အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ သူငယ်ချင်းဆရာမလေးကို လက်ထိပ်ကြီးနဲ့ မြင်လိုက်ရလို့ မျက်ရည်ကျမိကြောင်းပြောလာတဲ့ ပြည်သူတစ်ဦး

ပြီးခဲ့တဲ့မေလ (၂၆) ရက်နေ့အထိ စာရင်းများအရ မြန်မာနိုင်ငံမှာ ကျဆုံးသူပေါင်း (၈၂၈) ဦးခန့် ရှိနေပြီဖြစ်ကြောင်းသိရပြီး အမှန်တကယ် ကျဆုံးသူအရေအတွက်မှာ လက်ရှိစာရင်းထက်တောင် ပိုများနိုင်တာ ဖြစ်ပါတယ် ။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူပေါင်း (၅၄၄၁) ခန့်ရှိနေပြီဖြစ်ကြောင်း AAPP ကထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

ကျဆုံးသွားတဲ့သူတွေထဲမှာ တိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်သစ်လေးတွေ ပါသွားခဲ့သလို ဖမ်းဆီးခံထားရတဲ့ပြည်သူတွေထဲမှာလည်း အရည်အချင်းရှိတဲ့လူငယ်တွေ ပါဝင်နေတာ ဖြစ်ပါတယ် ။

အခုလည်း ပြည်သူတစ်ယောက်က သူ့ရဲ့သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမလေးတစ်ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။

ပြည်သူ့ဝန်ထမ်းအဖြစ် အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ အဲ့ဒီကျောင်းဆရာမလေးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖမ်းဆီးခံလိုက်ရတာဖြစ် ကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ် ။

ဒီနေ့မှာဆိုရင်လည်း လက်ထိပ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့ ဆရာမလေးရဲ့ဓာတ်ပုံကို တင်ထားတာ တွေ့ရပါတယ်။

ဒီပုံကိုမျှဝေခဲ့တဲ့ သူငယ်ချင်းဖြစ်သူကတော့ ဆရာမလေးအတွက် မျက်ရည်ကျမိကြောင်း၊ အဲ့ဒီမျက်ရည်ကလည်း ဂုဏ်ယူလို့ကျရတဲ့ မျက်ရည်ဖြစ်ကြောင်းကို ဝမ်းနည်းစွာနဲ့ ဖွင့်ဟပြောကြားထားတာ ဖြစ်ပါတယ် ။

အဖြူအစိမ်းဝတ်တဲ့ ဆရာမလေးခမျာ အခုတော့ အမှန်တရားအတွက် လက်ထိပ်ကြီးနဲ့ ရဲရဲဝင့်ဝင့် လမ်းလျှောက်နေရတာကိုမြင်ပြီး အားလုံးက စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။

ပြည်သူတွေကတော့ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့တဲ့ ဆရာမလေးအတွက် ဂုဏ်ယူနေပြီး အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။

Credit to original writing

Likes:
0 0
Views:
827
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *