ငိုမယ်ဆိုရင် ငိုပါ …. ငိုပြီးသွားတဲ့အခါ တိတ်ဖို့လိုတယ်

ငိုနေတဲ့ မျက်လုံးတွေရှိရင် …. ခဏလောက် မျက်ရည်တွေသုတ်ပြီး ဒီစာလေး ဆုံးအောင် ဖတ်စေချင်တယ်

လူတိုင်း ခက်ခဲနေကြတာပါပဲ ….ပြီးတော့ နာကျင်နေရတာပါပဲ မတူတာက ဒဏ်ရာတွေမတူဘူး အတိမ်အနက်ချင်း မတူဘူး ။တချို့က ငါ မရှိတော့ရင်ကောင်းမယ်လို့ တွေးလိမ့်မယ် ။ တချို့က ငါ့မှာ ငွေတွေ အများကြီးရှိရင်ကောင်းမယ်လို့ တွေးလိမ့်မယ် ။

သူပြန်ချစ်ရင် သူသာမဖောက်ပြန်ရင် သူသာဂရုစိုက်ရင် ဆိုပြီးတွေးနေတဲ့သူတွေလဲရှိနေမှာပါ ။တစ်ယောက်နဲ့ တစ်ယောက်ဒဏ်ရာတွေပဲ မတူကြတာ နာကျင်နေရတာချင်းတော့တူတယ် ။ဘာကြောင့် နာကျင်နေပါစေ … ငါ မိန်းမသားပဲ ဆိုတဲ့အတွေးနဲ့ ​ပျော့ညံ့နေလို့မဖြစ်ဘူး ။ ငါ့ကို အားပေးနှစ်သိမ့်မယ်လူမရှိလို့ဆိုပြီး အားငယ်နေလို့မဖြစ်ဘူး ။

ခဏတာ အခက်အခဲကို တစ်ဘ၀စာကြီး နဲ့ လဲလိုက်လို့မဖြစ်ဘူး ။နာကျင်တယ်မလား …. အားရအောင်ငို ။ အနားမှာရှိရင် ကိုယ်ပါ ကူပြီး ငိုပေးဦးမှာ ။ ဒါပေမယ့် မျက်ရည်တွေ ခမ်းတာနဲ့ ခံစားနေရတာတွေအားလုံးကို ခဏတာပဲ ဖြစ်ဖြစ် မေ့ပစ်လိုက်တော့ ။

ကိုယ့်အိပ်မက် ကိုယ့်ရည်မှန်းချက်လူတိုင်းမှာရှိပြီးသားပါ တစ်ခါတစ်ရံ လူတစ်ယောက်အတွက်နဲ့ ကျွန်မတို့ မေ့ထားတတ်ကြတဲ့ အိပ်မက် တွေပေါ့ ။ အဲ့ဒီအိပ်မက်တွေကို တစ်ယောက်တည်းဆိုလဲ ဆက်ပြီး အကောင်အထည်ဖော်ရဲတဲ့ အင်အားရှိဖို့လိုတယ် ။

ရဲရင့်တဲ့ မိန်းမဆိုတာ …. မနာကျင်တတ်တော့တဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်တာ မဟုတ်ဘူး နာကျင်နေလျက်နဲ့တောင် အပြုံးမပျက်တဲ့ မိန်းမတစ်ယောက်ပါပဲ ။

ထက်မြက်တဲ့ မိန်းမဆိုတာ …. အနောက်က တွန်းတင်ပေးမှ အမြင့်ကို ရောက်တာမဟုတ်ဘူး ကိုယ်တစ်ယောက် တည်း ဖြစ်နေလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရဲရတယ် ။ငိုမယ်ဆိုရင် ငိုပါ …. ငိုပြီးသွားတဲ့အခါ တိတ်ဖို့လိုတယ် ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်

မိန်းမသားတို့အတွက်

သျှင်ယွန်း

Likes:
0 0
Views:
752
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *