ဒီအချက် (၃၇) ချက်ကြောင့် မြန်မာပြည် ဆင်းရဲနေတာပါတဲ့

မြန်မာလူမျိုးတွေကိုဆင်းရဲစေတဲ့အချက် (၃၇) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့အချက်တွေတကယ် မှန်၊ မမှန်ဖတ်ကြည့် လိုက်ပါဦးခင်ဗျာ-(၁) မြန်မာအများစုက (TEAM WORK) အားနည်းတယ်။ မညီညွတ်ဘူး။ (၂) ဘေးကနေသွေးခွဲရလွယ်တယ်။

(၃) မနာလိုစိတ်များတယ်။ (၄) အချင်းချင်း ထဲ ကိုယ့်ထက် သာသွားမှာ မလိုလားဘူး။ သာရင်လည်းမနာလိုဘူး။ (၅) သူများကို ချီးကျူးရင်မ ကြိုက်ဘူး။ ကိုယ့်စ်ယောက်တည်းကိုပဲချီးကျူးစေချင်တယ်။(၆) မုဒိတာ မပွါးနိုင်ဘူး။ (၇) ကြိုးစားရမယ့်နေရာတွေမှာ တက်တက်ကြွကြွ မရှိဘူး။ (၈) သူများ မလုပ်ရင် မလုပ်ချင်ဘူး။ (၉) အချောင်ခို ချင်တယ်။ (၁၀) ပိုက်ဆံရရင် အဖြုန်းများတယ်။ဘာဝယ်

ရင်ကောင်းမလဲစဉ်းစားတယ်။(၁၁) ကိုယ်နဲ့ အသုံးတည့်တည့်မတည့်တည့်သူများဝယ်ရင်လိုက်ဝယ် ချင်တယ်။ (၁၂) စီးပွားရေးလုပ်ရမှာ ကြောက်တယ်။ (၁၃) ရေရှည်အကျိုးစီးပွါးကိုမမျှော်ကိုးတတ်ဘူး။ (၁၄) ပုံမှန်

သေချာရတဲ့ငွေကိုပိုမက်တယ်။ ဝန်ထမ်း ပိုလုပ်ချင်တယ်။ (၁၅) အတွေးအခေါ်ပိုင်းမှာတီထွင် ကြံဆမှုနည်းတယ်။ (၁၆) မိရိုးဖလာ အတွေးအခေါ်ကိုမပယ်နိုင်ဘူး။ (၁၇) အများ လုပ်တာပဲ စောင့်ပြီး တစ်နိုင်ငံလုံးဝိုင်းလုပ်တတ်တယ်။

ဒါကြောင့်ရေရှည်မခံဘူး။ (၁၈) ပြောင်းလဲနေတဲ့ခေတ်ကိုလိုက်နိုင်ဖို့လိုအပ်တဲ့ ပညာရေးမှာ အားနည်းတယ်။ (၁၉) ဗဟုသုတလေ့လာဖို့ အားနည်းတယ်။ စိတ်မဝင်စားဘူး။ (၂၀) ဝေဖန်တာကို

အားသန်ပြီး လက်တွေ့ကျကျ ဆောင်ရွက်မှု အားနည်းတယ်။(၂၁) အကြံပြုတာ ကောင်းပြီး တကယ့် စီမံခန့်ခွဲဖို့ကျ ညံ့တယ်။ (၂၂) ပုတ်ခတ် တာကို မတရား ကြိုက်တယ်။ (၂၃) ကိုယ်ကျရှုံးတိုင်း သူများလည်း ကျရှုံးရမယ်ဆိုတဲ့

အမြင် ရှိတယ်။ (၂၄) ရှုံးပြီးပြန်ထဖို့ပျင်းတယ်။ (၂၅) မအောင်မြင်ရင် ကံကိုပုံချတယ်။ (၂၆) ကိုယ်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုတည်းနဲ့ အရာ တော်တော်များများကိုတစ်ဖက်သတ် သုံးသပ်တယ်။ (၂၇) ကိုယ်နဲ့မြင်မတူရင်အားမပေးဘဲမတရားရှုံ့ချတယ်။

(၂၈) ဘုရား ရှိခိုးတိုင်းချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်း လာရင် အခွင့်အလမ်း မှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်။ (၂၉) ပြီးတော့ ပုံမှန်ဘဝထဲမှခပ်ပျော်ပျော်နေတယ်။

(၃၀) ကိုယ့်အကြောင်းထက်သူများအကြောင်းကိုပိုပြီးစိတ်ဝင်စားတယ်။(၃၁) လေကန်ပြီးအချိန်ဖြုန်းတာများတယ်။

(၃၂) ပိုဆိုးတာကပိုက်ဆံတော့ရှိပါရဲ့။ တိုးပွါးအောင်လုပ်ဖို့စိတ်ကူးနည်းတယ်။ (၃၃) ပိုက်ဆံကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်။ အကျိုး ရှိအောင် မရင်းနှီးတတ်ဘူး။

(၃၄) ဘဝမှာပိုက်ဆံတစ်ခုပဲရှိအောင်လုပ်တယ်။(၃၅) အောင်မြင်ကျော်ကြားဖို့၊ အများအတွက်ဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။(၃၆) ကိုယ်သိတာကိုသိသလိုအသုံးမခ်တတ္ဘူး။ (၃၇) ပညာရှင် တွေကလည်း ကိုယ့်ပညာကို မျှဝေမပေးချင်ဘူး။ လူတော်တွေ ပေါ်ထွက် လာအောင်မမွေးမြူချင်ဘူး။အဲဒါတွေကဆင်းရဲစေတာပါပဲ။

Credit to original writing

Likes:
0 0
Views:
653
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *