အင်္ကျီZipနဲ့တစ်ပုံစံတည်းတူပြီး အရှည်၉မီတာရှိတဲ့သင်္ဘောတစ်စင်းကို ထူးခြားဆန်းပြားစွာ တီထွင်ပြခဲ့သူ (ရုပ်သံ)

အကယ်လို့ အောက်တိုဘာ ၃၁ရက်နေ့မှ နိုဝင်ဘာ၈ရက်နေ့အကြား တိုကျိုမြို့ကိုသွားရောက်လည်ပတ်နိုင်ခဲ့မယ်ဆိုရင် ဆူဒါမီမြစ် ထဲဖြတ်သန်းသွားလာနေပြီး ပုံမှန်မဟုတ်တဲ့သင်္ဘောတစ်စင်းကို သင်တို့မျက်မြင်ကိုယ်တွေ့ကြုံကြရမှာပါ။

အဆိုပါ အထင်ကြီးစရာကောင်းတဲ့သင်္ဘောကို “Opening River”လို့အမည်ပေးထားပြီး သင်္ဘောတစ်စင်းက ဂျာကင်အင်္ကျီပေါ်ရဲ့ဇစ်လို ရေမျက်နှာပြင်ကို နှစ်ခုခွဲထွက်စေတဲ့သင်္ဘောတစ်စင်းရဲ့အသွင်ဆောင်နေပါတယ်။

အဆိုပါသင်္ဘောကို နေ့စဉ်နေ့တိုင်းထူးခြားဆန်းပြားတဲ့ဒီဇိုင်းတွေရေးဆွဲရင်း လူတွေကို inspireဖြစ်စေတတ်တဲ့Yasuhiro Suzuki အမည်ရှိဂျပန်အနုပညာရှင်တစ်ဦးက စိတ်ကူးပုံဖော်တီထွင်ထားတာပါ။

အဆိုပါသင်္ဘောဟာ အရှည် ၉မီတာရှည်ပြီး ခရိုမီယမ် ကိုယ်ထည်၊တံတားနဲ့ခလုတ်တို့ ၊ ပုံမှန်အင်္ကျီဇစ်လိုဘဲ ဖွဲ့စည်းထားတာပါ။

ပိုစိတ်ဝင်စားစရာကောင်းတာက အဆိုပါဇစ်ပုံစံသင်္ဘောဖြတ်သန်းလာနေခဲ့တဲ့ ဆူဒါမီမြစ်ဟာ Musashi နဲ့ Shimousa ပြည်နယ်တွေ ကြားကနိမိတ်စည်းမျဉ်းဖြစ်တာကြောင့် အဆိုပါသင်္ဘောဟာ သမိုင်းကြောင်းဆိုင်ရာကွဲပြားနေမှုကို အပြုသဘောဆောင်ကာ ပြန်လည် အမှတ်ရစေအောင် အဓိကထားရည်ညွန်းနေခဲ့ပုံကို တွေ့မြင်စေခဲ့ပါတယ်။

Video

Mia (Mckzone Daily)

Source : boredpanda

Likes:
0 0
Views:
766
Article Categories:
Social MediaTechnology

Leave a Reply

Your email address will not be published. Required fields are marked *