တောင်သူလယ်သမားနေ့ သမိုင်းကြောင်း

တောင်သူလယ်သမားနေ့ သမိုင်းကြောင်း

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် နှစ်စဉ် ဇန်နဝါရီလ (၁) ရက်နေ့ကို `တောင်သူလယ် သမားနေ့´ လို့ သတ်မှတ်ခဲ့ရာ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ လက်ထက်တိုင် ရောက်ရှိခဲ့ ပါတယ်။

မြေရှင်စနစ် ဖျက်သိမ်းရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာ တောင်သူလယ် သမား များ နှင့် ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာတွေကတော့ ( ၃၀- ၁၂- ၆၂ မှ ၁ – ၁ – ၆၃) ရက် နေ့အထိ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှာ ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ ကြပါတယ်။

(၃၀ – ၁- ၆၃)နေ့မှ (၁ – ၂ – ၆၃)ရက်နေ့အထိ ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာမှာ ဒုတိယအ ကြိမ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးကို ကျင်းပခဲ့ကြပါတယ်။(၂-၃ – ၆၄) နေ့မှ (၆ – ၃- ၆၄)ရက်နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာတွင် တောင်သူလယ်သမား နှီးနှော ဖလှယ်ပွဲကို ကျင်းပခဲ့တယ်။

ထိုနှီးနှောဖလှယ်ပွဲတွင် လာမည့်နှစ်မှစပြီး မတ်လ (၂) ရက်နေ့ကို တောင်သူလယ် သမား နေ့အဖြစ် ပြောင်းလဲသတ်မှတ်ရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြလို့ မတ်လ (၂) ရက် နေ့ရောက်တိုင်း တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုတွေ့ရှိ မှတ် သားရပါတယ်။ ။

#တောင်သူလယ်သမားနေ့

မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီကတည်းကစ၍ နှစ်ပေါင်း ထောင်ချီ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူ လယ်သမား သို့မဟုတ် လယ်ယာကဏ္ဍ အမှီပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေး ကြသူများဖြစ်ပေရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါ သော လူတန်းစားတစ်ရပ် ဖြစ်နေသည်။

သမိုင်းနောက်ခံ

ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အောက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ စစ်နှစ် ကြိမ်ပြု သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ဘဝမှာ ပြောင်းလဲမှုများစွာ ဖြစ် ပေါ်လာသည်။

၁၈၆၉ ခုနှစ်တွင် ဆူးဆက်တူးမြောင်း ဖွင့်လှစ်နိုင်ခဲ့သဖြင့်အရှေ့နှင့်အနောက်ဆက်ဆံရေးမှာ ပိုမို ပွင့်လင်း လွယ်ကူလာသည်။ ယင်းကြောင့် ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂ လိပ် လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပို့ရန် ဆန်စပါး စိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ အထက်မြန်မာနိုင်ငံမှ တောင်သူလယ် သမားများ အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်။

ဆန်စပါးစိုက်ပျိုးမှုအခြေအနေ ကောင်းလာသောအခါတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံ မြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေကို ပြဋ္ဌာန်းကာ ကုန်သည်များအကျိုးကို ဆောင် ရွက်ခဲ့သည်။ ၁၈၈၆ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် ယင်းဥပဒေကိုပင် ဆက် လက်ပြဋ္ဌာန်းခဲ့သည်။

လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ မြေများကို ဂရန်မြေ (အပိုင်စာ ချုပ် မြေ) အငှားစာချုပ်မြေ ယာယီလုပ်ခွင့်ရမြေ မြေနုကျွန်းမြေ နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ ခွဲခြား သတ်မှတ်ပေးခဲ့သည်။

ယင်းကြောင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ အဆမတန် များပြားလာပြီး မြေလွတ်မြေ ရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင်လာကြသည်။

ယင်းကြောင့် အင်္ဂလိပ်အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူ လယ်သမားများ ဖြစ်သည့် မြန်မာကျေးလက်နေ လူတန်းစားများ၏ ဘဝမှာ လုပ်ငန်း မကျွမ်း ကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက် ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။

၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ် ယာမဲ့ဘဝသို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃၀ ပြည့် နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေး တော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။

ယင်းအရေးတော်ပုံကို ဆရာစံက “သုပဏကဂဠုန်ရာဇာ” ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သည်။

အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံ နှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နား သွားသော်လည်း ယင်းအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေး စိတ်ဓာတ်များ နိုးကြားလာခဲ့သည်။

နယ်ချဲ့လက်အောက်တွင် တောင်သူလယ်သမားတို့၏ ဘဝမှာ အောက်ကျနောက်ကျဖြင့် နေထိုင်ခဲ့ရသည်။၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလအစိုးရက အုပ်ချုပ်ခဲ့သည်။

လွတ်လပ်ရေးရလျှင်ရချင်း ၁၉၄၈ ခုနှစ်တွင်ပင် ဖ.ဆ.ပ.လ အစိုးရက လယ်ယာအလုပ်သမား အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတို့ကို ပြဋ္ဌာန်း ပေးကာ လယ်သမားတို့၏ ဘဝကို မြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့ သော် လည်း လက်တွေ့တွင် ထူးခြားတိုးတက်မှု မရှိခဲ့ပေ။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ရယူခဲ့သည့်နောက်ပိုင်း တောင်သူ လယ်သမားဘဝ မြင့်မားစေရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၆၃ ခုနှစ် မတ်လတွင် သီး စားချ ထားရေးဥပဒေ၊ သီးစားချထားရေးနည်းဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ် သည့် ဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုမရှိ၍ ၁၉၆၅ ခုနှစ်တွင် ၁၉၆၃ သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ၁၉၆၅ သီးစားချထားရေးဥပဒေကို ထပ်မံ ထုတ်ပြန်ပေးခဲ့ပြီး တစ်ဧက ချေးငွေနှုန်းထားကိုလည်း ရှစ်ဆအထိ တိုးမြှင့်ပေးခဲ့သည်။ သို့သော် အခြားမူဝါဒအမှားများကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ပြီး တာဝန်ကျေစပါး ထုတ်လုပ်သည့် အဆင့် ရောက်ရှိခဲ့သည်။

ပေါ်ပေါက်လာပုံ

တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ၀ါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ရာ ထိုဝါဒသဘောထား ကြေညာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူ လယ်သမား၊ အလုပ်သမားတို့အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။

ယင်းရည်ရွယ်ချက်ဖြင့် လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စသဖြင့် လုပ်ဆောင်ပေးခဲ့သည်။တစ်ဖန် တောင်သူလယ် သမား ထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ် သမားနှီးနှောဖလှယ် ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

အထိမ်းအမှတ်ပွဲများကျင်းပ

တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျင်းပ ပြုလုပ် ကြသော်လည်း ၁၉၆၄ တွင် ကျင်းပသော တောင်သူလယ်သမား နှီးနှော ဖလှယ်ပွဲကြီး တွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ဇန်နဝါရီလမှာ တောင်သူလယ်သမားများ ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊

အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမား နေ့ကို တော်လှန်ရေးကောင်စီစတင်အာဏာရ ယူသည့်မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်း ပသင့် ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့ တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

မတ်လ ၂ ရက်နေ့ရောက်လျှင် တောင်သူလယ်သမားနေ့ အခမ်းအနားကို အစိုးရက ဦးဆောင်၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိခဲ့သည်။

#Peasants_Day တောင်သူလယ်သမာနေ့

ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ဝယ်ပြီး ဇန္နဝါရီလကိုကြည့်တိုင်း နှစ်ဆန်း (၁) ရက်နေ့ကို သတိမထားပဲမနေမိပါ။ တောင်သူလယ်သမားနေ့ဖြစ်လို့ပါ။ လွတ်လပ်ရေးရ ကတည်းက ဇန္နဝါရီလ (၁) ရက်နေ့ကိုသာ တောင်သူလယ်သမားနေ့လို့ သတ်မှတ်ထားခဲ့ ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်တယ်။ ဆိုရှယ်လစ်စနစ်ကြေညာတယ်။ အလုပ်သမားတွေ တောင်သူလယ် သမားတွေကို ဦးစားပေးမယ်လို့ ပါတီစာအုပ်တွေ၊ သတင်းစာတွေ၊ ရေဒီယိုနဲ့ တီဗွီတွေ၊ မိန့်ခွန်းတွေထဲမှာ နေ့တိုင်းပါတယ်။ တောင်သူတွေကို ဦးကြီးလို့ပြောင်းခေါ်တယ်။

၂-၃-၁၉၆၃ ကနေ ၆-၃-၁၉၆၃ နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာမှာ ကျင်းပတဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲဆုံးဖြတ်ချက်လုပ်ပြီး စစ်အာဏာသိမ်းတဲ့ မတ်လ (၂) ရက်ကိုသာ တောင်သူလယ်သမားနေ့လို့ ပြင်ပြီး သတ်မှတ်လာခဲ့တာ ကနေ့အထိ ဖြစ်ပါတယ်။

တောင်သူလယ်သမားများစိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ပြီး၊ ဥစ္စာဓနကုံလုံ ကြွယ်ဝ ကြပါစေ။

Credit

Likes:
0 0
Views:
1254
Article Categories:
History

Leave a Reply

Your email address will not be published. Required fields are marked *