တိုင်းပြည်နဲ့လူမျိုးကိုပိုချစ်ပြီး ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့တာကြောင့် ဆံပင်ညှပ်တဲ့လက်ကနေ လက် နက်ကိုင်တဲ့လက်ဖြစ်သွားခဲ့ရတဲ့ လူငယ်တစ်ဦး

လူထုလှုပ်ရှားမှုတွေမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်ပေးခဲ့တဲ့ လူငယ်တစ်ယောက်ကတော့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် စစ်ပညာတွေသင်ယူနေပြီပဲ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်က Alfie ဖြစ်ပြီး ဆံပင်ညှပ်တဲ့အလုပ်နဲ့ အသက်မွေးနေတဲ့ ရန်ကုန်မြို့က Hairstylist တစ်ဦးလည်း ဖြစ်ပါတယ် ။

Alfie ကရန်ကုန်မြို့မှာ လူထုလှုပ်ရှားမှုပွဲတွေစတင်ပြုလုပ်တဲ့အချိန်ကတည်းကသူကိုယ်တိုင်လမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါ တယ် ။ပြီးခဲ့တဲ့ ဧပြီလ (၁၈) ရက်နေ့ကစပြီး Alife ကလေ့ကျင့်ရေးဆင်းနေတဲ့သူ့ရဲ့ပုံတစ်ချို့ကိုလူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ် ။

Alfie က အရင်လို သူဝါသနာပါတဲ့အလုပ်တွေလုပ်ပြီး အိမ်ပြန်နေချင်ပေမယ့်လည်းဆက်လက်တိုက်ပွဲဝင်ရဦးမှာဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် Alfie ရဲ့ပုံရိပ်တွေက လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ အရမ်းရေပန်းစားပြီး ပျံ့နှံ့နေတာဖြစ်ပါတယ် ။

Alfie က သူချစ်တဲ့မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဝါသနာတွေအားလုံးထက် တိုင်းပြည်နဲ့လူမျိုးကို ပိုချစ်လို့ အမှန်တရားဘက် ကနေ ရပ်တည်ခဲ့တဲ့ လူငယ်တစ်ဦးပဲ ဖြစ်ပါတယ် ။

“People Defend Force (pdf )ဆိုတာ ငါတို့ Generation Z တွေပဲလေ” ဆိုပြီးပြောခဲ့တဲ့ Alfie ကပြည်သူတွေ စိတ်ခွန်အားဖြစ်စေဖို့ အတွက် သူ့ရဲ့ကြိုးစားမှုတွေကို ပြသခဲ့တာပဲ ဖြစ်ပါတယ် ။

ပြည်သူတွေကတော့နူးညံ့တဲ့ဆံပင်တွေ ကိုင်ရတဲ့လက်ကနေ လက်နက်ကိုင်ရတဲ့လက်ဖြစ်သွားအောင် ပြောင်းလဲယူလိုက်တဲ့ Alfie ရဲ့စိတ်ဓာတ်နဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားချီးကျူးနေကြတာ ဖြစ်ပါတယ်။

Credit to original writing

Likes:
0 0
Views:
527
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *