တစ်ညလုံး ရှေ့တန်းရောက်နေကြတဲ့ KIA ရဲဘော်များအတွက် ညလုံးပေါက် ရိက္ခာချက်ပြုတ်ပြင်ဆင်နေကြတဲ့ ကချင်ပြည်သူများ

တောတောင်ထဲမှာတောင် ခက်ခဲပင်ပန်းစွာ ရပ်တည်နေရပြီး မိမိတို့အသက်အန္တရာယ်လုံခြုံဖို့အတွက်ကိုသာ ဦးစားပေးနေရတာဖြစ်ပါတယ်။

လူသားအချင်းချင်းဂရုဏာထားပေးတတ်ကြတဲ့ တချို့စေတနာရှင်တွေကလည်း.. စစ်ဘေးရှောင်တွေကို တစ်တပ်တ အားကူညီဖေးမပေး နေကြတာဖြစ်ပါတယ်။

ကချင်စစ်ဘေးရှောင်တွေထဲမှာလည်း သက်ကြီးရွယ်အိုအဘိုး၊အဘွားတွေနဲ့ ကလေးလေးတွေလည်း အများအပြားပါဝင် နေတာဖြစ်ပါတယ်။..

ကလေးလေးတွေခမျာ အသက်ငယ်ငယ်လေးနဲ့ ဘဝရဲ့ခါးသီးမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကချင်တိုင်းရင်းသားတွေကတော့ မိမိတို့လူမျိုးအချင်းချင်းလည်း ဖေးမကူညီပေးကြပြီး စည်းစည်းလုံးလုံးနဲ့..အရာရာကိုဖြတ်ကျော်နေကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ကချင်ပြည်သူတွေက ရှေ့တန်းရောက် KIAရဲဘော်များအတွက် ရိက္ခာချက်ပြုတ်နေကြတာဖြစ်ပါတယ်။KIA အဖွဲ့သား တွေကလည်း တစ်ညလုံး..ရှေ့တန်းကိုရောက်ရှိနေကြပြီး စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

ဒါ့ကြောင့် နောက်တန်းမှာကျန်နေခဲ့တဲ့ ကချင်တိုင်း ရင်းသားတွေက အဖွဲ့သားတွေအဟာရပြည့်ဝဖို့အတွက်..အစားအသောက်တွေကို ညလုံးပေါက်ပြင်ဆင်နေကြတာဖြစ်ပါတယ်။

ကချင်တိုင်းရင်းသားတွေက လက်ရှိအခြေအနေမှာ တစ်စိတ်တစ်ဝမ်းတည်းရှိကြပြီး အခက်အခဲတွေအားလုံးကို မျှဝေခံစားနေကြတဲ့ ပီတိဖြစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။..

Likes:
0 0
Views:
651
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *