စစ်ကောင်းစီ ဖက်ဆစ်တပ် ကို စစ်.လက်နက် မရောင်းဖို့ ဂျပန် ဆုံးဖြတ်…

မြန်မာစစ်တပ်ကိုလက်နက်၊ခဲယမ်းမီး ကျောက်နဲ့ တခြားစစ်လက်နက်ပစ္စည်းတွေ ရောင်းချတာလွှဲပြောင်းပေးအပ်တာနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာထောက်ပံ့တာတွေ မလုပ်ပဲ ဆက်လက် ပိတ်ပင်တားမြစ်ဖို့ သန္နိဋ္ဌာန်ချမှတ်ကြောင်း..

G7 စက်မှုထိပ်သီး ၇ နိုင်ငံ-နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မေလ ၅ ရက်နေ့ထုတ်ပြန်တဲ့ပူးတွဲကြေညာချက်မှာဂျပန်နိုင်ငံကပါလက်မှတ် ရေးထိုးခဲ့ပါတယ်။ဒါဟာမြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်ပစ္စည်းတွေ ရောင်းခ်တာ ထောက်ပံ့တာမလုပ်ဖူးလို့ဂ်ပန္ကပထမဆုံး..

အကြိမ် အဖြစ် လူသိရှင်ကြား ကတိပြုလိုက်တာ ဖြစ်ပါတယ်။ဖေဖေါ်ဝါရီလမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံအပေါ်လက်န က် ရောင်းဝယ်မှု ပိတ်ပင်ထားတဲ့ နိုင်ငံစာရင်းကိုမတ်လထဲမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်..

Tom Andrews က ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ဂျပန်နိုင်ငံ မပါဝင်ပါဘူး။ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှု တားမြစ်ချက်ထုတ်ပြန်ဖို့အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ဗုဒ္ဓဟူးနေ့က ကြေညာချက်..

ထုတ်ပြန်တောင်းဆိုအပြီးမှာအခုလို G7 ၇ နိုင်ငံရဲ့ ပူးတွဲကြေညာချက် ထွက်ပေါ်လာတာပါ။ဗြိတိန်နိုင်ငံ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့မေလ ၃ ရက်နေ ၅ ရက်နေ့အထိ ကျင်းပတဲ့ အစည်းဝေးအပြီးမှာမြန်မာနဲ့အနီးကပ်..

ဆက်ဆံနေတဲ့ ဂျပန်နိုင်ငံပါ အခုလို လ က် န က်ရောင်းချမှု ပိတ်ပင်ဖို့ လူသိရှင်ကြားပြောကြားလာတာ ကို ဗြိတိန်က မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign အဖွဲ့က ကြိုဆိုလိုက်ပါတယ်။မြန်မာအပေါ် လ က် န က်ရောင်းချမှုပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ..

ဂ်ပန္က ၄၃ နိုင်ငံမြောက်ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို လ က် န က်ရောင်းချမှုပိတ်ပင်တဲ့ အာရှနိုင်ငံတွေကတော့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေ ဖြစ်ပြီး ဒီ ၂ နိုင်ငံစလုံးဟာ မြန်မာစစ်တပ်ကို အရေးယူလေ့မရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။..

Credit to original writing

Likes:
0 0
Views:
658
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *