PDF အဖွဲ့တွေကို ကြိုဆိုကြောင်း တိုင်းရင်းသား (၈) မျိုးလုံးရဲ့ ရုပ်ပုံလေးတွေ ဖန်တီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်ပရောက် မြန်မာလူမျိုးများ

ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အချိန်နဲ့တစ်ပြေးညီ စိတ် ဝင် စားခြင်းကို ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအ ခြေအနေတွေကတော့ ဒီနေ့ထိ အသက်ဝင်နေဆဲပါ။

လူငယ် မျိုးဆက်သစ် တွေကလည်း နိုင်ငံတကာရဲ့ သတင်းမီဒီယာတွေ သတိထားမိလာအောင် အချိန်ရှိတိုင်း နည်းမျိုးစုံကို တီထွင်ကာ ဆန္ဒဖော် ထုတ်မှုတွေ ပြုလုပ်နေကြသလို လူမှုကွန်ယက် စာမျက်နှာတွေ ထက်မှာလည်း ဖော်ပြပေးနေတာ တွေ့ရပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဘဝကို စာနာ နား လည်ပေးတဲ့ ပြည်ပနိုင်ငံရောက် သွေးချင်း ညီ အစ်ကိုတွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့်ကူညီပေးနေတာအချိန်မျိုးမှာ ပြည်သူတိုင်းက စည်းလုံးညီညွတ်ကြပြီး အပြန်အလှန် ရိုင်းပင်းကူညီကြလို့ အားတက်စရာကောင်းသလို ကြည်နူးပီတိဖြစ်မိတာအမှန်ပါပဲ။

မိမိတို့ရဲ့ အမိမြေအတွက် ပြည်တွင်းက မြန်မာပြ ည်သူလူထုနဲ့အတူ တစ်သွေးတည်း၊ တစ် သားတည်း ရပ်တည်ပေးနေကြတာလည်း ဖြစ်ပါတယ်။ ပြည်ပရောက်နေပေမယ့်လည်း လက်ရှိမြန်မာ့အ ရေးမှာ ပါဝင်အားဖြည့်ပေးနေကြတဲ့သူတွေကို ပြည်တွင်းနေထိုင်သူ တွေကလည်း အစဉ်အမြဲ ကျေးဇူးတင်နေကြတာပါ ။

ရက်နေ့မှာလည်း ပြည်ပရောက် မြန်မာလူမျိုးတွေက လူစည်ကားရာ နေရာမှာ မြ န်မာတိုင်းရင်းသား (၈) မျိုးလုံးရဲ့ ရုပ်ပုံလေးတွေကို ဖန်တီးကာ ပုံတိုင်းမှာ PDF ဆိုတဲ့စာသားလေးတွေနဲ့ ဆန္ဒထုတ်ဖော်ပေးရင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို အားပေးကြိုဆိုကြောင်း စိတ်ခွန်အ ားတွေပေးခဲ့ကြပါတယ်။

ဘယ်လောက်ပဲ မိုင်တွေဝေးကွာနေပါစေ အမှန်တရားကို လိုလားတဲ့ ရင်ဘတ်ချင်း တူကြသူတွေမို့ ဒီမိုကရေစီကို လိုလားတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေကတော့ တူညီနေကြေ ာင်း ပြသခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် ပြ ည်ပရောက် မြန်မာလူမျိုးတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

credit original writer

Likes:
0 0
Views:
508
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *