မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဆန္ဒထုတ်ဖော်ပေးရာကနေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ထိုင်းလူမျိုး သပိတ်ခေါင်းဆောင်တစ်ဦး

မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဆန္ဒထုတ်ဖော်ပေးရာကနေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ထိုင်းလူမျိုး သပိတ်ခေါင်း ဆောင်တစ်ဦး ကျဆုံးသူတွေတဖြည်းဖြည်းနဲ့ များပြားလာပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့သူတွေ အမြောက်အမြားရှိနေတဲ့ကြားကနေလူထုဆန္ဒထုတ်ဖော် ပွဲတွေကတော့ ဆက်လက်ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့တုန်းကလည်း ကမ္ဘာ့နိုင်ငံအသီးသီးကပြည်သူတွေ ပါဝင်လှုပ်ရှားနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန် ရေးပွဲကြီးကို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။အဲ့ဒီနေ့က ထိုင်းနိုင်ငံမှာဆိုရင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့အတူ ထိုင်းလူမျိုးအချို့ ကလည်း ဆန္ဒထုတ်ဖော်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

သူတို့ကတော့ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိကုလသမဂ္ဂ ( UN) ရုံး‌ရှေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံကပြည်သူ တွေနဲ့အတူရပ်တည်ပြီး တက်တက်ကြွကြွပါဝင်ပေးခဲ့တဲ့ထိုင်းနိုင်ငံသားတစ်ဦးကတော့အဲ့ဒီနေ့မှာပဲဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပါ တယ်။

သူ့ရဲ့နာမည်က “Mr. Weera Saengthong @ Saraj Giri” ဖြစ်ပြီး မြန်မာအရေး တက်ကြွလှုပ်ရှားသူ ဘန်ကောက် သပိတ်ခေါင်း ဆောင်တစ်ဦးပဲ ဖြစ်ပါတယ် ။

သူကတော့ မြန်မာနိုင်ငံကပြည်သူတွေအတွက်တစ်ဖက်တစ်လမ်းကနေ အားဖြည့်ကူညီပေးခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း သူ့ရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ကိုလေးစားချီးကျူးနေကြတာဖြစ်ပါတယ် ။

ဒါကြောင့် မြန်မာပြည်သူတွေက ဖမ်းဆီးခံထားရတဲ့ ” Mr. Weera Saengthong” ကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် လူမှုကွန်ယက် စာမျက်နှာတွေတစ်ဆင့် အားလုံးသိအောင် ရေးသားဖော်ပြပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။

Credit to original writing

Likes:
0 0
Views:
774
Article Categories:
NEWSSocial Media

Leave a Reply

Your email address will not be published. Required fields are marked *