မကြာမီမှာ တရုတ်သမ္မတရှီကျင်းဖျင် ဖြုတ်ချခံရနိုင်ကြောင်း၊ ကျွမ်းကျင်သူတစ်ဦး သုံးသပ်

တရုတ်သမ္မတရှီကျင်းဖျင်ဟာ မကြာမီမှာ ရာထူးကနေ ဖြုတ်ချခံရနိုင်ဖွယ်ရှိကြောင်းကို ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ထားပါတယ်။ အဆိုပါ ကျွမ်းကျင်သူဟာ WHO မှ အကြံပေးအရာရှိတစ်ဦးဖြစ်ပြီး-

အကယ်၍သာ ဝူဟန်က ကမ္ဘာ့ကပ်ဆိုးကြီးကို စတင်ဖြစ်စေခဲ့ကြောင်း ခိုင်မာစွာ သက်သေပြနိုင်လျှင်ပင် တရုတ် အကျပ်ရိုက်ပြီလို့ ဆိုပါတယ်။ အဆိုပါ ကျွမ်းကျင်သူရဲ့အမည်ကတော့ Jamie Metzl ဖြစ်ပြီး၊ သူ့ရဲ့သုံးသပ်ချက်ဟာ ဗြိတိန်ဘက်က ဝူဟန်အရေး အထူးစုံထောက်တွေနဲ့ စုံစမ်းနေတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက် ဆက်တိုက် ထွက်ပေါ်လာတာပါ။

ကမ္ဘာ့နိုင်ငံတွေဟာ ကိုဗစ်ကြောင့် ထိခိုက်နစ်နာမှုတွေ အလွန်ကြီးမားခဲ့ကြောင်း၊ ဒီအတွက် တရုတ်ဆီကနေ ထိုက်တန်တဲ့ လျှော်ကြေး တောင်းဖို့ပြင်ထားရန် သူက ပြောခဲ့တာပါ။ LBC သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ Jamie က ” တကယ်လို့ တရုတ်နိုင်ငံအတွင်းမှာ လုံလောက်တဲ့ သက်သေအထောက်အထားတွေ ပြနိုင်ခဲ့ရင် …

photo credit

သမ္မတရှီဟာ ရာထူးကနေဖြုတ်ချခံရဖို့ တကယ့်အခွင့်အရေးလို့ ကျွန်တော် တွေးပါတယ် … နောက်ပြီး ကမ္ဘာတနှံ့တလျား တရုတ်ဆီကနေ လျှော်ကြေးတွေ တောင်းလာမှာပါ … နောက်ပြီး ဒါဟာ အဲဒီနိုင်ငံအတွက် ပထဝီဝင်နိုင်ငံရေးအရ ကြီးမားတဲ့ ရိုက်နှက်မှု ဖြစ်လာမှာပါ “လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” ကိုဗစ်ကြောင့် အိမ်ထောင်ဘက် ဆုံးရှုံးခဲ့ရသူတွေ … ကလေးတွေကို ဆုံးရှုံးခဲ့ရသူတွေ … နောက် မိဘတွေကို ဆုံးရှုံးခဲ့ရသူတွေ ဘယ်လောက် စိတ်ဆိုးနေကြမယ် … ဘယ်လောက် ခံစားနေကြမလဲဆိုတာ တွေးကြည့်တာနဲ့တင် သိနိုင်ပါတယ် “လို့ သူက ပြောပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ဟာ လူက တမင်ဖန်တီးထားကြောင်း သတင်းတွေ အခုအချိန်ထိ အရှိန်ကောင်းနေဆဲပါ။

ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီတွေဘက်လည်း ဒီကိုဗစ်အရေးဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကံတရားသာဆိုရင် ဘာလို့ တရုတ်လိုနိုင် ငံကြီးက တခြားနိုင်ငံတွေထက် သက်သာနေတာလဲ၊ အခုဆို တရုတ်မှာ အားလုံး ပုံမှန်လည်ပတ်နေပြီဖြစ်သလို၊ ကမ္ဘာ့ကုန်သွယ်မှု လမ်းကြောင်းမှာလည်း သူတို့ကပဲ ဦးဆောင်နေတာဟာ မြင်သာစေတယ်လို့ ဆိုနေပါတယ်။

ကိုဗစ်ကာလ အဦးအစကတည်းက WHO ဘက်ကလည်း ပျက်ကွက်မှုတွေ ရှိခဲ့သလို၊ ကိုဗစ်ဖြစ်လို့ တစ်နှစ်ကျော်ကြာမှ တရုတ်အာဏာ ပိုင်တွေက WHO တာဝန်ရှိသူတွေကို စစ်ချင်တာလာစစ်လှည့်ဆိုပြီး ခေါ်ခဲ့တာပါ။ ဒါတောင်မှ ဝူဟန်ဓာတ်ခွဲခန်းအနားကို ကပ်ခွင့်တောင် မပေးခဲ့ဘဲ၊ ဒီအတိုင်း မရေမရာနဲ့ ပြန်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ ဝူဟန်ဓာတ်ခွဲခန်းကို စစ်ခွင့်ရရင်တောင်မှာ အချိန်တစ်နှစ်လောက်အတွင်းမှာ တရုတ်အာဏာပိုင်တွေက ဆိုင်ရာသက်သေတွေကို လက်စဖျောက်ဖို့အတွက် အလွယ်လေးပင် ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာကြီးအတွက် အလွန်နစ်နာစရာ ကိစ္စဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကာလ အစဦးမှာ တရုတ်ကို နစ်နာကြေးတောင်းမယ့် နိုင်ငံတွေ၊ ကုမ္မဏီကြီးတွေ အမြောက်အများရှိခဲ့ပြီး၊ အခု Jamie ရဲ့စကားက အဲဒီအတွက် တွန်းအားပြန်လည် ဖြစ်စေမယ်လို့ ယူဆရပါတယ်။

လင်းဇော်ကို

Ref ; The Sun

Likes:
0 0
Views:
865
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *