နှစ်ထပ်busကားကြီးကို နေအိမ်အဖြစ်ပြောင်းလဲပြီး ခရီးထွက်ကာပျော်ပါးချင်ကြသည့် အိမ်မက်ကလေးကို အကောင်အထည်ဖော်ခဲ့ကြသည့် စုံတွဲနှစ်ဦး

လူတိုင်း၏စိတ်ထဲတွင် စိတ်ကူးရင်ထားသော အိမ်မက်ကလေးများရှိတတ်ကြပေသည်။ချစ်သူစုံတွဲများအတွက်မူ အိမ်မက်များဟာ ပို၍ပင်များပြားနေပေလိမ့်မည်။

အင်္ဂလန်နိုင်ငံမှ ချစ်သူစုံတွဲနှစ်ဦးဟာတော့ လူတတိုင်းအားကျစေမည့် အိမ်မက်ကလေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါတယ်။

သူတို့ချစ်သူနှစ်ဦးဟာ နှစ်ထပ်busကားကြီးကို ဝယ်ယူပြီး အိမ်မက်ထဲကအတိုင်း နေအိမ်လေးအဖြစ်အတူတကွ ပြောင်းလဲခဲ့ပါတယ်။

သူတို့နှစ်ဦးလုံးဟာ ခရီးထွက်ခြင်းကို အလွန်နှစ်သက်သည့်အတွက် ကားကိုပြောင်းလဲရန် အိမ်မက်မက်ခဲ့ခြင်းဖြစ်ပေသည်။သူတို့ဟာ ကားကို ဒေါ်လာ၄၃၇၀ဖြင့် ဝယ်ယူခဲ့ပြီး နေအိမ်အဖြစ်ပြောင်းလဲရန် ဒေါ်လာ၂၀၈၃၀တိတိကို ကုန်ကျခဲ့သည်ဟု ဆိုခဲ့ပါတယ်။

ယခုတွင်တော့ ချစ်သူနှစ်ဦးဟာ ကားကလေးပေါ်တွင် အတူတူနေထိုင်နေကြပြီး ခရီးထွက်သည့်အခါမျိုးတွင်လည်း ပစ္စည်းများကို ထုပ်ပိုးစရာမလိုဘဲ လွယ်ကူစွာသွားလာနိုင်ပြီဟု ဆိုခဲ့ပါတယ်။

Credit-Shoon (Cdle Daily)

Likes:
0 0
Views:
607
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *