ရုပ်ရှင်အစည်းအရုံယာယီဥက္ကဌ မှ နှုတ်ထွက်ခွင့်ပြုရန် တရားဝင်စာ တင်သွင်းလိုက်တဲ့ ခန့်စည်သူ

ခန့်စည်သူကတော့ ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူးဒီလိုကာလမှာလည်း အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ အတွက်အစားအသောက်တွေလည်း တတ်နိုင်သလောက် ကူညီခဲ့တာတွေ့ရပါတယ်

မကြာခင်ရက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေပြီး ခန့်စည်သူကို ယာယီဥက္ကဌတာဝန်ကိုထမ်းဆောင်ရန် လွှဲပြောင်းပေးအပ်ခဲ့တာ အားလုံး သိရှိပြီးဖြစ်မှာပါ

ဒီလို ခန့်စည်သူကို ဥက္ကဌတာဝန် လွှဲအပ်ပေးခဲ့တဲ့ အချိန်ကစပြီး ရုပ်ရှင် အသိုင်းအဝိုင်းထဲကအနုပညာရှင်များစွာက ရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်ကုန်ကြပါတယ်

ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီးလူမှုကွန်ယက် စာမျက်နှာထက်မှာ ပရိသတ်တွေရဲ့ဝေဖန် မှုတွေကိုလည်း မျိုးစုံတွေ့မြင်ရပါတယ်

ယနေ့ ဇွန်လ (၇) ရက်နေ့မှာတော့

ခန့်စည်သူကမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ခန့်အပ်ခဲ့တဲ့ယာယီဥက္ကဌတာဝန်ကိုမထမ်းဆောင်လိုတာကြောင့်တာဝန်မှ နှုတ်ထွက်ခွင့်ပြုရန်တရားဝင်စာတင်သွင်းခဲ့ကြောင်းဖော်ပြထားပါတယ်

Likes:
0 0
Views:
602
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *