သတိရရင် ဖုန်းဆက်လာမှာပေါ့

သတိရရင် ဖုန်းဆက်လာမှာပေါ့ဆိုတဲ့ အတွေးနဲ့ စောင့်ခဲ့ရပေါင်းလဲ များပါပြီ ။ ညနက်ခဲ့ပေါင်းလဲ များပါပြီ ။ အိပ်ပျော်ခဲ့ပေါင်းလဲ များပါပြီ ။

အဲ့ဒီများခြင်းတွေနောက်မှာ ဖုန်းလေးတစ်ချက်မှ ဆက်မလာ ခေါ်မလာခဲ့ဘူး ။စိတ်ဆိုး စိတ်ကောက်ဖို့ထက် အဆင်ပြေရဲ့လား ဆိုတဲ့ စိတ်ပူမှုတွေနဲ့ နောက်ဆုံး ဖုန်းစဆက်ရတဲ့သူဟာ ကိုယ်ပဲ ဖြစ်နေခဲ့ပါတယ်သူ မအားလို့နေမှာပါဆိုတဲ့ ဖြည့်ပြီးတွေးရတာလဲ အခါခါပါ ။ ကိုယ့်ဘက်ကပဲ အစွဲအလမ်းကြီးနေလို့ ဖြစ်မှာပါ စိတ်ထင်နေလို့နေမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာရတာလဲ အခါခါပါ ။တကယ်တော့ လူတစ်ယောက်ရဲ့ အားခြင်း မအားခြင်းဆိုတာ အမြဲတမ်း အလုပ်များခြင်း မများခြင်းနဲ့ မသက်ဆိုင်ပါဘူး ။

ကိုယ့်ဟာ သူ့အတွက် အရေးပါခြင်းမပါခြင်းနဲ့ အများကြီးသက်ဆိုင်ပါတယ် ။ အလုပ်တွေများနေတာပါဆိုတဲ့ အကြောင်းပြချက်တွေနောက်မှာ မအားလို့ပါဆိုတဲ့ message လေးတစ်စောင်ရိုက်ဖို့ အချိန်ဘယ်လောက်ကြာတတ်လဲ ။မအားလို့ပါဆိုတဲ့ ဖုန်းလေးတစ်ကောဆက်ဖို့ အချိန်ဘယ်လောက်များယူရလို့လဲ ။

ကျွန်မ ထစ်ကနဲရှိ စိတ်ကောက် စိတ်ဆိုးတတ်တဲ့ မိန်းမ မဟုတ်ဘူး နားလည်ပေးတတ်ပါတယ် မအားလို့နေပါဆိုပြီး ဖြည့်တွေးနေရတာတွေထက်စာရင် သူငါ့ကို သတိတရနဲ့ ပြောဖော်လေးရပါလားဆိုတဲ့စိတ်လေးနဲ့ ကြည်နူးချင်မိတာပါ ။အပိုတွေပါလို့ မထင်ပါနဲ့ ကျွန်မ သိပ်ကို ချစ်တတ်ခဲ့တာ စိတ်နှစ်ကိုယ်နှစ်ပြီးကို ချစ်တတ်ခဲ့တာ ။

ငါ့ကို မချစ်လို့များလားဆိုတဲ့အတွေးတွေနဲ့ တစ်ယောက်တည်း ဗျာများခဲ့ရတဲ့ ညတွေ ဘယ်သူမှ မသိမမြင်ပါဘူး ။ ငါ့ကို အလေးမထားပါလားဆိုတဲ့ အသိနဲ့ ငိုခဲ့ရတဲ့ ရက်တွေ ဘယ်သူမှ မသိပါဘူး ။ကျွန်မ . . . . သိပ်ချစ်မိတဲ့အခါ အနည်းနဲ့အများတော့ ပြန်ပြီး အလေးထားစေချင်တယ်လေ ။ အများကြီးမဟုတ်တောင် နည်းနည်းလေးပဲဖြစ်ဖြစ်ပေါ့ ။

သူအားတဲ့အခါ ဖုန်းဆက်လာမှာပါဆိုတဲ့အတွေးတွေနဲ့ ညနက်ခဲ့တဲ့ရက်တွေ ထပ်ပြီး မလိုချင်လာတော့ဘူး ။ သတိရတဲ့အခါ ဖုန်းဆက်လာမှာဆိုပြီး အိပ်ပျော်သွားခဲ့ရတဲ့ရက်တွေ တဖြေးဖြေး မုန်းတတ်လာပါပြီ ။သူမအားလို့နေမှာဆိုပြီး ခဏခဏဖြည့်တွေးနေရ တာတွေ နောက်ထပ် ဆက်ပြီးမတွေးချင်ဘူး ။

ကျွန်မကပဲ ဂရုစိုက်မှုတွေတန်ဖိုးထားမှုတွေနဲ့ မထိုက်တန်ခဲ့တာပဲလား ။ တစ်ချက်လောက်ပဲဖြစ်ဖြစ် တကယ်ချစ်ရင် ချစ်ပါတယ်ဆိုတဲ့ စကားလုံးတွေနဲ့တင် မလုံလောက်သေးဘူး အနောက်မှာ ဂရုစိုက်တတ်ဖို့နဲ့ အလေးထားတတ်ဖို့လဲ လိုသေးတယ်လေ ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်\

Likes:
0 0
Views:
590
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *