အာဏာသိမ်းတဲ့နေ့က Dr SaSa နေပြည်တော်မှာ ရှိခဲ့တယ် ဘယ်လိုလွတ်မြောက်ခဲ့လဲဆိုတာ

မေး: ပုဂ္ဂိုလ်ရေးမေးခွန်းတခုလောက် မေးခွင့်ပြုပါ။ အာဏာသိမ်းတဲ့နေ့ကို ဒေါက်တာလွတ် မြောက်လာခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရှိနေခဲ့တယ်လို့ ထင်တယ်။ အဲ့ဒီနေ့မှာ ဘာဖြစ်ခဲ့သလဲဆိုတာရယ်၊ အခု ဘေးကင်းလုံခြုံတဲ့နေရာထိရောက်ဖို့ ဘယ်လိုလွတ်မြောက်ခဲ့လဲ ဆိုတာကို ပြောပြပေးပါလား။

ဒေါက်တာဆာဆာ: ကျနော်က အစိုးရအဖွဲ့ရဲ့ တစိတ်တပိုင်းအနေနဲ့ ရာထူးကြီး နေရာတခု အတွက် လျာထားခံခဲ့ရပါတယ်။ ဆိုပေမယ့် သိတဲ့အတိုင်း ဖေဖော်ဝါရီရဲ့ ပထမဆုံးနံနက်မှာ ကျနော်တို့ နိုးလာတယ်။ ကျနော်တို့ကို လော့ဒေါင်းလုပ်ထားလိုက်ပြီးတော့ နေရာတိုင်းမှာ စစ်သားတွေရောက်နေတယ်။ ဒါက တော်တော်ဆိုးတယ်။

တော်တော်ကြီးကိုဆိုးတယ်။ လူထုက လူထုအတွက် မဲပေးရွေးချယ်ခဲ့တဲ့ ရွေးကောက် ခံအရာရှိတွေ၊ အမတ်တွေ ၊ သူတို့ဟာလည်း စစ်တပ်က လော့ဒေါင်းချပြီး ထိန်းသိမ်း တာကိုခံလိုက်ရတယ်။ ဒါတော်တော်ဆိုးပါတယ်။ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ကို ကဖျက် ကယက်နှိပ်စက်တာဖြစ်ပါတယ်။

အဲ့ဒီနောက် ဒီအကြောင်းတွေကို ပြန်ပြောပြနိုင်ဖို့ ကျနော့်အနေနဲ့ မြန်မာပြည်ကနေ မြန်နိုင်သမျှ အမြန်ဆုံးထွက်ဖို့ဖြစ်လာတယ်။ ဒါ့ကြောင့် ကျနော် တက္ကစီသမားတယောက်အနေနဲ့ အသွင်ယူ တယ်။ လုံခြုံပြီလို့ ယူဆရတဲ့နေရာတခုဆီရောက်ဖို့ သုံးညနဲ့သုံးရက်လုံးလုံး မနားတမ်းခရီး သွားခဲ့ရတယ်။ တော်တော်ဆိုးတဲ့အတွေ့အကြုံပါပဲ။

မေး: ဒေါ်အောင်ဆန်းစုကြည်ဆီကရော တခုခုကြားရသေးလား။

ဒေါက်တာဆာဆာ: ဟင့်အင်း။ ဘယ်သူမှ သူနဲ့အဆက်အသွယ်မရပါဘူး။ အားလုံးကို သေနတ်တွေနဲ့ အသံတိတ်ထားပြီး ရှေ့နေတောင် သူ့ကိုတွေ့ခွင့်ရတာမဟုတ်ဘူးလေ။ ပြီးတော့ သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သတ်လို့လည်း ကျနော်တို့စိတ်ပူပါတယ်။

ဦးဝင်းမြင့်ကိုလည်း သူ့လိုပဲ တရားမဝင်ထိန်းသိမ်းခံထားရတယ်။ အခုဆိုရင် တရားမဝင်တဲ့ စစ်အာဏာရှင်တွေက အနည်းဆုံးလူတထောင်လောက်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

စစ်တပ်က လူတွေကိုဖမ်းဆီးထိန်းသိမ်းနေပြီး လူထုက ဒေါသနဲ့ထွက်လာမယ့်အခြေအနေကို ဖန်တီးနေတယ်၊ လူတွေအဲ့လိုဖြစ်လာရင် အော်တိုမက်တစ်သေနတ်တွေနဲ့ ပစ်သတ်မယ်။

ကျနော်ပြောချင်တာက အဲ့လိုအခြေအနေတွေဖြစ်အောင် စစ်တပ်က ဖန်တီးနေတယ်ဆိုတာပါ။ ဒါက တအားစိုးရိမ်စရာကောင်းနေပါတယ်။

Translated.

English transcript by Aung Nay Min Kyi

credit : myanmartodaylife

Likes:
0 0
Views:
836
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *