သမိုင်းတလျှောက် ကောင်းကင်ပေါ်ပျံတက် ဖို့ကြိုးစားခဲ့တဲ့ လူသားများ

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာကတည်းက လူသားတွေဟာ သဘာဝကိုဖီဆန်ပြီး ကောင်းကင်ပေါ်ပျံတက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပိုင်နိုင်မှုမရှိပဲ ဖြစ်ချင်တဲ့ဆန္ဒကိုအလေးပေးထားတဲ့ သူတို့ရဲ့ကိုယ်တိုင် တီထွင်မှုတွေဟာ မိုက်ရူးရဲ ဆန်သလို မျိုးတောင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်သူတို့ရဲ့ တီထွင်ကြံဆမှုတွေဟာ အောင်မြင်ခဲ့ခြင်းမရှိပဲ သူတို့လုပ်ရပ်တွေဟာ မှတ်တမ်းတင် ခဲ့ရတာကလွဲပြီး ထူးထူးခြားခြား ဖြစ်မလာခဲ့ပါဘူး။

ယင်းကာလက ကောင်းကင်ကိုပျံသန်းဖို့ကြိုးစားခဲ့သူတွေဟာ နည်းပညာပိုင်းဆိုင်ရာ ဟာကွက် များစွာရှိပြီး အထူးသဖြင့် အလေးချိန်၊ စက်စွမ်းအား၊ လေခွင်းအား စတဲ့အဓိကလိုအပ်ချက်တွေဟာ တစ်ခုနဲ့တစ်ခု Balance မညီမျှတာ ကြောင့် ကောင်းကင်ပေါ်မှာ အကြာ ကြီးနေဖို့ မစွမ်းသာခဲ့ပါဘူး။ ဒီလိုစွန့်စားပျံသန်းရင်း စွန့်စားသူအချို့ဟာသေဆုံးမှုအချို့တောင်ရှိခဲ့ရပါတယ်။

နောက်ပိုင်းခေတ်တွေမှာတော့ နည်းပညာရပ်ဆိုင်ရာဖွံဖြိုးလာခြင်းနဲ့အတူ ကောင်းကင်ပေါ်ကိုလူသားတွေဟာပျံတက်နိုင်ဖို့ ဆိုတာ တဖြည်းဖြည်းနီးကပ်လျှက်ရှိပါပြီ။ ဒီနေရာမှာ မျှဝေပေးချင်တာ ကတော့ ကောင်းကင်ပေါ်ကိုပျံတက်ဖို့ ကိုယ်နည်းကိုယ်ဟန်နဲ့ ကြိုးစားခဲ့ကြတဲ့ တီထွင်သူ (၁၀)ဦးရဲ့အကြောင်းပါ။

(၁၀) George Cayley 

၁၈၀၀ အစောပိုင်းကာလ လူတွေဟာ သဘာဝကိုလွန်ဆန်ပြီးကောင်းကင်ပေါ်ပျံတက်ဖို့ ကြိုးစားခဲ့ကြသူတွေထဲမှာ အင်္ဂလန်နိုင်ငံသား အင်ဂျင်နီယာ George Cayley ကတော့ ပထမဆုံးသောပုဂ္ဂိိုလ်အဖြစ် သတ်မှတ်ခြင်း ကိုခံခဲ့ရပါတယ်။ သူရဲ့တီထွင်တဲ့ယာဉ်ဟာ လိုအပ်ချက်ရှိခဲ့တာကြောင့် သူမျှော်မှန်းထား သလိုတော့ မဖြစ်ခဲ့ပါဘူး။ Cayley ဟာ ကွဲပြားတဲ့ယာဉ်ပုံစံတွေအကြောင်းကိုလေ့လာပြီး တဲ့နောက်မှာတော့ အတောင်ပံနှစ်ဖက်ပါတဲ့ ယာဉ်ကိုရွေးချယ်ခဲ့ပါတယ်။ဒီယာဉ်ဟာ ရှေကိုတွန်းပို့တဲ့စနစ်(Propulsion)နဲ့ ယာဉ်ကို ထိန်းချုပ်မှုစနစ် တော့မပါဝင်ခဲ့ပါဘူး။

Cayleyဟာ ခုံးတဲ့အတောင်ပံနဲ့ယာဉ်ကိုထိန်းချုပ်တဲ့ စနစ်ပါတဲ့ ပုံသဏ္ဍာန်အမျိုးမျိုးရှိတဲ့ ဂလိုက်ဒါ(ခေါ်) စက်မဲ့လေယာဉ်တွေကို(၁၉) ရာစုကာလအတွင်းအများအပြားဒီဇိုင်းဆွဲထုတ်လုပ်ခဲ့ပါ တယ်။ Cayley ရဲ့ယာဉ်ဟာ အင်ဂျင်မပါဝင်တာကြောင့် မအောင်မြင်တဲ့ ဖန်တီးမှု တစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ယာဉ်ဟာ ကိုက် ၁၀၀ အကွာအဝေးလောက်ပဲ ပျံသန်းနိုင်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ Sir Richard Barnson က Cayleyရဲ့ယာဉ်နဲ့ ပုံစံတူပြုလုပ်ပြီး ပျံသန်းခြင်းတွေကို ပြုလုပ်ခဲ့ပါသေးတယ်။ ဒါအပြင် George Cayley တည်ဆောက်ထားတဲ့ ယာဉ်ရဲ့ပုံစံတူကို အင်္ဂလန်နိုင်ငံ Yorkshire Air Museum မှာလေ့လာနိုင်ရန်အတွက် ပြသထား ပါတယ်။

(၉) Helene Alberti

၁၉၃၁ခုနှစ် ရှေးခေတ်ပြဇာက်အဆိုတော်နဲ့ Barlesque အကပညာရှင် Madame Helene Alberti ကတော့ ယာဉ်မဟုတ်ဘဲ ပထမဆုံး အတောင်ပံတပ်ပြီးပျံသန်းဖို့ကြိုးစားခဲ့ပါတယ်။ သူမဟာ greek cosmic law of motion လို့ခေါ်တဲ့ စကြာဝဠာရွေ့လျားမှုသဘောအရ သူမဟာအမှန်တကယ် ပျံသန်းနိုင်မယ်လို့ယုံကြည်ခဲ့ပြီး ပျံသန်းမှုဆိုင်ရာကျောင်းတစ် ကျောင်းဖွင့်ဖို့တောင်ရည်ရွယ်ထားတာပါ။

သူမယုံကြည်ထားတဲ့ Cosmic Motion ဟာ Dr. Arthur A Noyesရဲ့အတွေးအမြင်သက်သက်သဘောတရားကို အခြေခံထားပြီး လက်တွေ့ မပါပါဘူး။ Albertiရဲ့အဆိုအရတော့ လူတွေရဲ့ဦးနှောက်ဟာမမြင်နိုင်တဲ့ စွမ်းအားတွေနဲ့ပြည့်နှက်နေပြီး အလိုရှိရာဆောင်ရွက်ဖို့ အင်ဂျင်တစ် လုံးလို လှုပ်ရှားနေပါတယ် တဲ့။ ဒါကြောင့် မြင့်မားတဲ့တောင်ထိပ်ပေါ်ကနေ အတောင်ပံတွေတပ်ပြီး ခုန်ဆင်းမယ်ဆိုရင် ဦးနှောက်ရဲ့ မမြင်ရတဲ့ စိတ်စွမ်းအားတွေထွက်ပေါ်လာမှာဖြစ်ပြီး Cosmic Motion(စကြာဝဠာရွေလျားမှုစွမ်းအင်) တွေကလည်း ပျံသန်းနိုင်ဖို့ အကူအညီ ပေးမှာပဲလို့ သူမယုံကြည်ခဲ့တာပါ။

၁၉၂၉ ခုနှစ်မှာတော Alberti ဟာ သူမရဲ့ပျံသန်းနိုင်တဲ့ စမ်းသပ်ချက်ကို ဘော်စတွန်မြို့အပြင်ဘက်မှာရှိတဲ့တောင်စောင်းတစ်ခုမှာ ပြုလုပ်ခဲ့ ပါတယ်။ လက်တွေ့မှာတော့ သူမထင်သလိုဖြစ်မလာခဲ့ပဲ လေပင့်အားကြောင့် သူမရဲ့ အတောင်ပံဟာကျိုးပဲ့သွားခဲ့ပြီး စမ်းသပ်ချက်ကိုရပ် နားခဲ့ပါတယ်။ Alberti ကတော့ ဇွဲ မလျော့ပဲ New Hampshire ပြည်နယ်ထဲက Concord မြို့မှာသူမရဲ့တပည့်တစ်ယောက် အကူအညီ နဲ့ထပ်မံစမ်းသပ်ခဲ့ပါတယ် ။

ဒုတိယအကြိမ်မှာလည်း သူမရဲ့အတောင်ပံဝတ်စုံ ဟာပျက်စီးမသွားပေမဲ့ သူမကတော့မြေပြင်ကို ထိုးစိုက်ကျခဲ့တာမို့ ဒဏ်ရာအနာတရ တွေရခဲ့ပါတယ်။ အဲနောက်ပိုင်းတော့သူမဟာကောင်းကင်ပေါ်ပျံဖို့အစီစဉ်ကို လက်လျော့သွားခဲ့ပါတယ်။ သူမရဲ့ယုံကြည်မှုလွန် ကဲတဲ့ ဖြစ်ရပ်ကို ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးဖော် ပြခဲ့တဲ့ အထိတော့ Alberti အောင်မြင်ခဲ့ပါတယ်။

(၈) Clem Sohn

မိုက်ရူးရဲဆန်ဆန် သဘာဝကိုလွန်ဆန်ပြီး ကောင်းကင်ပေါ်ပျံသန်းနိုင်ဖို့ကြိုးစားခဲ့သူတွေ ထဲမှာတော့ အမေရိကန်နိုင်ငံသား Clem Sohn လည်းပါဝင်ပါတယ်။ Clem Sohn ဟာ သူရဲ့ပထမဆုံးသော စမ်းသပ်ချက်ကို ၁၉၃၀ ပြည့်နှစ်ကပြုလုပ်ခဲ့ပြီး ရွက်ထည်၊ဝေလငါး အရိုး၊ ပိုးချည်တွေနဲ့ဖန်တီးထားတဲ့ အတောင်ပံဝတ်စုံကိုဝတ်ဆင်ပြီး လေယာဉ်ပေါ်က နေပေ (၁၀၀၀၀)အမြင့်ကနေ ခုန်ချခဲ့ပါတယ်။

သူဟာဒီလိုခုန်ချရာ လေထီးကိုဝတ်ဆင် ထားခဲ့ကာ သူရဲ့ခြေထောက် နှစ်ဖက်ကြားမှာလည်း အတောင်ပံနှစ်ဘက်ကိုတပ်ဆင်ပြီး (၇၆)စက္ကန့် အတွင်း လေယာဉ်ပေါ်ကနေ ခုန်ဆင်းနိုင်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်၊ဧပြီ လ(၅)ရက်နေ့၊ပြင်သစ်နိုင်ငံ Vincennesမှာပြုလုပ် ခဲ့တဲ့ClemSohn ရဲ့ စွန့်စားခန်းတစ်ခုမှာတော့ မတော်တဖြစ်ရပ်တစ်ခုကြောင့် လေထီးမဖွင့်နိုင်ခဲ့ပဲ မြေပြင်ပေါ်ကို အရှိန်ပြင်းစွာကျရောက်ပြီး သေဆုံးခဲ့ရပါတယ်။

(၇)Francis & Gertrude Rogallo

၁၉၄၈ ခုနှစ် ဒီတီထွင်မှုကတော့ ဇနီးမောင်နှံနှစ်ဦးရဲ့ပေါင်းစပ်တီထွင်မှုဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ Francis Rogallo ဟာ အမေရိကန် အမျိုး သား လေယာဉ်ပျံသန်းခြင်းနဲ့ လေ့လာတည် ဆောက်ရေးဆိုင်ရာဌာနက အကြံပေးကော်မတီဝင်တစ်ယောက်ဖြစ်ပါတယ်။ Francis ဟာ တောင်ပံပါတဲ့ယာဉ်ငယ်တွေကိုထုတ်လုပ်တဲ့ ပရောဂျက်တစ်ခုကို သူအထက် အရာရှိတွေထံ ချပြခဲ့ပေမဲ့ စိတ်ဝင်စားတဲ့သူမရှိပါဘူး။

ဒါကြောင့် Francisဟာ သူ့အကြံ ကိုအိမ်ကိုပြန်ယူဆောင်ခဲ့ပြီး သူရဲ့ဇနီးဖြစ်သူ Gertrudeနဲ့တွဲဖက်ကာ လေယာဉ်ငယ် တစ်ခုကိုဖန် တီးခဲ့ပါတယ်။ ယာဉ်ရဲ့ Wind tunnels အဖြစ် စားပွဲတင်ပန်ကာနဲ့ ကတ်ထူပြား တစ်ခုကိုအသုံးပြုခဲ့ပါတယ်။ ဒါအပြင်Gertrudeက ပန်းပွင့်ပုံလိုက်ကာစတွေကိုချုပ်ခဲ့ပြီး တြိဂံပုံအနေအထားနဲ့ စွန်တစ်ကောင်သဏ္ဍာန်ဖန်တီးခဲ့ပါတယ်။

အစပိုင်းမှာ သူတိုဇနီး မောင်နှံတီထွင်ထားတဲ့ ဒီဇိုင်းကို အလှပြစွန်ထုတ်လုပ်ရောင်းချသူတွေအတွက် ခွင့်ပြုခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဲဒီဒီဇိုင်းကို လက်လုပ်စက်မဲ့လေယာဉ်တွေနဲ့ Paragliding(လေထီးနဲ့တူသောအရာကို ကိုယ်တွင်ချည်နှောင်ပြီး ဂလိုက်ဒါစီးရတဲ့အားက စားနည်း တစ်မျိုး) မှာသုံးစွဲလာကြပါတယ်။ Francis & Gertrude Rogallo ဇနီးမောင်နှံ ဒီဇိုင်းဆွဲထားတဲ့ယာဉ်ကို NASA အဖွဲ့ကတောင် စိတ်ဝင်စားခဲ့ကြပါတယ်။

ဒီယာဉ်ကိုအာကာသယာဉ်မှူးတွေ အာကာသစခန်းတွေကတစ်ဆင့် ကမ္ဘာမြေပြင်ကိုပြန်လည် ဆင်းသက်တဲ့အခါမှာအသုံးပြုဖို့ပါ။ အဲဒီအတွက် NASA အဖွဲ့ ဟာ သူတို့ဇနီးမောင်နှံကို အမေရိကန်ဒေါ်လာ ၃၅၀၀၀ ပေးချေခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ NASAက ဒီစွန်ပုံသဏ္ဍာန်ယာဉ်တွေအစား အပူဒဏ်ကိုခံနိုင်တဲ့ လေထီးတွေ နဲ့ အစားထိုးခဲ့ပြီး အာကသယာဉ်မှူးတွေကို ပြန်လည်ဆင်းသက် စေခဲ့ပါတယ်။

(၆) The Rocket Belt

၁၉၆၁ အမေရိကန်စစ်တပ်ရဲ့ ရန်ပုံငွေကနေကျခံတဲ့ ဒီတီထွင်မှုမှာ Harold Grahamက ဒီဒုံးကျည်ယာဉ်ပျံကို ပထမဆုံးစီးနင်းခဲ့ပြီး Wendell Moore က ၁၉၆၁ ခုနှစ်မှာ တီထွင် ပေးခဲ့ပါတယ်။ The Rocket Beltဟာ (၁၃)စက္ကန့်အတွင်း မြေပြင်မှအမြင့်ပေ (၁၀၈) ပေအထိရောက်နိုင် ပြီး Hydrogen peroxide တွန်းအားနဲ့ပစ်လွတ်ပါတယ်။ ဖော်ပြထား တဲ့ ပြင်းထန်တဲ့အရှိန်ကြောင့် လူတစ်ယောက်ကိုအသာလေး သယ်ဆောင်နိုင်ပါတယ်။

The Rocket Belt ဟာတစ်မိနစ်ထက်ပိုပြီးမပျံသန်းနိုင်ပဲ ထိန်းချုပ်ဖို့ခက်ခဲပါတယ်။ The Rocket Beltရဲ့ဒီဇိုင်းကို အမေရိကန်အမျိုးသားလေ ကြောင်းနှင့်အာကာသအုပ်ချုပ်ရေး အဖွဲ့(NASA)ထပ်မံဆန်းသစ်ခဲ့ပြီး လူလိုက်ပါနိုင်တဲ့အာကာသယာဉ်တွေကို ဂြိုလ်ပတ် လမ်းထဲကို အရောက်ပို့ပေးတဲ့ လွန်းပျံယာဉ်တွေအဖြစ် ဖန်တီးခဲ့ပါတယ်။

(၅) Competitive Personal Flyers

၁၉၈၀ ဝန်းကျင်ကာလတွေတုန်းကတော့ လူတွေရဲ့စွမ်းအားနဲ့ပျံသန်းနိုင်တယ်ဆိုတဲ့ ဖြစ်စဉ်တွေဟာ ပျံ့နှံ့နေခဲ့ပြီး ပျံသန်းခြင်းနဲ့ စပ်လျဉ်းပြီး များစွာသော ပြိုင်ပွဲတွေမှာ ပျံသန်းခြင်းကို အားကစားတစ်ခုအဖြစ်ပြောင်းလဲရန်ရည်ရွယ်ချက်နဲ့ ကမ္ဘာအနှံ့ မှာကျင်းပခဲ့ပါတယ်။

ပုံမှန်ထက်ပိုပေါ့တဲ့ ထုတ်ကုန်တွေကို အသုံးပြုဖန်တီး ထားတဲ့အရာတွေကို ယာဉ်ပုံစံ၊ ဝတ်စုံဒီဇိုင်းရေးဆွဲပြီး အပျော်တမ်းအားကစားပြိုင်ပွဲ အနေနဲ့တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ကြပါတယ်။ ပုံမှာပြသထားတာကတော၂၀၀၅ခုနှစ်က နယူးဇီလန်နိုင် ငံ Queenstown မြို့ Queenstown Festival မှာရှိတဲ့ Anthony Rewcastle ပြိုင်ပွဲမှာ လင်းနို့လူသားဝတ်စုံနဲ့ပါဝင်ယှဉ်ပြိုင်နေသူ တစ်ဦးရဲ့ပြိုင်ပွဲဝင်ပုံဖြစ်ပါတယ်။

ဒါအပြင် အင်္ဂလန်နိုင်ငံမှာလည်း Icarus Cup အမည်နဲ့ လေယာဉ်ငယ်တွေရဲ့ပြိုင်ပွဲရှိပါတယ်။ ဒီပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်လေယာဉ်မှူးဟာ တာတို ပြေးခြင်း၊ ကွေ့ကောက်တဲ့ တားအဆီးတွေပါတဲ့ စက်ဘီးပြိုင်ပွဲဝင်ရခြင်း၊ ကမ်းတက်ပြိုင် ပွဲဝင်ရခြင်းစတဲ့ ခက်ခဲတဲ့ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ရပါတယ်။ ပထမဆုရဖို့အလွန်ခက်ခဲတဲ့ ဒီပြိုင်ပွဲမှာ ၁၉၇၇ ခုနှစ်ကတော့ Paul MacCready’s Gossamer Condor ကထူးထူးချွန်ချွန် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ လူခန္ဓာကိုယ်အစိတ်အပိုင်းများစွာကို အသုံးပြုပြီး ပြိုင်ပွဲဝင်ရတဲ့ ဒီပြိုင်ပွဲဟာ တစ်နှစ်ထက် တစ်နှစ်ပြိုင်ဆိုင်မှု ပြင်းထန်လာတာ ကိုမြင်တွေ့ရပါတယ်။

(၄) Gossamer Condor/Albatross

Paul MacCready’s Gossamer Condor/Albatross ဟာ ၁၉၇၇ ခုနှစ်က အင်္ဂလန်နိုင်ငံမှာကျင်းပခဲ့တဲ့ (၁.၂၅)မိုင်လောက်ရှိတဲ့ခက်ခဲတဲ့ အားကစားနည်း/ခရီးကြမ်းတွေကိုကျော်ဖြတ်ပြိုင်ပွဲ ဝင်ရတဲ့ Icarus Cup ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီး ၁၉၅၉ ခုနှစ်က ကျင်းပခဲ့တဲ့ human-powered flight (လူစွမ်းအားနဲ့ပျံသန်းခြင်း)ပြိုင်ပွဲတွေမှာလည်း အနိုင်ရဗိုလ်စွဲ ခဲ့ပါတယ်။

သူဟာဒီလိုအောင်မြင်မှုတွေအပြင် ပထမဆုံးသော လူအားနဲ့ မောင်းနှင်တဲ့ လေယာဉ်နဲ့ အင်္ဂလိပ်ရေလက်ကြားကို ကျော်ဖြတ်ပြတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါအပြင် တစ်နာရီကို (၁၄)မိုင်အထိရွေလျားနေတဲ့ လှိုင်းလုံးတွေကြားမှာ လည်း (၆)လက်မလောက်သာရှိတဲ့ စကိတ်ပြားလေးနဲ့ဖြတ်သန်းပြခဲ့ပါသေးတယ်။

MacCready ဟာ သူဒီဇိုင်းဆွဲထားတဲ့ယာဉ်ကို အမေရိကန်အမျိုးသားလေကြောင်းနှင့်အာကာသအုပ်ချုပ်ရေးအဖွဲ့ (NASA)နဲ့ပူးပေါင်းပြီး လူလိုက်ပါနိုင်ခြင်းမရှိတဲ့ Gossamer Albatross အမျိုးအစား ယာဉ် တွေကိုထုတ်လုပ်ဖို့စမ်းသပ်ခဲ့ပါတယ်။ ဒီယာဉ်တွေဟာ မြေပြင်ကနေ အထက် ပေပေါင်း (၇၀၀၀၀)ကနေ(၈၅၀၀၀) အမြင့်အထိရောက်နိုင်ပါတယ်။

NASA အနေနဲ့ ဒီယာဉ်တွေကို မိုးလေဝသဆိုင်ရာလေ့လာရေးအတွက်ကောင်းကင်ကို လွှတ်တင်တဲ့ မိုးပျံပူပေါင်း တွေနဲ့ လေယာဉ်ပျံတွေ နေရာမှာ အစားထိုးဖို့ဆန္ဒရှိခဲ့ပါတယ်။ ဒါကြောင့် ဒီယာဉ်တွေရဲ့ အမြန်နှုန်းနဲ့ ထိန်းချုပ်နိုင်မှုစွမ်းအားကို မြှင့်တင်ဖို့ ယနေ့တိုင်ကြိုးစား လျက်ရှိနေပါတယ်။

(၃)Yves Rossy

အခြားလူစွမ်းအားနဲ့ပျံသန်းတဲ့ယာဉ်တစ်စီးကို အသုံးပြုပြီး အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းပျံသန်းပြတဲ့သူကတော့ လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆွစ်ဇာလန်လူမျိုး Yves Rossy ုဖစ်ပါတယ်။ သူဟာ ဆွစ်ဇာလန်စစ်တပ်မှာလည်း လေယာဉ်နည်း ပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Yves Rossy ဒီဇိုင်းရေးဆွဲထားတဲ့ယာဉ်ဟာ ဂျက်အင်ဂျင်လေးခုတပ်ဆင်ထားပြီး Turbine တစ်ခုချင်းစီမှာ လည်း စစ်ဘက်ဆိုင်ရာသုံး Drone တွေကဲ့သို့ရွေလျားနိုင် အောင်ဖန်တီးထားပါတယ်။ ဒါအပြင်ယာဉ်ရဲ့ အတောင် တစ်ခုချင်းစီကို Yves Rossy စိတ်ကြိုက်ဖိုင်ဘာအမျှင်တွေပါတဲ့ Shellတွေ၊ Carbonfiber skeleton ဖွဲ့စည်းပုံတွေနဲ့တည်ဆောက်ထားပြီး Electronicဆိုင်ရာ ထိန်းချုပ်မှုတွေ ပါဝင်ပါတယ်။

ဒီယာဉ်ရဲ့လောင်စာ အဖြစ်တော့ ဂျက်လေယာဉ်ဆီ (၃.၅)ဂါလန် ထည့်ဖို့ လိုအပ်ပါတယ်။ Yves Rossy ကတော့ ယာဉ်ရဲ့အတောင်ပံတွေကို သူခန္ဓာကိုယ်လှုပ်ရှား မှုကိုသုံးပြီး ထိန်းချုပ်ပြီး ယာဉ်ရဲ့ဦးတည်ရာအဖြစ် သူဦးခေါင်းကိုအသုံးပြုပါတယ်။ ၂၀၀၇ နောက်ပိုင်းမှာတော့ ဒီယာဉ်တည်ဆောက်တဲ့ကုန်ကျစရိတ်တွေကို ဆွစ်ဇာလန်နိုင်ငံက နာရီကုမ္ပဏီတစ်ခုက စပွန်ဆာပေးခဲ့ပါတယ်။ Yves Rossy ကတော့ အနာဂတ်မှာ ဒီလို ယာဉ်ပျံတွေကို နည်းပညာရပ်ဆိုင်ရာပိုမိုမြှင့်တင်ပြီး အများအပြားထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

(၂) Base Jumping

လူစွန့်စားအချို့ကတော့ baffledfabric နဲ့ပြုလုပ်ထားတဲ့ အတောင်ပံပါတဲ့ဝတ်စုံ(လေဖြည့်တင်းရ)ကို အသုံးပြုကာအလွန် မြင့်မားတဲ့ တောင်တွေ၊ လူလုပ်မျှော်စင်တွေ၊ ချောက်ကမ်းပါးတွေကနေခုန်ချပြီးလေထဲ ရောက်ကာမှလေထီး(သို့)စက်မဲ့လေယာဉ် ငယ်ကိုအသုံးပြုပြီး ကောင်းကင်မှာပျံသန်းကြပါတယ်။ ရုပ်ရှင်ဇာက်လမ်းတွေထဲက လင်းနို့လူသား ကဲ့သို့ လေဟုန်စီးတဲ့အလေ့အထဟာ ထင်ရှားတဲ့အားကစား တစ်ခုအနေနဲ့တောင် ယှဉ်ပြိုင်မှုတွေပြုလုပ်လာကြပါတယ်။

ကံဆိုးစွာနဲ့ပဲ Base Jumper လို့အမည်ပေးထားတဲ့ ဒီလူစွန့်စား များစွာဟာ မတော်တဆမှုကြောင့်နှစ်စဉ် သေဆုံးနေရပါတယ်။ ၁၉၉၈ ခုနှစ်ကတော့ ပထမဆုံးသော လေဟုန်စီး Base Jumper Patrick ဆိုသူဟာလည်း မတော်တဆမှုနဲ့ ပဲသေဆုံးခဲ့ရတာမို့ အန ္တရာယ်အလွန်များတဲ့ ကောင်းကင်ပေါ်ပျံသန်း ဖို့စွန့်စားမှုလို့ပဲ ဆိုရမှာပါ။

(၁)The Puffin

အမေရိကန်ပြည်ထောင်စုအမျိုးသားလေကြောင်းနှင့်အာကာသအုပ်ချုပ်ရေးအဖွဲ့(NASA) အနေနဲ့ ဂြိုလ်တစ်ခုကိုလွှတ်တင်တဲ့အခါမှာ ငွေကြေးနဲ့အချိန်များစွာကို စံချိန်တင် ရင်းနှီးမြှပ်နှံခဲ့ရတဲ့အကြောင်းကို သိရှိပြီးဖြစ်မှာပါ။ ဒီလိုတန်ဖိုးကြီးရင်းနှီးမြုပ်နှံမှုတွေ ကြောင့်ပဲ အမေရိကန်ဟာ ကမ္ဘာစူပါအင်အားကြီးနိုင်ငံအဖြစ် အခြားနိုင်ငံတွေထက် ခေါင်းတစ်လုံးသာနေရခြင်းဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာနာဆာကဒုံးပျံယာဉ်တည်ဆောက်မှုနည်း ပညာရှင် တစ်ဦးဖြစ်တဲ့ Mark Moore က The Puffin လို့အမည်ရတဲ့ယာဉ်ကို ဒီဇိုင်းဆွဲ ဖန်တီးပြီး ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီတီထွင်မှုကို အစိုးရဌာနတွေကိုအရင်ချပြခဲ့ပြီး နောက်အများမျှော်လင့်ခဲ့သလို လူမှုကွန် ယက်ကိုချပြခဲ့တာလည်းဖြစ်ပါတယ်။

The Puffin ဟာ လက်တွေ့အနေနဲ့ အသုံးမချနိုင်သေးပေမဲ့ ဒီယာဉ်မှာတပ်ဆင်ထားတဲ့ စက်စွမ်းအင်နဲ့ထိန်းချုပ်တဲ့စနစ်တွေဟာ အန္တရာယ် ဖြစ် စေတဲ့အနေအထားကိုတွေ့ပါက မောင်းနှင်သူကို သတိပေးတဲ့စနစ်ကို ထည့်သွင်းထားပါတယ်။ The Puffin ဟာပေါင်(၃၀၀) လောက် အလေးချိန်ရှိပြီး (၁၂)ပေလောက် အရှည်ရှိပါတယ်။ ယာဉ်ရဲ့တောင်ပံအလျားဟာ (၄.၄)မီတာရှိပါတယ်။ The Puffin ရဲ့ ဖွဲ့စည်းပုံဟာ ထောင့်မှန်ကျကျတည်ရှိနေပြီး ပါဝင်တဲ့အစိတ်အပိုင်းတွေကြောင့် ဘေးဘက် ကနေကြည့်ရင် လေထဲမှာ ရှိတဲ့ တစ်နေရာတည်းမှာရပ် တံ့နေတဲ့ ငှက်တစ်ကောင်နဲ့ တူပါတယ်။

Credit to original writing

Likes:
0 0
Views:
936
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *