ဒီနေ့ခေတ်နဲ့ အံမဝင်တော့ပေမယ့် သိထားသင့်တဲ့ မြန်မာ့ဆိုက္ကားသမိုင်း

ဒီနေ့ခေတ်နဲ့ အံမဝင်တော့ပေမယ့် သိထားသင့်တဲ့ မြန်မာ့ဆိုက္ကားသမိုင်း

မြန်မာ့ဆိုက္ကားကို ၁၉၃၈ ခုနှစ်တွင် မန္တလေးမြို့ ညောင်ပင်ဈေး ကားဘော်ဒီဆရာ ဆရာညိုမှ စတင်တီထွင်ခဲ့တာပါမြန်မာ့သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် လည်း မရေမတွက်နိုင်တဲ့ အရေးတော်ပုံများစွာ ပေါ်ပေါက်ခဲ့ပါတယ်လူ့ထုအရေးအတော်ပုံများသည်

တိုင်းပြည်ရဲ့အခြေအနေကို တစ်ဆစ်တစ်ချိုးပြောင်းလဲနိုင်တယ်ဆိုတာသဘောပေါက်မှာပါ၁၃၀၀ ပြည့် အရေးတော်ပုံကို တော့မကြားဖူးတဲ့ သူမရှိလောက်ပါဘူးသမိုင်းမှာမော်ကွန်းထိုးခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံက မန္တလေးမြေမှာလည်း ဖြစ်ပွားခဲ့ပါတယ်အဲဒီအချိန်တုန်းက မန္တလေးမှာ မြို့သူမြို့သားတွေစီးဖို့ လံချားမရှိဘူ မြင်းရထားခေါ် မြင်းတပ်ရထားလုံးနဲ့ ဓာတ်ရထားပဲရှိတယ်

အမျိုးသားလွတ်လပ်ရေးအုံကြွမှုကြီးဖြစ်ပြီး ဝံသာနုစိတ်ဓာတ်များ တဖွားဖွားပေါက်လာတော့ အမျိုသားစီးပွားရေးဟာ အမျိုးသားလက် ထဲမှာပဲ ရှိရမယ်ဆိုတဲ့မူတစ်ခုပေါ်လာပြီးသွေးစုပ်ခြယ်လှယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခု ဖွင့်လာကြတယ်ဆိုက္ကားဆိုတာက စက်အားမပါ လောင်စာမလို လူအားနဲ့ လှုပ်ရှားပြီး စက်ဘီးကနေဖြစ်လာတဲ့ယာဉ်တစ်မျိုးဖြစ်တယ်

အဲဒီခေတ်က ယောကျာ်းတွေစီးတဲ့ စက်ဘီးအကောင်းဆုံး စပါယ်ရှယ်ဆိုတာက တစ္စီးမွ ၁၂၅ ကျပ်ပဲ ပေးရပါတယ်ဟာကြူလီတံဆိပ်ဆိုရင်ကို အသစ်မှ ၅၀ ကျပ်ကနေ ၇၀ ကျပ်တန်ဖိုးအထိရှိတယ်၁၉၃၈ ခုနှစ်လောက်မှာ စက်ဘီးအဟောင်းကို ညောင်ပင်ဈေးက ကားဘော်ဒီလုပ်တဲ့ ဆရာ ဆရာညိုက ဆိုက္ကားဆိုတဲ့ဘေးတွဲကို ကပ်ပေးပါတယ်

တပ်ခကလည်း သိပ်မများတော့ ငွေ၁၀၀ ကျပ် ၁၅၀ ကျပ်နဲ့ ဆိုက္ကားတစ်စီးဖြစ်လာတယ်ဒီလောက်ငွေက မြန်မာတွေတက်နိုင်တဲ့ အရင်းအနှီး ဖြစ်တော့ ဆိုက္ကားအစီး ၁၀၀၀ လောက် နေ့ချင်းညချင်း မန္တလေးမှာ ပေါ်ပေါက်လာပါတယ်ဆိုက္ကားက ဈေးချိုကနေ ၂ ပြားပေးစီးခဲ့ရင် ဓာတ်ရထား ပို့ပေးတဲ့ ၂ ပြားခရီးအပြင် ဓာတ်ရထားမရောက်တဲ့ လမ်းကြိုလမ်းကြား ဝင်းကြိုဝင်ကြားအထိ လိုက်ပို့ပေးတယ်မန္တလေး ရတနာ ပုံနေပြည်တော်ဆိုတာ နေ့ချင်းညချင်းမြို့ဖြစ်လာတဲ့ မြို့မဟုတ်ပါဘူး

မင်းတုန်းမင်းကိုယ်တိုင် တည်ခဲ့တဲ့ မင်းနေပြည်တော်ပဲဖြစ်တယ်မြို့သစ်တည်ဖို့ စိတ်တိုင်းကျတဲ့ မြေ့ပြန့် တစ္ကြက္ကို သေသေချာချာရွေးပြီး အကွက်တွေချထားခဲ့တဲ့မြို့ဖြစ်တယ်လမ်းတွေက အတက်အဆင်း အနိမ့်အမြင့် အလွန်နည်းပါတယ် မြို့ကို အကွက်ချထားပြီး

လမ်းတွေဖောက်တာ အကွက်တွေရဲ့ အလယ်ကို ဝင်းတွေဖွဲ့တယ်ဝင်းထဲမှာ အရာရှိကြီးတွေနေတယ် မန္တလေးမြို့ရဲ့လမ်းတွေက အရှေ့အ နောက်တောင်မြောက် တည့်တည့်တန်းတန်းရှိနေအောင် တမင်ဖောက်ထားတာ တစ်ပြနဲ့တစ်ပြအကွာအဝေးညီတယ်ဝင်းကြို ဝင်းကြား ပေါတယ်

မန္တလေးမှာ ဗြိတိသျှအစိုးရက ကျောက်လမ်းခင်းပေးတာ ၆၀ မိုင် ဓာတ်ရထားသွားနိုင်တာက ၆ မိုင် ပဲဖြစ်တယ်ဆိုက္ကားက မိုင် ၆၀ လုံးကို သွားနိုင်တာအပြင် လမ်းမရှိတဲ့ ဝင်းကြိုဝင်းကြားထဲအထိလည်း ပို့ပေးနိုင်တော့ မြို့သူ မြို့သားတွေက

ဆိုက္ကားပဲ စီးကြပါတယ်ဓာတ်ရထားကြီးကုမ္ပဏီတွေကလည်း လက်မှတ်တစ်စောင်ကိုစီးချင်ရာစီး ၃ ပဲ တစ်နေ့လုံး ဓာတ်ရထားပေါ်က မဆင်းပဲနေချင်လည်း ၃ပဲ ဆိုပြီး သူတို့စီးပွားရေးကို ထိန်းဖို့ကြိုးစားလည်း ၁၅၀ တန် ၁၆၀ တန် ဆိုက္ကားတွေကို မယှဉ်နိုင်ပဲ အရှုံးပေါ်ပြီး လုပ်ငန်းပိတ်သွားတော့သည်

crd

Likes:
0 0
Views:
752
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *