ဂျာအေးကဗျာ၏ အဓိပ္ပါယ် မသိသေးသူများအတွက် အဖိုးတန်လွန်းလို့ မျှဝေလိုက်ပါတယ်

ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ဘယ်ကစပြီးဘယ်တော့ဆုံးမယ်မှန်းမသိတဲ့ ဒီကဗျာလေးကို ကျွန်တော် တို့ငယ်စဉ်ကတည်းကအလွတ်ရနေခဲ့ကြတာပေမယ့် အဓိပ္ပါယ်သိသူနည်းပါးဦးမှာပါ

ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ခုနှစ်နဲ့မူရင်း အဓိပ္ပါယ်ကို သေချာမသိရပါဘူး..ဒါပေမယ့် ကံအကြောင်းတိုက်ဆိုင်စွာ ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက် ဝေမျှလိုက်ပါတယ်..

မုန့်လုံးကိစက္ကူကပ်ပါလို့ မုန့်လုံးနဲ့တူတဲ့ ကျွန်တော်တို့ရဲ့ခန္ဓာငါးပါးသက္ကာယတရားတွေကိုတဏှာဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်..

ကြာကလပ်နဲ့ ဆွမ်းတော်တင်နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ကြပါတယ်။

ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေးဂျာအေး ကောင်းမှုတွေလုပ်လို့ ကောင်းရာဘုံဘဝတွေ ရောက်ပေမယ့်လည်း(မုန့်လုံးကို စက္ကူကပ်ပြီး လှူသလို တဏှာလောဘနဲ့ လုပ်တဲ့ ကုသိုလ်တွေ ဖြစ်လေတော့) အချိန်တန်လို့ကုသိုလ်အဟုန်တွေကုန်တော့အပါယ်ဘုံ (သို့)လူ့ဘုံကိုပဲ ရောက်ရတာပါပဲ..

ဂျာအေးကိုသူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို ကံတရားရဲ့အကျိုးပေးကြောင့်လူဘုံကို ရောက်တဲ့အချိန်မှာလဲအမှောင် နဲ့တူတဲ့ အဝိဇ္ဇာတွေကြားထဲမှဒုက္ခသစ္စာနဲ့ ကြုံပြန်တော့ပူဆွေးရပြန်ပါတယ်..

ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲကံကောင်းစွာနဲ့ပဲကျွန်တော်တို့ဟာသာသနာနဲ့ ကြုံကြိုက်လို့ဓမ္မအလင်းရောင်နဲ့ တွေ့ပြီးအမှောင်ထဲကလွတ်မဲ့လမ်းစ မြင်လာရပါတယ်

မိုးတောင်ကချုန်း မုန့်လုံး သာသနာတော်နဲ့ ကြုံပေမယ့် အဖျက်အမှောင့်တွေကြောင့် အားမထုတ်နိုင်ခဲ့ရင်ဖြင့်မုန့်လုံးဘဝသို့ ပြန်လည် ရောက်ရှိသွားမှာဖြစ်ပါတယ်

မုန့်လုံးဘဝကို ရောက်ရှိရင်ဖြင့်မဆုံးနိုင်တဲ့ သံသရာကိုဘယ်နှကြိမ်မှန်းမသိဘဲအထပ်ထပ် ပြန်ကျော့နေရဦးမှာ ဖြစ်ပါတော့တယ်..

ကဗျာလေးကတိုပေမယ့်မသိတော့ပြုလုပ် ပြုလုပ်တော့ရရှိ ရရှိတော့ခံစားခံစားတော့ လိုချင် ၊ လိုချင်တော့စွဲလမ်း စွဲလမ်းတော့ပြုလုပ်နဲ့ ဘဝသံသရာ ဝဲဂယက်ထဲမဆုံးနိုင်အောင်အထပ်ထပ်လည်ပတ်နေရပုံကို ရေးဖွဲ့ထားတဲ့သံဝေဂရစရာကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်..

Credit to original writing

Likes:
0 0
Views:
1467
Article Categories:
BooksKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *