ဝရမ်းထုတ်ခံထားရပေမယ့် ညသပိတ်မှာ လူလုံးထွက်ပြလာတဲ့ ဒေါက်တာတေဇာဆန်း

လက်ရှိအခြေအနေကြီးကတော့ပြည်သူတွေရဲ့ဇွဲကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးအားကောင်းလာနေတာဖြစ်ပါတယ် ရရာလက်နက် ကိုစွဲကိုင်ပြီးတော်လှန်နေကြတဲ့ လူငယ်တွေရဲ့သတ္တိကလည်းအရမ်းလေးစားဖို့ ကောင်းပါတယ်ဒီကာလမှာ ဆိုရင်ပြည်သူတိုင်းနီးပါးက နိုင်သလောက်ဝန်ကိုမျှထမ်းပေးပြီး သွေးမအေးကြသေးတာဖြစ်ပါတယ်

မနေ့ကတော့ရန်ကုန်နဲ့ မန္တလေးအပြင်တခြားမြို့နယ်တွေမှာပါ လူထုလှုပ်ရှားမှုတွေကိုအားသွန်ခွန်စိုက်လုပ်ဆောင် နေတာဖြစ်ပါတယ် မန္တလေးမြို့ ကဒေါက်တာတေဇာဆန်းဆိုရင်လည်းဖေ ဖော်ဝါရီလအစကတည်းကလူထုလှုပ်ရှားမှုတွေမှာရှေ့ ဆုံးကနေပါဝင် အားဖြည့်ပေး တာဖြစ်ပါတယ်ဒါ့ကြောင့်လည်းဒေါက်တာတေဇာဆန်းကဖမ်းဝရမ်းထုတ်ခံထားရပြီးနေအိမ်မှာမနေဘဲလုံခြုံစိတ်ချရတဲ့နေရာမှာရှောင်တိမ်းနေထိုင်နေတာဖြစ်ပါတယ်

မနေ့ညကဆိုရင်တော့ဒေါက်တာတေဇာဆန်းကရွှေမန်းမြေမှာ အသံမတိတ်အလံမလိပ်တဲ့ညသပိတ်တစ်ခုကို အားကြိုးမာန်တက်ပါဝင်ဆင် နွှဲလိုက်သေးတာဖြစ်ပါတယ်

ကိုတေဇာဆန်းကတော့သူ့ကိုယ်သူရုပ်ဖျက်ထားတယ်လို့ပြောပေမယ့်ဘေးကလူတွေလာနှုတ်ဆက်လို့ညတွင် ချင်းနေရာအမြန်ပြောင်း ခဲ့ရတယ်

ဆိုပြီးအရွှန်းဖောက်ရေးသားထားတာဖြစ်ပါတယ်ဝရမ်းအထုတ်ခံထားရတာတောင်အခုလိုမျိုးသတ္တိအပြ ည့်နဲ့လူထုလှုပ်ရှားမှုတွေမှာတတ်နိုင် သလောက်ပါဝင်ပေးတဲ့ ဒေါက်တာတေဇာဆန်းရဲ့စိတ်ဓာတ်ကအရမ်းလေးစားဖို့ကောင်းပါတယ်မနေ့ညက

မန္တလေးမှာ ပြည်သူတွေပြုလုပ်ခဲ့တဲ့ညသပိတ်ပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ဝရမ်းထုတ်ခံထားရသော ဒေါက်တာတေဇာဆန်း ညသပိတ်တွင်လူလုံးထွက်ပြစစ်ကောင်စီကဖမ်းဝရမ်းထုတ်ခံထားရသောဒေါက်တာတေဇာဆန်းသည်ယနေ့ညမန္တလေးမြို့တစ်နေရာတွင် ညသပိတ်လူလုံးပြ၍ ပါဝင်သည်

Likes:
0 0
Views:
563
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *