System Breakdown ဆိုသည်မှာ အဘယ်နည်း ??

System Breakdown ဆိုသည်မှာ အဘယ်နည်း ??

လျှပ်စစ်ဓာတ်အားပြတ်တောက်သည့် အကြောင်းအရင်းများကို လျှပ်စစ်ဓါတ်အားသုံးစွဲ သူပြည်သူများဗဟုသုတအနေဖြင့် သိရှိနိုင်ပါရန် နှင့် အခက်အခဲ အခြေအနေ အကြောင်း ရင်းများကို သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။’ဓါတ်အားပြတ်တောက်ရခြင်း အကြောင်းရင်းများ’

1.System Breakdown

2.Line Fault

3.Shut Down

4.Load Shed

1.System Breakdown

System Breakdown ဆိုသည်မှာ တစ်နိုင်ငံလုံးကို လျှပ်စစ်ပေးနေသော ဓာတ်အားစနစ် တစ်ခုလုံး၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခြင်း ဖြစ်သည်။ထိုအချိန်တွင် ဓာတ်အား ပေးစက်ရုံ အတော်များများက အလိုအလျောက် ထိန်းချုပ်စနစ်များကြောင့် ရပ်တန့်ကုန်သည်။

အချို့သော ဓာတ်အားပေးစက်များက ဓာတ်အားထုတ်ခြင်းမရှိပဲ စက်လည်လျှက် ( Full Speed, No-Load condition ) ဖြစ်ကုန်သည်။အချို့သော ဓာတ်အားလိုင်းများက အလိုအ လျောက် ပိတ်သွားကြသည်။

တနည်းအားဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်မီး အမှောင်ကျသွားခြင်း ဖြစ်သည်။ထိုကိစ္စကို မြန်မာ ပြည်သူများ ယခင်က မကြာခဏ တွေ့ကြုံခံစား ကြရသည်။ ထို့ကြောင့် ပြည်သူတွေနှင့် မီဒီယာအကြားတွင် “စစ်စတန် ဘရိတ်ဒေါင်း” ဟူသော အင်ဂျင်နီယာ အသုံးအနှုန်းတစ်ခုမှာ တရင်းတနှီး ဖြစ်သွားခဲ့ဖူးသည်။

သို့သော် ပြည်သူတွေက ထိုသို့ တွေ့ကြုံရမှုကို မနှစ်သက်ပါ။ထို့အတူ လျှပ်စစ်ဝန်ထမ်းများက ပို၍ မနှစ်သက်ပါ။ဖြစ်လာခဲ့လျှင် အလွန် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ကြရပါတယ်။

တစ်နိုင်ငံလုံးမှာ ရှိတဲ့၊ ဓာတ်အားပေးစက်တွေရဲ့ အခြေအနေတွေကို မေးရင်း၊ စက်တစ်လုံးပြီး တစ်လုံးကို ပြန်မောင်းနိုင်ဖို့၊ စက်တွေကို ပြန်တွဲနိုင်ဖို့၊ ဓာတ်အားလိုင်းတွေကို တစ်လိုင်းပြီး တစ်လိုင်း ဓာတ်အားပြန်လွှတ်နိုင်ဖို့၊

ထိုသို့ လုပ်ကြရင်းနဲ့ အမှားအယွင်း ကင်းကင်းနဲ့ မြန်မြန်ထက်ထက် ဆောင်ရွက်နိုင်ဖို့၊ ကိုယ် စွမ်းဥာဏ်စွမ်းရှိသမျှ ဖြင့် တွေ့ကြုံနေရတဲ့ မတူညီသော အခြေအနေ အမျိုးမျိုးကြားမှာ ပြည်သူတွေ လျှပ်စစ်မြန်မြန်ပြန်ရဖို့အတွက် ဇောချွေးပြန်ကာ ဆောင်ရွက်ကြရပါတယ်။

ဒီကြားထဲမှာ ဝိုင်းပြီးပို့တဲ့ မေတ္တာတွေကို အဟောသိကံ ခံယူကြရင်းနဲ့ပေါ့။System Breakdown ဖြစ်စေနိုင်သော အကြောင်းရင်း များစွာ ရှိပါသည်။အဖြစ်အများဆုံး ကိစ္စရပ်မှာ ဓာတ်အားထုတ်လုပ်နိုင်မှုထက် ဓာတ်အား သုံးစွဲမှုက အလွန်ပိုမိုများပြားလာသည့်အချိန်တွင် Under-Frequency Protection ဖြင့် စက်များ Trip ဖြစ်၍ ရပ်တန့်ကုန်တတ်သည်။

တစ်ခါတစ်ရံ၌ လျှပ်စစ်များစွာ စီးဆင်းနေသော ဓာတ်အားလိုင်းကြီးတစ်ခု၌ လိုင်းအပြစ် တစ်မျိုးမျိုး ဖြစ်ပေါ်ခြင်းကြောင့် အလိုအလျောက်ထိန်းချုပ်စနစ်က အပြစ် (Fault) ရှိနေသော ထိုဓာတ်အားလိုင်းကို ဓာတ်အားစနစ်မှ ဖယ်ရှားသည့်အခါ ကျန်ဓာတ်အားလိုင်းများကပါ အပိုဝန်ကို ထပ်ထမ်းရန် မနိုင်ရာမှ System Breakdown ဖြစ်ရတတ်သည်။

သဘာဝဘေးအန္တရာယ်များကြောင့် ဓာတ်အားစနစ်အတွင်းရှိ အရေးကြီးသော လျှပ်စစ်စက် ပစ္စည်းများ ထိခိုက်ပျက်ဆီးရာမှလည်း System Breakdown ဖြစ်ရတတ်သည်။

ဓာတ်အားလိုင်းကြီးများ၏ အောက်တွင် လူက တောင်ယာမီးရှို့ကြရာမှဖြစ်စေ၊ သဘာဝတောမီး လောင်မှုကြောင့်ဖြစ်စေ၊လိုင်းများTrip ဖြစ်ကာကြုံရတတ်ပြန်သည်။အမျိုးမျိုးသောအကြောင်း များကြောင့် မည်သို့ပင်ဖြစ်စေ၊ ကောင်းသော ဖြစ်ရပ် မဟုတ်ပေ။

System Breakdown ဖြစ်သည် ဆိုသည်မှာ ကောင်းသော အခြေအနေ မဟုတ်။ မဖြစ်လေ ကောင်းလေ ဖြစ်သည်။ထို့ကြောင့် လျှပ်စစ်ဝန်ထမ်း အားလုံးက ဝိုင်း၍ ကြိုးစားကြရသည်။

2.Line Fault

ဓာတ်အားလိုင်းအပြစ် ဖြစ်ခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။ဓာတ်အားလိုင်းအပြစ်ဖြစ်နိုင်သည့် အကြောင်းအရင်းများစွာရှိပါသည်။ (ဓာတ်အားလိုင်းပေါ်သစ်ပင်ပိ ၊တိုင်ကျိုး၊ ကြိုးပြတ်ကျ၊ ကြွေသီးကွဲ စသည်ဖြင့် ဓာတ်အားလိုင်းနှင့်ပက်သက်၍ ချို့ယွင်းချက် ဖြစ်ပေါ် ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည် ။

Permanent line fault ဖြစ်ခဲ့လျှင် ဓာတ်အားလိုင်းတစ်လျှောက် လိုင်းအပြစ်လိုက်လံရှာ ဖွေပြုပြင်ပြီးမှ ဓာတ်အားပြန်လည်ပို့လွှတ်ရတာ ဖြစ်သောကြောင့်ဓာတ်အား ပြတ်တောက်ချိန် အနည်းငယ်ကြာမြင့်တတ်ပါသည်။

3. Shut Down

ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ ကြံ့ခိုင်ကောင်းမွန်စေရန် အတွက် ဓာတ်အားပိတ်၍ ထိန်း သိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ရခြင်းဖြစ်ပါသည်။ထိုသို့ဆောင်ရွက်မှသာ ဓာတ်အား လိုင်း အပြစ်ဖြစ်ပေါ်မှု (line fault) နှင့်ဓာတ်အားခွဲရုံ ချို့ယွင်းမှု များနည်းပါးပါမည်။

shut down ဆောင်ရွက်သည့်အခါ ဓာတ်အားပြတ်တောက်မည့် နေ့ရက်နှင့်အချိန်တို့အား ကြို တင်အသိပေးပြီးဆောင်ရွက်ကြပါသည်။ရံဖန်ရံခါ မှာတော့ ဓာတ်အားပေးထားစဉ်ဓာတ်အား လွှတ်ထားသည့်စက်ပစ္စည်း (သို့)ဓာတ်အားလိုင်းများ ချို့ယွင်းလာသည့် အခြေအနေ များတွင် လည်း အရေးပေါ် shut down များဆောင်ရွက်ရသည့် အခါများလည်း ရှိတတ်ပါသည်။ ဓာတ်အားပြတ်တောက်မှုကြာချိန်မှာ လုပ်ငန်းဆောင်ရွက်ရမည့် ပမာဏပေါ် မူတည်ပါသည်။

4.Load Shed

လာပါပြီခင်ဗျ Load shed ဒီရက်ပိုင်း တွေ့ကြုံနေရတဲ့ ဓာတ်အားပြတ်တောက်မှုပေါ့ ။မြန်မာ နိုင်ငံ ဓာတ်အားစနစ်သည် ရေအားလျှပ်စစ်ကို အဓိက အခြေပြုထားတဲ့ ဓာတ်အားစနစ် ဖြစ်ပါ သောကြောင့် နွေရာသီတွင် ဓာတ်အားထုတ်လုပ်မှု အနည်းငယ် လျော့ကျပါသဖြင့် ဓာတ်အား ထုတ်လုပ်နိုင်မှုနှင့်ဓာတ်အားသုံးစွဲမှု ဟန်ချက်ညီစေရန်၊ ဓာတ်အားစနစ် တည်ငြိမ်စေရန်၊ (System Breakdown မဖြစ်စေရန်)အတွက်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။

ထို့အပြင် ဓာတ်အားစနစ်မှဓာတ်အားနိုင်နင်းသော်လည်း မိမိတို့အားဓာတ်အားပေးထားသော ထရန်စဖော်မာမှ ဝန်အားနိုင်နင်းမှု မရှိလျှင်လည်း ယင်း ထရန်စဖော်မာကို အဆင့်မြှင့်တင်မှု မလုပ်နိုင်ခင်ကြားကာလမှာလည်း load shed များဆောင်ရွက်ရလေ့ ရှိပါတယ်။နွေရာသီ မီးသုံးအများဆုံး အချိန်များတွင်ဆောင်ရွက်ရလေ့ ရှိပါတယ်။

ဓာတ်အားပြတ်တောက်မှု ကြာချိန်မှာ နာရီဝက် ၊တစ်နာရီခွဲ၊နှစ်နာရီကြာမြင့်တတ်ပါသည်။ အထက်ပါ အကြောင်းအရာများကြောင့် ဓာတ်အားပြတ်တောက်မှုများအား နည်းပါးစေရန်အ တွက် လျှပ်စစ်ဌာနအနေဖြင့် ကြိုးစားဆောင်ရွက်နေပါကြောင်းနှင့် မီးသုံးသူပြည်သူများအနေ ဖြင့်လည်း ဓာတ်အားပြတ်တောက်မှုများ တွေ့ကြုံလာခဲ့ပါကလည်း နားလည်သည်းခံပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

လျှပ်စစ်ဓာတ်အားပေးတယ်ဆိုတာထင်သလောက်မလွယ်ကြပါဘူးနည်းပညာ အဆင့်ဆင့်နဲ့ ထိန်းချုပ်ထားမှအပျက်အစီး အသေအပျောက်နည်းမှာပါမိတ်ဆွေတို့ကို အသိပေးရုံသက် သက်ပါမပြည့်မစုံဘဝမှာ ရုန်းကန်နေရသောလျှပ်စစ်ဝန်ထမ်းများကို စာနာကြည့်ရုံသက်

သက်ပါမူရင်းရေးသားသူအား crd ပေးပါသည်

Likes:
0 0
Views:
870
Article Categories:
KNOWLEDGENEWS

Leave a Reply

Your email address will not be published. Required fields are marked *