ပန်းချီလက်ရာက သပ်ရပ်လွန်းလို့မိဘတွေဆီက အဆူအဆဲမခံရတဲ့အပြင် ချီးမွမ်းစကားကိုသာရခဲ့တဲ့ ကလေးငယ်

ကလေးတွေအတော်များများက လက်ထဲမှာ ဘောပင် ဒါမှမဟုတ် ခဲတံတွေကိုင်ထားခဲ့ရင် လက်ကအငြိမ်မနေတဲ့ တွေ့တဲ့နေရာတွေမှာရေးခြစ်ပစ်ချင်နေကြတာပါ ။

ဒီတစ်ခေါက်မှာလည်း ပန်းချီဝါသနာပါပြီး လက်ရာသပ်ရပ်လွန်းတဲ့ကလေးငယ်က သူ့ရဲ့မိဘကားပေါ်ကို ရုပ်ပုံတွေရေးဆွဲနေခဲ့ပါတယ် ။

ဒါပေမဲ့ ကလေးရဲ့ပန်းချီလက်ရာက သပ်ရပ်လွန်းနေတော့ ကားပေါ်မှာ စတစ်ကာတွေကပ်ထားသလို ကြည့်လို့ကောင်းနေခဲ့ပါတယ် ။

ကားပေါ်ရေးခြစ်ခဲ့တဲ့ကလေးကို မဆူမဆဲခဲ့တဲ့အပြင် မိဘဖြစ်သူတွေက သားလေးကို အားပေးချီးမွမ်းကြကာ သူ့ရဲ့ပန်းချီပုံတွေကို social media ပေါ်မှာတောင် ဝေမျှပေးခဲ့ပါသေးတယ် ။

ပါရမီအခံပါပြီးသား သားသမီးအပေါ် ယုံကြည်မှုအပြည့်နဲ့ support ပေးနေကြတဲ့ မိဘတွေလို့ ပြောရမှာပါပဲ ။

Mia (Mckzone Daily)

Likes:
0 0
Views:
770
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *