စစ်ဘေးရှောင်စခန်းကိုမှ လက်နက်ကြီးနဲ့လှမ်းပစ်လို့ ကလေး တွေကိုကျောပိုးပြီး မိုးထဲလေထဲမှာ အသက်လုပြေးခဲ့ရပြန်တဲ့ မင်းတပ်ပြည်သူတွေရဲ့ဘဝများ

ချင်းပြည်နယ်၊မင်းတပ်မြို့မှာတော့ပြီးခဲ့တဲ့အ ပတ်ကတည်းကတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး ပြည်သူတွေလည်း တောထဲ တောင်ထဲကို ရှောင်တိမ်းနေရတာ ဖြစ်ပါတယ် ။

“Chinland Def ense Force” ကအဖွဲ့ဝင်တွေကလည်း သူတို့ရဲ့အသက်နဲ့ရင်းပြီး မင်းတပ်မြို့မှာရှိတဲ့ ပြည်သူတွေကိုကာကွယ်ပေးနေတာ ဖြစ်ပါတယ် ။မနေ့ကဆိုရင် မင်းတပ်-ကန်ပက်လက်နယ်နမိတ်မှာရှိတဲ့ “ခွဲလုံသာ၊ မကြား” စတဲ့ရွာတွေကို တစ်ဖက်အဖွဲ့က ထိုးစစ်ဆင်လာခဲ့ တာ ဖြစ်ပါတယ် ။

ဒါကြောင့် “ကြာလေလှိုင်း၊ မဒပ်၊ မနပ်ထိုင်း “စတဲ့နေရာတွေမှာရှိနေတဲ့ Mindat-CDF အဖွဲ့ဝင်တွေက သွားရောက်ကူညီရင်းတိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ် ။အဲ့ဒီနောက်မှာတော့ မင်းတပ်မြို့နယ်၊ ဧစခန်းရွာရှိစစ်ဘေးရှောင်စခန်းကိုတစ်ဖက်အဖွဲ့ကလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။

ဒါကြောင့် စစ်ဘေးရှောင်ပြည်သူတွေအားလုံး မိုးထဲလေထဲမှာတင် ဘေးလွတ်ရာကို ထပ်မံထွက်ပြေးခဲ့ရတာဖြစ်ပါတယ် ။အလံဖြူထောင် ထားတဲ့စစ်ဘေးရှောင်စခန်းကိုမှ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေခမျာအတော်လေးကိုဒုက္ခရောက်ခဲ့ရတာဖြစ်ပါတယ်။

ပစ်ခတ်နေတဲ့ကြားကနေသူတို့ရဲ့ကလေးတွေကို လက်ကဆွဲပြီးအသက်လုကာ ထွက်ပြေးနေရတဲ့ ပြည်သူတွေရဲ့ဘဝကတကယ့်ကို စိတ်မကောင်းစရာကောင်းနေတာပဲဖြစ်ပါတယ် ။

မင်းတပ်မြို့နယ်၊ ဧစခန်းရွာကနေအရေးပေါ်ထပ်ဆင့်စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေရဲ့ဘဝကိုအားလုံးသိရအောင်ဖော်ပြပေးလိုက် ပါတယ်။

Credit original writer

Likes:
0 0
Views:
589
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *