ရေနွေးသောက်တဲ့အကျင့်

လူတော်တော်များများမှာ အယူအဆမှားနေတာလေးတွေ ရိ်ှတတ်ကြပါတယ်။ ဥပမာ မနက်စောစောအိပ်ရာထတာနဲ့ စိတ်အာရုံလန်း ဆန်းအောင် ကော်ဖီပူပူလက်ဖက်ရည် ပူပူလေးတွေ သောက်ချင်ကြတာမျိုးပေါ့။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ရေကျတော့ ဘယ်သူမှသိပ် မသောက်ချင်ကြဘူး။

သောက်ရင်လည်းရိုးရိုးရေ မဟုတ်ပဲ ရေခဲရေမှ သောက်ချင်သူတွေကလည်း အများသားလား။ အေးမှ သောက်ချင်တာ လူ့သဘာဝပါ။ ငယ်စဉ်ကာလ ကလေးဘဝကတည်းက ရေအေးတိုက်ခဲ့ကြတဲ့ လူကြီးတွေရဲ့ အပြစ်လည်းပါလိမ့်မယ်။ အသက်ကြီးလာပြန်တော့လည်း ရေဆိုအေးမှ သောက်တဲ့အကျင့်ရလာပါတယ်။

ဒီလိုဆိုရင် ရေအေးသောက်တာ မကောင်းဘူးလား။ ကျန်းမာရေးဆိုးကျိုးရှိလို့လား။ရေပူနဲ့ ရေအေး ဘာကွာခြားလဲမေးစရာ ရှိပါတယ်။ အပေါ်ယံကြည့်ရင်တော့ ရေတိုင်းနီးပါးအတူတူပါပဲ။ ရေရဲ့ အဓိကအာနိသင်က ဆဲလ်တွေရဲ့ သယ်ယူပို့ဆောင်မှုလုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့သာဖြစ်တယ်။

ရေမှာ စွမ်းအင်အာဟာရဓာတ် မည်မည်ရရ မပါဝင်ပေမယ့် သတ္တုဓာတ်တွေတော့ ပါဝင်တတ်ကြတယ်။ ရေအရင်းအမြစ်ပေါ်လိုက်ပြီး သတ္တုဓာတ်သံဓာတ်၊ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ် ပါဝင်မှုပြောင်းလဲနိုင်ပါတယ်။ ဒါလည်း အဓိကတော့ သိပ်မကျပါရေရဲ့ အပူဓာတ်၊ အအေးဓာတ်သဘာဝပေါ် အခြေခံပြီး ကျန်းမာရေးအကျိုးရလာဒ်တွေ ပြောင်းလဲသွားတယ်။

ရေကိုအပူပေးတဲ့အခါ အထဲမှာပါတဲ့ ရောဂါပိုးမွှားတွေ ကင်းစင်သွားတယ်။ ရေနွေးရဲ့ အာနိသင်ကြောင့် ခန္ဓာကိုယ်အပူချိန် မြှင့်တက် လာစေတယ်။သွေးလည်ပတ်မှုအားကောင်းပြီး ချွေးထွက်များလာတယ်။

အဆိပ်အတောက်၊ပိုးမွှားတွေက အရေပြားကနေ ချွေးနဲ့အတူအပြင်ထွက်သွားတယ်။ ဒါ့ပြင် ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှု မြန်ဆန်စေပြီး အဆီပိုတွေ လောင်ကျွမ်းစေတယ်။ ကြွက်သားတွေကို ပြေလျှော့စေပြီး အာရုံကြောတွေကို နှိုးဆွပေးတယ်။

အသက်ရှု လမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေမှာ ရေနွေးက ပိုအသုံးဝင်တယ်။ အအေးမိ၊နှာစေးလည်ချောင်းနာချောင်းဆိုးအသံဝင် ခြင်းအတွက် ရေနွေးရဲ့အာနိသင်ကထိရောက်တယ်။ သလိပ်ပျော်စေပြီး ချွဲထွက်စေတယ်။ နှာခေါင်းပိတ်ခြင်းကိုသက်သာစေတယ်။ အသက်ရှုလမ်းကြောင်းကို ရှင်းလင်းစေတယ်။

အဖျားရောဂါတွေမှာ ရေနွေးက ရေအေးထက် ပိုကောင်းတယ်။ ဗမာဆေးတွေသောက်တဲ့အခါ ရေနွေးနဲ့သောက်ခိုင်းတာ ဒီအာနိသင်ကို ရရှိစေဖို့ဖြစ်တယ်။ သို့သော် အင်္ဂလိပ်ဆေးတွေမှာတော့ ရေနွေးနဲ့မသောက်ပဲ ရိုးရိုးရေအေးနဲ့သာ သောက်ပေးသင့်တယ်။ အပူက ဆေးရဲ့အာနိသင်ကို ပြောင်းလဲစေတယ်။ ဒါ့ပြင် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ကော်ဖီလက်ဖက်ရည်အချိုရည်စတာတွေနဲ့ တွဲသောက်တာမျိုးကို ရှောင်ကြဉ်သင့်တယ်။

အသက်ရှည်သူတွေကို လေ့လာကြည့်တဲ့အခါမှာလည်း အများစုဟာ ရေအေးမသောက်ဘဲ ရေနွေးကိုသာ စွဲစွဲမြဲမြဲ သောက်ကြတာ တွေ့ရပါတယ် သီအိုရီအရ အစာစားပြီး ရေအေးသောက်တဲ့အခါ အစားအသောက်နဲ့ ပါလာတဲ့ အဆီလေးတွေကို ခဲသွားစေတယ်။ အဲဒီအဆီခဲလေးတွေဟာ အူူနံရံမှာ တွယ်ကပ်တဲ့အခါ အူလမ်းကြောင်း ကင်ဆာကို ဖြစ်ပေါ်စေတယ် မနက်စောစော အိပ်ရာထမှာ ရေနွေးသောက်ပေးခြင်းကို အထက်ပါဆိုးကျိုးတွေကို ကာကွယ်နိုင်တယ်လို့ဆိုတယ်

လေ့လာမှုတွေအရ မနက်အိပ်ရာထမှာ ရိုးရိုးရေနွေးလက်ဖက်ခြောက်မပါသောက်ခြင်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်တာ တွေ့ရတယ်။အစာအိမ်ကို စတင်နှိုးဆွပေးပြီး အူလမ်းကြောင်းကို အသက်ဝင်စေတယ်။ တနေ့တာအစာခြေဖို့အတွက် အခြေခံကောင်း တခုဖြစ်တယ်လို့ ယူဆကြတယ်။အူလှုပ်ရှားမှုကို ဖြစ်စေပြီး အစာချေစနစ်ကို အားပေးလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး ဖြစ်တယ်။

တချို့ကလည်း ရှောက်သီးနေရာမှာ သံပုရာသီးကို သုံးတယ်အလျဉ်းသင့်လို့ ဖော်ပြရရင် သံပုရာသီးနဲ့ ရှောက်သီးမှာ ကွာခြားချက်လေးတွေ ရှိတယ်။ ပုံစံကို ကြည့်ရင် ယေဘုယျခွဲနိုင်တယ် သံပုရာက အလုံးသေးပြီး ဝိုင်းတယ် အရောင်က အစိမ်းရောင် ရှိတယ် ရှောက်သီးကတော့ ဘဲဥပုံဖြစ်ပြီး အဝါရောင် ဖြစ်တယ်ဒီထဲမှာ သံပုရာသီးက ပိုချဉ်ပြီး အက်ဆစ်ဓာတ်ကဲတယ်။

ရေနွေးသောက်တဲ့အခါ ရှောက်သီးသို့သံပုရာသီး တညလုံးစိမ်ထားပြီးသား ရေနွေးထက် လောလောလတ်လတ်စိမ်ထားတဲ့ ရေနွေးခပ်ပူပူကို ပိုသောက်သင့်တယ်။ သောက်တဲ့အခါ အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးထက် အသင့်အတင့်ပူတဲ့ ရေနွေးမျိုးက ပါးစပ်အစာမျိုပြွန်နဲ့ အစာအိမ်လမ်းကြောင်း ထိခိုက်မှုကို ကာကွယ်ရာရောက်တယ်။

ရေသောက်တဲ့အခါတထိုင်တည်းနဲ့ အများကြီးကုန်အောင်သောက်တာမျိုးလည်းမလုပ်အပ်ဘူး။ ပျို့ချင်၊အန်ချင်ရင်ပြည့်ရင် ကယ်ဖြစ် စေတယ်။ အစာခံပြီးဆီးသွားများစေတယ်။ ပိန်ချင်သူတွေကျတော့ဒီအချက်ကိုသုံးတယ်။ တချို့ကမစားခင်နာရီဝက်ရေကြိုသောက်ပြီး ဗိုက်တင်းစေတယ်။

လူနာတွေထဲမှာမနက်စာလုံးဝမစားပဲ ရေနွေးတခွက်သောက်ပြီး ငှက်ပျောသီးတလုံးနဲ့ သိဒ္ဓိပြီးသူတကယ်ရှိပါတယ်။ အံ့သြစရာအချက်က ၂-၃လလောက်ကြာတဲ့အခါ တကယ်အဆီကျလာတယ်။ သောက်စမှာ မလွယ်ကူပေမယ့်မကြာခင်အဆင်ပြေလာပါတယ်။ ဒါ့ကြောင့် ပိန်ချင်သူ၊ကျန်းမာချင်သူ မည်သူမဆို မနက်အိပ်ရာထ ရေနွေးတခွက်နဲ့စတဲ့အကျင့်လုပ်ဆောင်ကြည့်ဖို့တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

crd

Likes:
0 0
Views:
615
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *