တစ်ပတ်အတွင်း သိသိသာသာ အရပ်ရှည်စေမယ့် နည်းလမ်းကောင်းလေးတွေ

တကယ်တော့ အရပ်အမြင့်ဆိုတာမျိုးက မျိုးရိုးကနေ ဆင်းသက်လာတာပါ။ ပုတယ် ရှည်တယ်ဆိုတာတွေက မိဘ ဒါမှမဟုတ် အဘိုးအဘွားတို့ရဲ့ ပုံစံအတိုင်း ကြီးပြင်းဖြစ်တည်လာကြတာပါ။ ပြီးတော့ အရပ်အမြင့် အရှည်ဆိုတာတွေက မိဘဘိုးဘွားတွေရဲ့ မျိုးရိုးလိုက်မှုဟာ ၉၀ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်ထိ ရှိနေပါတယ်။

ဒီတော့ကျန်တဲ့ ၅ ရာခိုင်နှုန်းနဲ့အရပ်မြင့်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာ စိတ်ဝင်စားကြတဲ့သူတွေအတွက်နည်းလမ်းကောင်း လေးတချို့ကို မျှဝေပေးလိုက်ပါတယ်။သင့်ကို ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအတွင်းအရပ်ရှည်အောင် ပြုလုပ်လို့ရတဲ့အရာတွေကယေဘုယျအားဖြင့် တော့ ၃ ခုရှိပါတယ်။ ဒီ၃ ခုကိုသာသေချာလိုက်နာကျင့်သုံးမယ်ဆိုရင်တော့တစ်ပတ်အတွင်းအရပ်မြင့်လာဖို့သေချာပြီပေါ့။

လေ့ကျင့်ခန်း

ပထမဆုံးအရာက လေ့ကျင့်ခန်းပါ။ အရပ်ရှည်လာစေဖို့အတွက် လေ့ကျင့်ခန်းတွေ လုပ်ပေးရပါမယ်။ ဥပမာ ရေကူးတာမျိုး ၊ ဘားခိုတာမျိုးစတဲ့ ပုံစံတူ လေ့ကျင့်ခန်းတွေကို မဖြစ်မနေ နေ့စဉ်တိုင်း လေ့ကျင့်ခန်းကို လုံးဝမပြတ်စေဘဲ အရပ်ရှည်ဖို့တစ်ခုတည်းကို စိတ်နှစ်ထားပြီးတော့ လုပ်ရမှာပါ။

Source: Sciencenorway

အလေ့အထမှားတွေကို ပြုပြင်ရပါမယ်

ဒါတွေကတော့ လူတွေရဲ့ ပြုမူနေထိုင်တဲ့ အနေအထားပုံစံတွေပါ။ လူတွေက သက်တောင့်သက်သာထိုင်တယ်ဆိုပြီး ဒီတိုင်းခါးကိုကုန်းပြီး အလုပ်လုပ်တာ၊ လမ်းလျှောက်တာ၊ ထိုင်တာ၊ ကွန်ပျူတာကြည့်တာမျိုးတွေ လုပ်တတ်ကြပါတယ်။

ခုဆိုပိုတောင်မှ ဆိုးပါသေးတယ်။ လူတွေက ဖုန်းကို အာရုံရောက်နေပြီး အားလုံးဟာ ကွေးကွေးလေးတွေ ဖြစ်လို့လာပါပြီ။ အရပ်ရှည်ချင် တယ်ဆိုရင်တော့ အဲဒီအကျင့်ဆိုးကို ဖျောက်ပြီး ခါးမတ်မတ်နေတဲ့အကျင့်ကို ပြောင်းလဲယူရပါမယ်။

အရပ်မြင့်စေမယ့် အစားအစာ

Source: First Rate Fitness

အစားအစာကလည်း အရပ်မြင့်တက်စေဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အရပ်ရှည်မြင့်တက်စေတဲ့ အစားအစာ တွေကတော့ နို့နဲ့ နို့ထွက်ပစ္စည်း ၊ ကြက်သား ၊ ဥအမျိုးမျိုး ၊ အုတ်ဂျုံ နဲ့ ပဲပိစပ်တွေပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေကို အလျဉ်းသင့်သလို ကိုယ် နေ့စဉ်စားသုံးမယ့် အစားအစာထဲမှာ ထည့်သွင်း စားသုံးပေးသင့်ပါတယ်။

Likes:
0 0
Views:
1433
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *