ခေါင်းကိုက်တဲ့အခါ အသုံးပြုနိုင်တဲ့ အိမ်တွင်းကုထုံးများ

ခေါင်းကိုက်တဲ့အခါ အသုံးပြုနိုင်တဲ့ အိမ်တွင်းကုထုံးများ

မကြာခဏ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားနေရပါသလား မထင်မှတ်ထားဘဲ ခေါင်းကိုက်လာတာမျိုးတွေ ရှိပါသလား။ တစ်ခါတလေ အကြောင်းတစ်စုံတစ်ရာ မရှိပါဘဲ ခေါင်းကိုက်လာတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ခေါင်းကိုက်ရခြင်းရဲ့ အကြောင်းပြချက်တွေက တော့ ရေဓာတ် ခန်းခြောက်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ အာရုံစူးစိုက်လွန်းခြင်းနဲ့ အရက်အသောက်လွန်ခြင်းတို့ကြောင့် ဖြစ်ကြတာ များပါတယ်။

ရာသီဥတု အပြောင်းအလဲကို မခံနိုင်တဲ့ အခါမျိုးမှာလည်း ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်မယ့် အိမ်တွင်း အစားအစာလေးတွေ ရှိပါတယ်။

ဂျင်း

ခေါင်းကိုက်တဲ့အခါ ဂျင်းအရည်ကို ညှစ်သောက်လို့ ရသလို ဂျင်းကို ထုထောင်းပြီး နားထင်ကို အုံထားရင်လည်း သက်သာစေပါတယ်။ ဂျင်းအရည်ကို သံပုရာရည်နဲ့ရောပြီးလည်း သောက်ပေးလို့ ရပါတယ်။ ဂျင်းဟာ သွေးဖိအားကို ပြန်ညှိပေးနိုင်တဲ့ အတွက်ပါ။ ဂျင်းမှုန့် (သို့)ဂျင်းတက်ကို ကျိုပြီး သောက်လို့လည်းရပါတယ်။

သစ်ကြပိုးခေါက်

သစ်ကြပိုးခေါက်ဟာ ခေါင်းကိုက်ခြင်းအတွက် အသုံးဝင်တဲ့ အိမ်တွင်း ကုထုံးတစ်မျိုးပါ။ သစ်ကြပိုးခေါက်အမှုန့်ကို ရေအနည်းငယ်ရောပြီး နားထင်နဲ့ နဖူးပေါ်မှာ မိနစ် ၃ဝလောက် အုံပေးထားပါ။ ပြီးရင် ရေနွေးနွေးနဲ့ ပြန်ဆေးချပါ။

လေးညှင်းပွင့်

ခေါင်းကိုက်တဲ့အခါ ရူတဲ့ ရူဆေးတွေမှာ လေးညှင်းပွင့်လေးတွေ ပါတတ်ပါတယ်။ လေးညှင်းဟာ အခိုးပွင့်စေတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ လေးညှင်းပွင့်ကို အဝတ်ပါးထဲ ထည့်ပြီး ရူပေးရင် သက်သာစေပါတယ်။

သံပုရာသီး

သံပုရာသီးဟာ အလွယ်ကူဆုံး ခေါင်းကိုက်သက်သာစေမယ့် အရာပါ။ ရေနွေးနဲ့ရောစပ်ပြီး သောက်ရင်လည်း သက်သာစေနိုင်ပါတယ်။ အနံ့ကို ရူရင်လည်း ခေါင်းကြည်စေနိုင်ပြီး သံပုရာသီးကို နဖူးနဲ့ နားထင်တွေကို ပွတ်တိုက်ပေးရင်လည်း သက်သာစေနိုင်ပါတယ်။

Chamomile Tea

Chamomile ဆိုတာကတော့ ဥရောပဖက်မှာ ပေါက်ရောက်တဲ့ ကမ်မိုမိုင်လို့လည်း ခေါ်တဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးပါ။ သူ့ကို ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့ လက်ဖက်ခြောက်အဖြစ် သောက်ကြပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်တဲ့ အစားအစာ တစ်ခုပါပဲ။

crd

Likes:
0 0
Views:
609
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *