အသက်သေဆုံးတော့မဲ့ မိခင်ကို မရမက ကယ်တင်ပေးချင်လို့ ကျောင်းထွက်ပြီးငွေရှာနေခဲ့တဲ့ 12 နှစ်အရွယ် ကောင်လေး

မိဘတွေက သားသမီးတွေကိုအနှိုင်းမဲ့ ချစ်ခင်ပေးဆပ်ကြသလို ၊ သားသမီးတွေကလည်း မိဘအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေက အလားတူပါပဲ ။

ဒီတစ်ခေါက်ဖော်ပြမဲ့တရုတ်နိုင်ငံက 12 နှစ်အရွယ် Gu Guang Zhao အမည်ရှိတဲ့ ကောင်လေးဟာ ကျောက်ကပ်မကောင်းတော့လို့ ဖျားနာနေတဲ့မိခင်ဖြစ်သူရဲ့ ဆေးကုသစရိတ်အတွက် သူ့အရွယ်နဲ့ ရတဲ့နည်းနဲ့ ကြိုးစားရုန်းကန်နေခဲ့တာပါ ။

ထက်မြတ်ပြီး ပညာသင်ဆုအမြောက်အများရရှိထားတဲ့ ကလေးတစ်ယောက်ဖြစ်ပေမဲ့လည်း ၊ အပြင်ထွက်ပြီး ငွေရှာချင်လို့ ဆရာဖြစ်သူကို အကျိုးအကြောင်းသေချာရှင်းပြပြီး ကျောင်းရပ်နားခဲ့ပါတယ် ။

အသက် 40 အရွယ်မိခင်ဖြစ်သူမှာတော့ကျောက်ကပ်လဲလှယ်ဖို့ အပြင်းအထန်လိုအပ်နေခဲ့ပါတယ် ။ ဆေးကုသစရိတ်အတွက် $75,578 အထက်ရှာဖွေကြရမှာဖြစ်ပေမဲ့လည်း ၊ လက်ရှိမှာတော့ မိခင်ကိုကုသရင်းအကြွေးမှာ $15,115 ခန့်ရှိနေပြီဖြစ်ကြောင်းသိရပါတယ် ။

Gu ရဲ့ အကြောင်းဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး Gu ရဲ့မိခင်အတွက်ဆေးကုသစရိတ်တွေ ဝိုင်းဝန်းလှူဒါန်း ပေးခဲ့ကြပါတယ် ။

Gu ကိုယ်တိုင်ကလည်းအဆိုပါကူညီပေးခဲ့ကြသူတွေကို နာမည်စာရင်းမှတ်ထားပြီး နောင်တစ်ချိန်အရွယ်ရောက်ရင်အဆိုပါကူညီခဲ့သူတွေကို ကျေးဇူးပြန်ဆပ်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ် ။ သိတတ်လိမ္မာလွန်းတဲ့ အရွယ်မရောက်သေးတဲ့ကလေးလို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

Source : elitereaders

Likes:
0 0
Views:
582
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *