တရုတ် နဲ့ ရုရှထုတ် မှောင်ခိုလက်နက် အမြောက် အမြားကို အာရေဘီယံပင်လယ်အတွင်း အမေရိကန်ရေတပ်ဖွဲ့ သိမ်းဆည်းရမိ

အမေရိကန်ရေတပ်ဖွဲ့ဟာအာရဘီယံပင်လယ်အတွင်းတရုတ် နဲ့ ရုရှထုတ် လက်နက်အမြောက်အမြားကိုသိမ်းဆည်းမိခဲ့တယ်လို့ သိရပါတယ်။တရားမဝင်မှောင်ခိုကုန်သွယ်မှုပြုလုပ်မယ့် လက်နက်တွေဖြစ်ပြီး မေလ ၆ ရက်နေ့ နဲ့ ၇ ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့.. စစ်ဆင်ရေးအတွင်းလက်နက်တွေတင်ဆောင်လာတဲ့လှေကို ရှာဖွေတွေ့ရှိခဲ့တာလို့လည်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဘာရိန်းမှာ အခြေစိုက်ထားတဲ့ The US Fifth Fleet ရေယာဉ်စုဖြစ်ပြီး ဖျက် အားပြင်းလက်နက် တွေလည်း..ပါဝင်တယ်လို့ သိရပါတယ်။ ထွက်ပေါ်လာခဲ့တဲ့ဓာတ်ပုံတွေအရ အမေရိကန်သဘောြင်္ကီးရဲ့ ဦးပိုင်းနေရာအပြ ည့်ရှိတာကို မြင်တွေ့ရပြီး တင့်ကားဖျက်လက်နက်တွေပါ ပါဝင်တယ်လို့ အမေရိကန်ရေတပ်ဖွဲ့ရဲ့ထုတ်ပြန်စာထဲမှာပါရှိခဲ့ပါတယ်။..

ရုရုက ထုတ်လုပ်တဲ့တန်ပြန်ပဲ့ထိန်းဒုံးကျည်တွေ၊ တရုတ်ထုတ် Type 56 ရို င် ဖယ်သနတ်ထောင်နဲ့ချီပြီး PKM စက်သနတ်တွေက ရာဂဏန်း အထိ ရှိပါတယ်၊ စနိုက်ပါ၊ ပခုံးထမ်းလောင်ချာတွေပါဝင်ပါတယ်” လို့ ထုတ်ပြန်စာထဲမှာ ရေးသားထားပါတယ်။..

အခုအခါမှာတော့ ဖမ်းဆီးရမိတဲ့စစ်လက် နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ဘက်ကစုံစမ်းမှုတွေပြုလုပ်နေပြီလို့လည်း ဆိုပါ တယ်။“လက်နက်တွေကိုသိမ်းဆည်းပြီးတဲ့နောက် သူတို့သွားလာမယ့်လမ်းကြောင်း၊ သင်္ဘောသားတွေကိုစုံစမ်းမှု..မလုပ်ခင်မှာ အစား အစာနဲ့ရေကိုထောက်ပံ့ပေးထားပါတယ်” လို့ အမေရိကန်ဘက်က ပြောဆိုခဲ့ပါတယ်။

ထုတ်ပြန်စာထဲမှာတော့သင်္ဘောဟာ ဘယ်ကနေလာသလဲဆိုတာကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် အမေရိကန်ရေတပ်ရဲ့ ပုံမှန်ကင်း လှည့်နေ မှုတွေဟာ..အကြမ်းဖက်မှု၊ ဥပဒေနဲ့ မညီ ညွှ တ်တဲ့လုပ်ဆောင် ချက်တွေနဲ့ လာဘ်ထိုးပြီးတရားမဝင် ကုန်စည်သယ်ယူပို့ဆောင်နေမှု တွေကို ဟ န့် တားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်နက်တွေတင်ဆောင်လာတဲ့သင်္ဘောဟာ အရှေ့အလယ်ပိုင်းဒေသက..ရိုးရာရွက်သင်္ဘောတစ်စီးဖြစ်တယ်လို့သိရပြီးယီမင်ကို တင်ပို့ဖို့ဖြစ်တယ်လို့ ယူဆရပါတယ်။နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခတွေအတွင်း ယီမင်နိုင်ငံရဲ့ထိန်းချုပ်မှုအားနည်းတဲ့ ဆိပ်ကမ်းတွေမှာ လက်နက်မှောင်ခိုတင်ဆောင်လာတဲ့ သင်္ဘောတွေနဲ့ အမြဲတမ်းလိုလိုပြည့်နှက်နေတာဖြစ်ပါတယ်။..

crd

Likes:
0 0
Views:
981
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *