောင့် အထီးကျန်နေတယ်လို့ အားကိုးတကြီးတိုင်ကြားခဲ့တာပါ။ အရာရှိဟာသူ့ကို လာနောက်နေတာလား ၊ ဝတ္တရားနှောင့်ယှက်မှုနဲ့ ဖမ်းလိုက်ရမလားလို့ ပြန်မအော်ခဲ့ပဲ အဖွားအိုရဲ့စကားကိုသေသေချာချာနားထောင်ပေးခဲ့ပါတယ်။

အဲဒီနောက်တော့ အဘွားအိုအိမ်လိပ်စာ တဝိုက်မှာ တာဝန်ကျတဲ့ ရဲသားနှစ်ယောက်ကို အဖွားအိုထံစေလွှတ်ခဲ့ပါတယ်။ ရဲသားနှစ်ယောက်ဟာ အဘွားအိုအတွက် အစားအစာတွေကို ချက်ပြုတ်ပေးကြပြီး တရင်းတနှီးစကားပြောကာစောင့်ရှောက်ပေးခဲ့ကြပါတယ်။ ဒီဖြစ်ရပ်အတွက် ဒီ အီတလီရဲတွေဟာ လူသားဆန်လွန်းလှသူတွေရယ်လို့ ချီးကျူးခံခဲ့ကြရပါတယ်။

အီတလီရဲတွေဟာ အရင်တခါတုန်းကလည်း အလားတူဖြစ်ရပ်နဲ့ သူတို့ရဲ့ ပြည်သူတွေအပေါ် ကြင်နာမှုကို ပြခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ သူတို့ကို အရေးဖော်ဖုန်းအဖြစ် ဆက်လာတာက အသက် ၉၀ ဝန်းကျင်အရွယ် အဘိုး အဖွား စုံတွဲတတွဲ ဖြစ်ပါတယ်။

ရောမမြို့ရဲစခန်း တခုက တာဝန်ကျရဲဟာ အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်လာတဲ့အတွက် နားထောင်ကြည့်ရာမှာတော့ ငိုယိုနေတဲ့ အဖိုးအဖွားတို့ရဲ့ အသံကို ကြားခဲ့ရပါတယ်။

In this recent photo made available by the Italian Police, two police officers serve pasta, after cooking it, to two elderly, after they were called in a Rome neighborhood to check on a couple loudly quarreling on a recent, hot summer night. Police say that four officers who came to the couple’s apartment used butter, cheese, spaghetti and “all their humanity” to cook them dinner and ease their loneliness. (Italian Police Photo via AP)

သူတို့ငိုယိုရင်းပြောကြတာကတော့ သူတို့ဆီကို အချိန်အကြာကြီး ဘယ်သူမှ လာမလည်ဘူး ၊ နွေရာသီအားလပ်ရက်ဖြစ်တဲ့အတွက် အိမ်နီးချင်းတွေကလည်း ခရီးသွားနေတာကြောင့် အရမ်းအထီးကျန်နေကြပါတယ် ဆိုပြီး ဖြစ်ပါတယ်။ဒါနဲ့ပဲ ရဲအရာရှိတွေဟာ အထီးကျန်နေတဲ့ အဘိုးအဖွားရဲ့ အိမ်ကို ဧည့်သည်အဖြစ် သွားပေးခဲ့ကြပါတယ်။

သွားရင်းနဲ့ အဖိုးအဖွားတို့အတွက် စပါကတ်တီ ခေါက်ဆွဲ နဲ့ အခြားအီတလီအစားအစာတွေကို ချက်ပြုတ်ကျွေးရင်း သူတို့ရဲ့ဘဝအကြောင်းကို နားထောင်ပေးခဲ့ပြီး ပျော်ရွှင်နှစ်သိမ့်စေခဲ့ကြပါတယ်။ ” သူတို့ကိုယ်သူတို့ အထီးကျန်နေတယ်လို့ ထင်တာကို ပျောက်သွားစေချင်တယ် ၊ သူတို့ကိုပျော်ရွှင်စေချင်တယ် ဒီလိုဆုံးဖြတ်ပြီး ကျွန်တော်တို့ သွားခဲ့ကြတာလို့ ရဲအရာရှိတွေက ဆိုပါတယ်။

Credit : thutazone

Likes:
0 0
Views:
780
Article Categories:
KNOWLEDGESocial Media

Leave a Reply

Your email address will not be published. Required fields are marked *