ပြန်နွှေးပြီးစားတဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်သော အစားအစာများ

Via : သုတကြယ်စင်

၁။ တရုတ်နံနံကြီး (Celery)

လူတွေဟာများသောအားဖြင့် တရုတ်နံနံကြီးရွက်ကိုဟင်းအရည်သောက်လုပ်စားတဲ့အခါမှာထည့်လေ့ရှိပါတယ်။ တကယ်လို့အဲ့လို လုပ်စားမယ်ဆိုရင် လုပ်ထားတဲ့အရည်သောက်ဟင်းရည်ကို တစ်ခါတည်း ကုန်အောင်စားပစ်သင့်ပါတယ်။

တကယ်လို့ ပြန်အပူပေး/ပြန်နွှေးစားမယ်ဆိုရင်လည်းတရုတ်နံနံကြီးအရွက်တွေကိုဖယ်ပြီးမှနွှေးစားသင့်တယ်လို့ဆိုထားပါတယ်။ သူ့ရဲ့ ဆိုးကျိုးဟာလည်း ဟင်းနုနွယ်ရွက်လိုပဲနိုင်ထရစ်အက်စစ်ကနေ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

၂။ သကြားမုံလာ (Beets)

သကြားမုံလာဟာဆိုရင်လည်းနိုက်ထရိတ် ဓာတ်ဆားပါတဲ့ အစားစာတစ်မျိုး ဖြစ်ပါတယ်။ သူ့ကိုပြန်နွှေးစားမယ်ဆိုရင်ခန္ဓာကိုယ်အတွက် အလွန်ပဲ အန္တရာယ်ရှိစေနိုင်သလိုပျက်ဆီးစေနိုင်ပါတယ်။ ကင်ဆာရောဂါလည်းဖြစ်စေနိုင်ပါတယ်။

၃။ အာလူး (Potato)

အာလူးမှာကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေအများကြီးရှိတဲ့အတွက်အလွန်ပဲအသုံးဝင်ပါတယ်။ ဒါပေမယ့်လည်း ချက်ပြီးသား အားလူးကိုတစ်ရက်တည်းမှာ ကုန်အောင်မစားနိုင်ဘူးဆိုရင်တော့အဲ့ဒီအကျိုးကျေးဇူးတွေ မရနိုင်ဘူး/ပျောက်ဆုံးသွားပါမယ်။

အာလူးချက်ထားပြီးသားကိုနောက်ရက်မှ စားခြင်းနှင့် ပြန်နွှေးစားခြင်းဟာသင့်ခန္ဓာကိုယအတွက် အသုံးဝင်မယ့်အစား အန္တရာယ် ဖြစ်စေနိုင်တယ်လို့ဆိုထားပါတယ်။

၄။ ကြက်/ဘဲဥ (Eggs)

ကြော်ထား ပြုတ်ထားတဲ့ ကြက်/ဘဲဥကြော်ကိုပြန်နွှေးစားခြင်းဟာသင့်ရဲ့ organisms တွေကိုသေစေနိုင်တယ်လို့ဆိုထားပါတယ်။

၅။ မှို (Mushrooms)

ပြန်နွှေးထားတဲ့ မှိုကိုစားခြင်းဟာကျန်းမာရေးအတွက်ဆိုကျိုးတွေကိုဖြစ်စေပါတယ်။ ဥပမာ- အစာခြေခြင်း/ချက်ခြင်း နှင့် နှလုံးကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။

ကျန်းမာ ပျော်ရွှင်သော မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။

Likes:
0 0
Views:
670
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *