သန်မာတယ်လို့ ထင်ထားတဲ့သူတွေက ပိုပြီး အားငယ်တတ်ကြတယ် …

လူတွေအရှေ့မှာ အမြဲပြုံးနေတယ်ဆိုရုံနဲ့ သူက အမြဲပျော်နေတယ်လို့ပဲ ထင်သွားတတ်ကြတာလေ သူက မပျော်လဲ ပြုံးတတ်တယ်ဆိုတာ ဘယ်သူကမှ သတိမထားမိခဲ့ကြဘူး … နာကျင်နေရင်တောင် သူက တိတ်တိတ်လေးပဲ ငိုတယ် ကြေကွဲရင်တောင် အခန်းကျဉ်းလေးထဲမှာ ကြေကွဲတယ် ဒါကြောင့်ပဲ သူ့မှာ ဘာသောကမှ မရှိဘူးလို့ထင်သွားတတ်တာပါ ။

တကယ်တော့ ပြောပြချင်တဲ့ ဒုက္ခတွေမှ ရင်ထဲမှာ အများကြီးပဲ ။ ကိုယ်ပြောလိုက်ရင် ကိုယ့်ကြောင့်တစ်ဖက်လူ ပူသွားမှာစိုးလို့သာ မြိုသိပ်ထားပစ်လိုက်တာပါ . တစ်ပါးသူကိုဆို သိပ်အားပေးတတ်တာ ဒါပေမယ့် သူကိုယ့်သူကျ အားမပေးတတ်ခဲ့ဘူး ဖေးမပေးပါဆိုပြီးလဲ ဘယ်သူ့ကိုမှ မတောင်းဆိုခဲ့သလို ဘာဖြစ်နေပါတယ်ဆိုပြီးလဲ ရင်ဖွင့်မပြတတ်ခဲ့ဘူးလေ ။

သူက သန်မာတယ်လေ ဖေးမစရာမလိုဘူးဆိုတဲ့ အတွေးတွေပဲ တချို့မှာ ရှိတယ် ပြောသမျှ နားထောင်တတ်တဲ့ နားတစ်စုံမှာလဲ သူပြောရင် နားထောင်ပေးမယ့် နားတစ်စုံကိုတော့ မျှော်လင့်တတ်ကြတာပါပဲ ဒါပေမယ့် ဘယ်သူမှ သတိမထားမိခဲ့ပါဘူး …

သူတို့ဒဏ်ရာတွေ အနာကျက်သွားတဲ့အခါ ထုံးစံအတိုင်း အရာအားလုံးတိတ်ဆိတ်လို့ နေသားကျနေပါပြီ ဆိုပေမယ့်လဲ တစ်ခါတစ် လေကျတော့ ကိုယ့်ကို နားလည်ပေးမယ့် နားလည်နိုင်မယ့် ရင်ခွင်တစ်ခုကို လိုချင်မိပြန်တယ်သူများထက် ပိုပြီးအားငယ်တတ်

လို့ကိုယ့််ဟန်ကိုယ့်ဖို့ရင်း တခြားသူထက် ပိုပြီး သန်မာအောင် နေဖြစ်ခဲ့တာပါ တကယ်တမ်းကျတော့ ဘယ်သူမှ မသိတဲ့အရပ်မှာဆို ဘယ်သူမှ မရှိတဲ့အရပ်မှာဆို လေလေးတိုးတာကအစ မိုးရွာတာအဆုံး ငိုချင်နေတတ်တာလေ ။

Likes:
0 0
Views:
733
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *