အာဆီယံအလံကိုမီးရှို့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလာမြေမှကျောင်းသားများရဲ့မြင်ကွင်းပုံရိပ်များ

ဒီကနေ့ ဇွန်လ (၅)ရက်နေ့ညနေပိုင်းအချိန်မှာတော့ မန္တလေးမြို့ကကျောင်းသား၊ကျောင်းသူတွေဟာ မြန်မာပြည်သူတွေနဲ့အတူမရပ်တည်တဲ့ အာ‌ဆီယံရဲ့အလံကိုမီးရှို့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်

AESAN အလံအားမီးရှို့ခြင်း ကျွန်ုပ်တို့ ငယ်စဉ်အခါက အာဆီယံဆိုသည်မှာ ဒေသတွင်းနိုင်ငံများအကြား အချင်းချင်း ဖေးမကူညီ စောင့်ရှောက်ရန်နှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက်ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ကြသော အများကအားကျရသည့် Asian Based အဖွဲ့ကြီး ဖြစ်သည်

ယခုအခါ အချင်းချင်းကူညီစောင့်ရှောက်ခြင်းဆိုသည်မှာ မသူတော်အချင်းချင်း ဖြစ်နေပြီး ပူးပေါင်းလုပ်ဆောင်ခြင်းဆိုသည်ကား ဒီမိုက ရေစီကို ဖျက်ဆီးခြင်းဟု ကျွန်ုပ်တို့ မျက်ဝါးထင်ထင် ကြုံတွေ့နေရပြီဖြစ်သည်ယနေ့တွင်ပင် အာဆီယံဥက္ကဋ္ဌ(ကိုယ်စားလှယ်)နှင့် အတွင်းရေးမှုးချုပ်ဆိုသူတို့သည် မြန်မာနိုင်ငံသို့ လာရောက်ကာ ဖက်ဆစ်အစိုးရအား အသိအမှတ်ပြုမှု ရရှိနိုင်ရင် ကြိုးစားလျက်ရှိသည်

ကျွန်ုပ်တို့ တကသများသည်ကား UNကိုမမျှော် အာဆီယံကိုမမျှော် ကိုယ့်တိုင်းပြည်လွတ်လပ်ရေးကို ကိုယ်တိုင် တိုက်ယူရမည် ဟုသာခံယူသည်ထို့ကြောင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အသစ်တွင် ယင်းမသူတော်တို့ ကြီးစိုးသော အာဆီယံဟုအမည်ခံသည့် အဖွဲ့ကြီးနှင့် ဆွေးနွေးပတ်သတ်ဆက်ဆံစရာမရှိသဖြင့် ဤမသူတော်အာဆီယံအလံအား မီးရှို့ဖျောက်ဖျက်ပစ်လိုက်သည်။

သွေးကြွေးမှာဆွေးနွေးစရာမရှိ ဆိုပြီးရေးသားကာ ကျောင်းသားကျောင်းသူတွေရဲ့ သဘောထားကိုထုတ် ပြန်ထားတာလည်း တွေ့ရပါ တယ်မြန်မာပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို အသက်ပေါင်းများစွာပေးဆပ်ပြီးတိုက်ထုတ်နေရချိန်မှာ

အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြုမှုရရှိစေနိုင်ရေးအတွက် ကြိုးပမ်းပေးနေခြင်းက ဆိုးရွားတဲ့လုပ် ရပ်တစ်ခုပဲဖြစ် ပါတယ် အခုလိုအာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် ကျောင်းသားတွေကအာဆီယံအလံကို မီးရှို့ဆန္ဒ ပြခဲ့ကြတာဖြစ်ပါတယ်

ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်

crd

Likes:
0 0
Views:
626
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *