အထူးတရားခွင် ပြုလုပ်ပြီး စစ်ဆေးခံနေရတဲ့ အမေစုရဲ့ ပုံလေးကိုကြည့်ပြီး ဝမ်းနည်းမျက်ရည်ကျခဲ့ရတဲ့ မေဦး

မနေ့ကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်တွင် အထူးတရားခွင်တစ်ရပ်လုပ်ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဖမ်းဆီးခံရပြီးနောက်ပိုင်းအမေစုကို ပထမဆုံး မြင်တွေ့ရတာလည်း ဖြစ်ပါတယ်။

ပြည်သူလူထုက ဒီပုံရိပ်လေးကို ကြည့်ပြီး အမေစုအတွက်စိတ်မကောင်းဖြစ်နေကြပေမယ့်လည်း အခုလို ကျန်းမာရေးကောင်းမွန်နေတာကို သိရှိရတဲ့အတွက် ဝမ်းသာနေကြတာပါ။မနေ့ညကလည်း မေဦးရဲ့ လူမှုကွန်ယက်တွင် အထူးတရားခွင် ပြုလုပ်ပြီး စစ်ဆေးခံနေရတဲ့ အမေစုရဲ့ ပုံလေးကိုကြည့်ပြီး ဝမ်းနည်းမျက်ရည်ကျခဲ့ရတဲ့အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။

” ဒီညအဖို့ မြန်မာပြည်ရဲ့သန်းပေါင်းများစွာသော ပြည်သူတွေ ရင်ကွဲခံစားရပြီး မျက်ရည်ကျရတဲ့နေ့ပါ အမေ။ ဒါပေမယ့်လည်း ပြည်သူတွေအားလုံးက အမြဲတမ်းတောင်းနေကြဆုလေးနဲ့ ဆုတောင်းနေပါတယ်အမေ။

အမေသက်ရှည်ကျန်းမာပြီး မတရားမှု ဘေးမှအမြန် ဆုံးလွတ်မြောက်ပါစေအမေ?????? ” လို့ ရေးသားထားတာဖြစ်ပါတယ်။နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်တွင် စကားပြောစက်များတွေ့မှု ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ စသည်တို့ဖြင့် တရားစွဲဆို အရေးယူထားတာ ဖြစ်ပါတယ်။

ပြည်သူများမှ အမေစုနဲ့ သမ္မတကြီးနှင့်တကွ အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူများ အမြန်ဆုံး ပြန်လွှတ်ပေးကြဖို့ အနယ်နယ်အရပ်ရပ်က ဆန္ဒထုတ်ဖော်မှုများတွင် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အမေစုကတော့ အမြဲလိုလို ဦးခေါင်းထက်တွင် ပန်းပန်ဆင်လေ့ရှိသူဖြစ်ပြီး အာဇာနည်နေ့တစ်ရက်သာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ပန်း မပန်ခြင်းဖြစ်ပါတယ်။

မနေ့က ရုံးထုတ်စစ်ဆေးခဲ့တဲ့ အချိန်မှာတော့ အမေစုခေါင်းတွင် ပန်းမပန်ထားတာကို ထူးခြားစွာဖြင့် မြင်တွေ့ခဲ့ရပါတယ်။

Photo Crd-May Oo’s Facebook Account

Likes:
0 0
Views:
599
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *