ဒီကဗျာ​ကြောင့် စစ်အာဏာရှင်​တွေရဲ့ စစ်ခုံရုံးက တာရာမင်း​ဝေ မဖြစ်​သေး​သော ​ရွှေဘုန်းလူ ကို အလုပ်ကြမ်းနဲ့ ​ထောင်ဒဏ် ၅ နှစ် ဆိုပြီး ဖမ်းဆီး ချုပ်​နှောင်ခဲ့သည်။

ဒီကဗျာ​ကြောင့် စစ်အာဏာရှင်​တွေရဲ့ စစ်ခုံရုံးက တာရာမင်း​ဝေ မဖြစ်​သေး​သော ​ရွှေဘုန်းလူ ကို အလုပ်ကြမ်းနဲ့ ​ထောင်ဒဏ် ၅ နှစ် ဆိုပြီး ဖမ်းဆီး ချုပ်​နှောင်ခဲ့သည်။

#ကျောင်းဖွင့်ချိန်

(၁)ငါတို့ကျောင်းတော်ကြီးရဲ့မော်ကွန်းထိန်းသိမ်းရေးအခန်းမှာဟစ်တလာရုပ်ထုကိုလူတစု ထုဆစ်နေကြတယ်။သူတို့ဟာ …ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်ပျားရည်စက်တွေကို မီးရှို့ပူဇော်ဆိုင်ရာနိုက်ဖြူလျော်လျော်တွေသွန်းကြဲပက်ချဟစ်တလာပါးစပ်ထဲက ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။

သူတို့ဟာ …ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေးသွေးစွန်းလက်တွေနဲ့ ပျူငှာစွာဖိတ်ခေါ်ကြပါပြီ။

(၂)ငါတို့ကျောင်းတော်ကြီးရဲ့ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာတဖြည်းဖြည်း နှစ်ငါးဆယ်လောက် ပြန်ငယ်ရွယ်သွားတယ်။အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေနံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထအဲဒါ … “အောင်ဆန်း” တို့ …. “ကျော်ငြိမ်း” တို့… “သိန်းဖေ” တို့ … “ညိုမြ” တို့ရဲ့၀ိညာဉ်တွေပဲ …။

ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုးဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။ခု … သူတို့ရဲ့ ဝိညာဉ်တွေဟာ“ကမ္ဘာမကြေဘူး …..ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး …”သီချင်းလေး နားဆင်ရင်းရာဇ၀င်ရဲ့ တကျော့ပြန် စိန်ခေါ်ပွဲကိုမျက်ရည်တဝဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)ငါတို့ကျောင်းတော်ကြီးရဲ့ဒီဘက်ခေတ် ၁၉၈၇ – ၈၈ နှစ်များထဲမှာပါတက္ကသိုလ်စာကြည့်တိုက်ထဲမှာဖြူဝါးဝါး အရိပ်တချို့စာ ထိုင်ဖတ်နေကြတယ်။

တချို့ဖတ်တာ .. ကဗျာစာအုပ်တချို့ဖတ်တာ .. သမိုင်းစာအုပ်တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်ရုတ်တရက် အဖြူရိပ်တခုဟာ ထိုင်ရာက ထ“ဗမာပြည်ကို ကယ်တင်ရတော့မယ်”နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်“ဗမာပြည်ကို ကယ်တင်ရတော့မယ်ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”သူတို့ဟာ တိတ်ဆိတ်စွာအခန်းပြင်ကို ထွက်သွားကြပါတော့တယ်။

စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများလွယ်အိတ်လွယ်သံများဖိနပ်စီးသံများ အဆုံးမှာနောက်ထပ် အဖြူရိပ်တခု ထပ်ထွက် …….. နောက်ထပ် နောက်ထပ် ……

(၄) ငါတို့ကျောင်းတော်ကြီးရဲ့စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာအရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။အရိုးစုတခုက … ထိုင်ရာမှ ဖြည်းညှင်းစွာထ“ကျနော်တို့တော်လှန်ရေးအာဏာရှင်တွေ နောက်ဆုံးနေ့အထိ”စသည်ဖြင့် ပြောကြားအားလုံး ငြိမ်သက် နားထောင် နေကြတယ်။

အခန်းထဲမှာအကျဉ်းထောင်က ပြေးထွက်လာတဲ့ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေသတ္တိဗုံးကို နှောင်ထုံးခတ်ပတ်ကြားအက်နေတဲ့ ရန်သူ့မျက် နှာတွေအဲဒီမှာ … အရိုးစုတခုက လက်သီးဆုပ်သူ့နှုတ်က တိုးတိုးလေးပြော“တောက အဖေနဲ့အမေတော့ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”ကြေကွဲစွာ သူ့မျက်လုံးပေါက်ထဲကမျက်ရည်ဖြူတစက်စီးသက်ကျလာတယ်။

(၅) ငါတို့ကျောင်းတော်ကြီးရဲ့ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာအချုပ်ကားပြာပြာကြီးတွေဒရကြမ်း နှင်နေကြ တယ်။အဲဒီကားကြီးတွေထဲ မှာ“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေဒါတို့မြေ ..တို့ပိုင်တဲ့မြေ” ဆိုတဲ့တေးသံသာယာညီညာစွာ ပဲ့တင်ပေါ်ထွက်ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီအချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာသူတို့ရဲ့ တံဆိပ်… သူတို့ရဲ့အလံဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထား တဲ့သဏ္ဍန်သာ ဖြစ်တယ်။

ကျောင်းခေါင်းလောင်းအိုကြီးဟာထွက်ခွာသွားတဲ့ အချုပ်ကားနောက်ပြေးလိုက် ခလုပ်တိုက်ပြီး လဲပြိုကျချိုလွင်ရှတတဲ့ ခေါင်း လောင်းသံထွက်ရမယ့်အစား“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)ငါတို့ကျောင်းတော်ကြီးရဲ့နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာဒေါင်းအလံတလူလူလွှင့်ထူလို့ကျောင်းသားတွေ ချီလာပါပြီ ရင်တအုံ လုံးပွင့်ထွက်နေတဲ့ ကျောင်းသားကရှေ့ဆုံးကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့ ကျောင်းသားတွေကနောက်က ချီတက်လိုက်ပါ လာတယ်။

“ဒီမိုကရေစီရရှိရေး … တို့အရေး”“အာဏာရှင်စနစ်ကျဆုံးရေး … တို့အရေး” တဲ့။ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း တိုက်ပွဲ၀င် ခဲ့ကြရတဲ့ငါတို့ရဲ့တော်လှန်ရေးဘယ်တော့မှ … အရှုံးမပေးဘူးဟေ့ …”သေနတ်သံတချက်ဖောက်ရင်ရာဇပလ္လင် မီးဟုန်းဟုန်းတောက်သွားမယ် …”နောက်ဆုံးနေ့အထိ …​နောက်ဆုံး​နေ့အထိ ….

(၇)ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာရုတ်တရက် ရဲရဲနီစွေးသွားတယ်။ချက်ခြင်းပဲ ရေငွေ့ပျံတက်ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခိုကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချလျှပ်တွေပြက်မိုးတွေခြိမ်း …… ဒိန်းဒုံး ဆူညံသွားတယ် …။အဲဒီအခါ … ကျောင်းတော်မှာ …ပန်းတွေ ဖျတ်ကနဲ ပွင့်ကြငှက်ဆိုးတွေ ဝေါကနဲ ထပျံကြသစ်ရွက်တွေ တလက်လက် တောက်ပကြခုံတန်းလျားတွေ အုတ်ဂူအဖြစ် ပြောင်းလဲကြမြေကြီးတွေ တုန်ခါတော်လဲကြ။

တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေးကြွေးကြော်သံတွေနဲ့ဗမာပြည်ကြီး တဝုန်းဝုန်း ရုန်းကန်နိုးထပြီး နောက်ဆုံးငြိမ်သက် သွားတဲ့အခါငါတို့ကျောင်းတော်ကြီးဟာ …..တလဲ့လဲ့ တ၀င်း၀င်းသွေးနီရောင် တောက်ပကာ…အာဇာနည်သူရဲ ကောင်းတို့ရဲ့ဂူဗိမာန်ကြီး ပမာသာ တည်ရှိနေပါတော့တယ် …။

(၈)ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြားခု … သွေးပင်လယ်ကြီးခြားနေပါပြီ …“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ သွေးပင်လယ်ကြီးကို ကျော်နင်းထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် …အဲဒီထဲက တချို့ဟာ …“အကြောင်းကြောင်းကြောင့်ပါ” လို့စိတ်မကောင်းစွာပြောရင်း …ထုံးတံတားကို လျှောက်နင်း …ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်ငါတို့ … နားလည်ခွင့်လွှတ်နိုင်ပါတယ်။

တချို့ကတော့ …“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်းထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် …ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။ အဲဒီလို … လူစားတွေကိုတော့ …ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်ရာဇ၀င်က ခွင့်မလွှတ်သရွေ့သူတို့ဟာ … သမိုင်းမှာ …“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)ကျောင်းသားနဲ့ကျောင်းတနေ့တော့ ပေါင်းရမှာပဲငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီးကျောင်းကြီးဆီ အရောက်သွားကြမယ်။ သွေးပင် လယ်ကြီးဟာတငွေ့ငွေ့ပူခြစ်ဆူပွက်ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုးသွေးလှိုင်းတံပိုး တဝုန်းဝုန်းပြင်းထန်ငါတို့တွေငါတို့တွေ လှည့်မ ပြန် ဘူး၊ငါတို့ထဲက တချို့ဟာ …ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထုငါတို့အထဲက တချို့ဟာ …ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်ငါတို့အထဲက တချို့ဟာ …ကိုယ့်လက်ဖဝါး ကိုယ်ရိုက်ဖြတ်လှေရွက်အဖြစ် စပ်ချုပ်မုန်တိုင်းကို ခွဲ၀င်သွေးပင်လယ်ကို ဖြတ်ပြီး ကျောင်းတော်ကြီးဆီသွားဖို့လုပ်နေတယ်…။ ။

(၁၀)နောက်ဆုံးမှာ …ဒေါင်းအလံကို … ဗြောင်းဆန်အောင် လွှင့်ထူရင်းအမှန်တရားတခုထံငါတို့ သစ္စာအဓိဌာန်ပြုအို … သူရဲကောင်းတို့အို … ကျဆုံးခဲ့လေ​သော ဒီမိုကရေစီတိုက်ပွဲ၀င် သူငယ်ချင်းဟောင်း သူရဲကောင်းတို့ …ထာ၀စဉ် မပျက်ပြယ်နိုင်လောက်အောင်မြင့်မြတ်စွာ ကျဆုံးခဲ့သော …သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်ငါတို့၏ရှေ့နောက်ဝဲယာ …ထက်အောက်၀န်းကျင်၌ပျံ့နှံ့တည်ရှိကြကုန်တော့၏။

သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ထိုးဖောက် ယိုစိမ့် စီး၀င်ကာရဲရင့်ခြင်းမှာ ငါတို့အားဖြစ် တည်စေတော့၏။အို … သူရဲကောင်းတို့အို … ကျဆုံးလေ​သောဒီမိုကရေစီတိုက်ပွဲ၀င် သူငယ်ချင်းဟောင်း သူရဲကောင်းတို့ဗမာပြည်ကို ရှိခိုးကာဤသွေးပင်လယ်အားငါတို့ ဖြတ်ကူးအံ့မိုးလုံးပြည့် ကောင်းချီးသြဘာပေးသံများကြားမှာ

ငါတို့၏အရေးတော်ပုံ အောင်မြင်ပါစေသတည်း။

#တာရာမင်းဝေ

Likes:
0 0
Views:
4554
Article Categories:
BooksKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *