စစ်တပ်ထုတ် မြန်မာဘီယာအကြီးအကျယ်ကျဆင်း

စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ရောင်းအားအကြီးအကျယ်ကျဆင်း

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထုတ်ကုန်တခုဖြစ်တဲ့ မြန်မာဘီယာရောင်းအား ၄၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ မေလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ဂျပန်အဖျော်ယမကာ ကုမ္ပဏီ Kirin ရဲ့ ၂၀၂၁ ခုနှစ် ပထမလေးလပတ် ဘဏ္ဍာရေးရလဒ်မှာ ဖော်ပြထားပါတယ်။

Kirin ကုမ္ပဏီရဲ့ ဖော်ပြချက်အရ Myanmar Brewery လုပ်ငန်းရဲ့ပုံမှန်အမြတ်အစွန်းဟာ ၂၀၂၀ ပြည့်နှစ်ပထမလေးလပတ်နဲ့နှိုင်းယှဉ်ရင် ၄၉.၆ ရာခိုင်နှုန်းသာရှိခဲ့ပြီးဂျပန်ယန်းငွေ ၂.၅ ဘီလီယံ (မြန်မာကျပ် ၃၂ ဘီလီယံ) ကြာဟခဲ့သလို၊ ဝင်ငွေအနေနဲ့ ၄၆.၇ ရာခိုင်နှုန်း ကျဆင်း သွားတာကြောင့် ဂျပန်ယန်း ၅ ဘီလီယံ(မြန်မာကျပ်ငွေ ၆၆ ဘီလီယံ) ကြာဟခဲ့တာပါ။

Kirin ကုမ္ပဏီရဲ့ ဘဏ္ဍာရေးရလာဒ်တွေကို ကြည့်ရင် မြန်မာပြည်သူတွေ အားလုံးစုပေါင်းပြီး စစ်တပ်ထုတ်ကုန်တွေကို ဆန့်ကျင် သပိတ်မှောက်ကြတာကထိရောက်ပြီး၊ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ ဝင်ငွေကို တိုက်ရိုက် ထိခိုက်စေတာကိုပြသနေတယ်လို့ မြန်မာပြည်သူတွေတရားမျှတမှုနဲ့ တာဝန္ခံမွုရရှိရေးအတွက်ဆောင်ရွက်နေတဲ့ Justice For Myanmar အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Myanmar Brewery အဖျော်ယမကာလုပ်ငန်းဟာ Kirin ကုမ္ပဏီနဲ့စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ ဖက်စပ် လုပ်ကိုင်နေတဲ့လုပ်ငန်းဖြစ်ပြီး Kirin ကအစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ဦးပိုင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်မှာ “စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရွိ” တဲ့အတွက်ဆိုပြီး Kirin ကုမ္ပဏီက စစ္တပ္ကို အမြတ်ဝေစုခွဲပေးတာ ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ စစ္တပ္က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာတော့ မြန်မာစစ်တပ်ရဲ့လုပ်ဆောင်ချက်တွေဟာကုမ္ပဏီရဲ့ လူ့အခွင့်အရေးမူဝါဒတွေကိုဆန့်ကျင်နေတဲ့အတွက် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်တာကို Kirin ကုမ္ပဏီဘက်ကရပ်ဆိုင်းတော့မယ်လို့ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းအပြီး ဖေဖော်ဝါရီလက စလို့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာခဲ့တာပါ။

စစ်တပ်ထုတ်ကုန် မသုံးဖို့ သပိတ်မှောက်ခံရတဲ့ ကုန်ပစ္စည်းတွေထဲမှာ ဦးပိုင်ကုမ္ပဏီက ထုတ်တဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Red ruby ဆေးလိပ်တွေအပါအဝင်အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အစုရှယ်ယာပါဝင်တဲ့ Mytel ဆက်သွယ် ရေးလုပ်ငန်းအစရွိတဲ့ထုတ်ကုန်ပစ္စည်းတွေပါဝင်ပါတယ်။

  • Zawgyi
    Photo: Citizen Journalist
Likes:
0 0
Views:
676
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *