ပျောက်ကွယ်လုလု ရှေးမနုဿ သီဟရုပ်တု

မွန်လူမျိုးတို့၏ရှေးပဝေဏီအစဉ်အဆက်ကိုးကွယ်ခဲ့ကြသောဘာသာမှာ ထေရဝါဒဗုဒ္ဓဘာသာဖြစ်သည်။ မွန်လူမျိုးတို့သည် မြန်မာနိင်ငံ တွင်ရှေးအကျဆုံးလူမျိုးဖြစ်သည်သာမက အိန္ဒိယပြည်မှဗုဒ္ဓသာသနာတော်နှင့်စာပေယဉ်ကျေးမှု အနုပညာများကို ရှေးဦးစွာရရှိခဲ့ကြပေသည်။

မနုဿ သီဟဆိုသည်မှာ မနုဿ = လူသား သီဟ =ခြင်္သေ့ လူဦးခေါင်းနှင့်ခြင်္သေ့ကိုယ်ပုံရှိသောသတ္တဝါဆန်းကိုမနုဿ သီဟဟုခေါ်ကြသည်။ အထူးသဖြင့်ရွှေတိဂုံဘုရားဖူးသွာရောက်သူတိုင်းမနုဿ သီဟရုပ်ထုကိုတွေ့မြင်ကြရမှာဖြစ်သည်။ စင်စစ်အားဖြင့် မနုဿ သီဟရုပ်ထုသည် ရာမညဌာနေမွန်တို့မြေမှဆင်းသက်လာခဲ့သော သမိုင်းဝင်ရှေးဟောင်အမွေအနစ်တစ်ခုဖြစ်ပါသည်။

မွန်တို့၏ ထူးခြာသောယုံကြည်မှုဆိုင်ရာ သင်္ကေတအဖြစ်လည်းကောင်း ပြောင်မြောက်သောဗိသုကာအနုပညာလက်ရာတစ်ရပ်အဖြစ် ရှေးဟောင်းသုတေသနပြုသူတို့လက်ခံခဲ့ကြသည်။မွန်တို့တည်ထားခဲ့သော ဘုရား ပုထိုး စေတီများ ဇရပ်တန်ဆောင် ကျောင်းများ မနုဿ သီဟရုပ်ထုကိုတွေ့ရှိနိင်တတ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၃၀၀ ကျော်က မွန်တို့ဌာနေ သုဝဏ္ဏဘူမိမြို့သည် အလွန်စည်ကာသောပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့ဖူသည်။ ထိုစဉ်က သုဝဏ္ဏဘူမိတိုင်း၌ အုပ်ချုပ်သောမင်းမှာ သိရိမာသောကရာဇာမင်းဖြစ်သည်။

သုဝဏ္ဏဘူမိမှာရှိတဲ့မွန်လူမျိုးတို့သည်စီးပွားရေအဆင်ပြေ၍ကိုယ်ချမ်းသာမှုနှင့်ပြည့်စုံသော်လည်း စိတ်ချမ်းသာမှုမရရှိကြပေ ။ အကြောင်းမှာ သုဝဏ္ဏဘူမိမြို့ပေါ်သို့ ရေသရဲ ( ကလော်ဍာ် ) များတက်လာကာမြို့နန်တွင်း၌မွေးဖွားသောခလေးများအား ဖမ်းစားနှောင့်ယှက်တတ်သောကြောင့်ဖြစ်သည်။

သာသနာသက္ကရာဇ် ၂၃၅ ‘ ၂၃၆ ( ဘီစီ ၃၁၀ ) ခန့်တွင် အိန္ဒိယပြည်၌ သိရိဓမ္မာသောကမင်းသည် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကို အမှုးပြု၍ တတိယသင်္ဂါယနာ တင်တော်မူ၏။ ထို့နောက်မြတ်စွာဘုရား၏ သာသနာတော်ကို လွန်စွာထွန်းလင်းတောက်ပစေရန်အလို့ငှာ ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုရန် မဟာထေရ်များ စေလွှတ်တော်မူသည်။

၎င်းအနက် သုဝဏ္ဏဘူမိခေါ် သုဓမ္မဝတီသထုံပြည်သို့ ကြွရောက်လာသော မထေရ်နှစ်ပါးတို့ကား အရှင်သောဏထေရ် နှင့် အရှင်ဥတ္တရ နောက်ပါ မထေရ်သုံးပါးသို့သထုံပြည်၌ဆိုက်ရောက်စဉ်ကကြုံကြိုက်မှု အဖြစ်းအပျက်တစ်ရပ်ဖြစ်သည်။

ထို အတောအတွင်း နန်တွင်း၌မင်းကြီး၏ မိဘုရားခေါင်းကြီးမှ သားတော်တစ်ပါး ဖွားမြင်လေသည်။ ဤသို့ကလေးငယ်အသစ် မွေးဖွာသည်ဟု ကြားသိသော ရေသရဲတို့သည် ကလေးငယ်အားဖမ်းစားရန် ပင်လယ်မှတက်လာကြသည်။ မင်ကြီးလည်း ကြံရာမရဖြစ်ကာ အရှင်မထေရ် များအားအကူညီတောင်းလေသည်။ မထေရ်မြတ်တို့ကလည်း ငါတို့ကားဘီးလူသရဲမ၏ အဖေါ်အဖက်မဟုတ်။

သီလနှင့်ပြည့်ဝသော ရဟန်းမြတ်များဖြစ်သည်။ငါတို့ကာ လူ့အသက်ကိုညှဉ်းဆဲခြင်း စသောမကောင်းမှုကို ရှောင်ကြည့်ကြကုန်၏ ။ထိုသို့ ဟောပြောနေစဉ် ဘီလူးမနှင့် အခြံအရံများနှင့်တကွ ရေမှတက်လာ၍ လူတို့ကိုမြင်လျှင် အုတ်အုတ်ကျက်ကျက်အသံတို့ဖြင့် ကြွေးကြော် ကြကုန်၏။

ထိုအခါအရှင်မထေရ်မြတ်နှစ်ပါး ရေသရဲများကိုခြောက်လှန့်မောင်နှင်းရန်အတွတ် ဘီလူးမထက် နှစ်ဆမျှကြီးမားသော လူဦခေါင်းတစ်ခုနှင့် ခြင်္သေ့ကိုယ်နှစ်ခုရှိသော သတ္တဝါဆန်း ပုံသဏ္ဌာန်ဖန်ဆင်း၍ ရေသရဲများအားခြောက်လှန့်သည်တွင် ရေသရဲများအားကြောက်လန့်ထွတ် ပြေးကြလေသည်။

အရှင်မထေရ်မြတ် ဖန်းဆင်းယူခဲ့သည့် လူဦခေါင်းနှင့်ခြင်္သေ့ကိုယ်ရှိသော သတ္တဝါဆန်ကို မနုဿ သီဟဟုခေါ်သည်။မြို့သူမြို့သားများလည်း မထေရ်ကြီးတို့ တန်းခိုးကြီးသည်ကိုမြင်၍ ရွှင်လန်ဝမ်းမြောက်လှသဖြင့် အနားတို့ကပ်ကာ ဝန်းရံလျက် နေကုန်၏။

မဟာထေရ်မြတ်တို့လည်း ပရိသတ်တို့အား ဗြဟ္မဇာလသုတ်ကိုဟော၍ သရဏဂုံသီလ၌တည်စေကုန်၏ ။ ၆၀၀၀၀ သောသထုံပြည် သူပြည် သား များသည် သောတာပတ္တိဖိုလ်၌ တည်၍ များစွာသော မိန်းမ ယောကျာ်းတို့သည် ရဟန်းပြုကြကုန်၏ ထိုအခါမှစ၍ သုဝဏ္ဏဘူ မိမှာ ရှိတဲ့မွန်လူမျိုးများ အလွန်းယဉ်ကျေးလိမ္မာကြသည်။ ဖွားမြင်သော် သောဏုတ္တရ သတို့သားဟူသော အမည်ကိုမှည့်ကုန်၏ စသည်ဖြစ် အလွန်ရှေးကျသော အေဒီ ( ၄၀၀ ) စုရေ သိဟိုဠ်သမိုင်း၌ဖေါ်ပြပါရှိလေသည်။

ထိုအချိန်မှစ၍မွန်လူမျိုးတို့သည် မနုဿသီဟရုပ်ကိုယုံကြည်မှုတစ်ရပ်လက်ခံခဲ့ကြသည်။မွန်ဒေသများ၌ ခလေးငယ်များအိပ်ပျော်စဉ် လန့်ဖျပ် ပါက မနုဿ သီဟရုပ်ကို ထန်းရွတ် ပေရွတ်ပေါ်တွင် ရေးခြစ်၍ ပုခက်တွင်ချိတ်ဆွဲထားပေးတတ်ကြသည်။ အချို့အမျိုးသမီးများမှာ မနုဿ သီဟရုပ်ကို စက္ကူ ထန်းရွတ် ပေရွတ်တို့ပေါ်တွင် ရေးခြစ်ကာ ဦးခေါင်းထက်တွင် ပန်ဆင်ထားတတ်ကြသည်။

အိမ်အဝင်ဝ တံခါးပေါက်တွင်လည်း မနုဿ သီဟရုပ်ကိုချိတ်ဆွဲထားကြသည်။ မနုဿ သီဟအရုပ်ကို ဆောင်ထားခြင်းဖြင့် မကောင်းဆိုး ဝါးများ မကပ်ရောက်နိင်သည်ဟု အယူအစရှိသည်။

ဘုရားစေတီများ တည်ထားရာ၌လည်း ရင်ပြင်ပေါ်ရှိ ပစ္စယံတွင် မနုဿ သီဟရုပ်ထုကို စေတီပတ်ပန်လည်ထည့်သွင်း ပြုလုပ်ထားလေ့ ရှိသည်။ မွန်ဘုန်းကြီးကျောင်းများ သာသနိကအဆောက်အဦးများ တံခါးဝများ စသည်ဖြင့် မနုဿ သီဟရုပ်တုပြုလုပ်ထားကြသည်။

မနုဿ သီဟရုပ်တုသည် ရှေးမွန်တို့၏ ယုံကြည်မှု ရှေးခေတ်မွန်တို့၏ဗိသုကာ အနုပညာလက်ရာ အဆင့်အတန်းကိုလည်း မှန်းဆကြည့် နိင်ရန်အတွတ် လည်းကောင်း မွန်တို့၏ သမိုင်းကြောင်းကိုလေ့လာရန်အတွတ်လည်ကောင်း များစွာအထောက်အကူပြုနိင်သည်။

မနုဿ သီဟရုပ်ထုကို မြင်တိုင်း တစ်ချိန်က သာသနာရောင်ဝါ ထွန်းလင်း၍ စည်ပင်ဝပြောခဲ့သော သုဝဏ္ဏဘူမိပြည်ကြီးကို အမှတ်ရစေသည်။ ထို့ပြင် မနုဿ သီဟရုပ်ထုသည် မွန်တို့ဌာနေ ရာမညမြေတွင် မွေးဖွားသန့်စင်လာသော ရှေးဟောင်းမွန်ရိုရာဓလေ့ ယုံကြသည်မှု တစ်ရပ်ဖြစ် သည် သာမက မွန်တို့၏ ယှု်ကျေးမှု အနုပညာ ဗိသုကာလက်ရာ တစ်စိတ်တစ်ပိုင်းကို လှစ်ဟပြနေသော ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည်ကို ငြင်းပယ်၍ မရနိင်ပေ ။

ထို့ကြောင့်အနယ်နယ်အရပ်ရပ်တွင်ရှိသော မွန်တို့၏မနုဿ သီဟ ရုပ်တု ရုပ်ပုံများကို မပျက်မစီး မပပျောက်ကွယ်အောင် ထိန်းသိမ်း စောင့်ရှောက်သွားကြရန် မွန်သွေးချင်းညီနောင်တို့အား တိုက်တွန်းလိုက်ရပေသည်။

ကိုဗညား
Likes:
0 0
Views:
1303
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *