လူ့လောကကို အကျိုးပြုနိုင်မယ့် ရိုးရှင်းတဲ့ အပြုအမူလေးတွေ

တရားဝင် အမိန့်ဥပဒေတွေ မရှိပေမယ့် လူတွေဟာ ကိုယ်ရောက်လာခဲ့တဲ့ လူ့အဖွဲ့အစည်းကို ပြန်ပြီး အကျိုးပြုဖို့ တာဝန်ရှိပါတယ်။ လူ့လောကကို စောင့်ရှောက်တယ်ဆိုရာမှာ သိပ်အကြီးကြီး လုပ်စရာမလိုဘဲနဲ့လည်း အကျိုးပြုလို့ရပါတယ်။ အခုပြောမယ့် လုပ်ရပ်လေးတွေက ရိုးရှင်းသလောက် လောကနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် ထိထိရောက်ရောက် အကျိုးဖြစ်စေမယ့် လုပ်ရပ်လေးတွေ ဖြစ်ပါတယ်။

(၁) လုပ်အားပေးအဖြစ် ပါဝင်ပါ

ဘယ်လောက်ပဲ အလုပ်များများ တခြားသူတွေကို ကူညီဖို့ကိုယ့်ရဲ့အချိန်ကို စီမံထားသင့်ပါတယ်။ကိုယ့်ရပ်ကွက် ၊ မြို့နယ်ထဲမှာ ရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ရပ်ကွက် ၊ မြို့နယ်ရဲ့သာရေးနာရေးမှာ ကူညီတာ ၊ NGO အဖွဲ့အစည်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးတာမျိုး လုပ်နိုင်ပါတယ်။

(၂) တတ်စွမ်းသမျှ လှူဒါန်း ပေးကမ်းပါ

World Blood Donor Day June 14th. hand taking blood test from a vein. donation. hemotransfusion department in hospital. man holds bouncy ball in the form of heart in hand.

Photo: Freepik

အများအတွက် အကျိုးများစေမယ့် စာကြည့်တိုက် ၊ ဆေးရုံ ၊ လူအိုရုံနဲ့ကလေးသူငယ်စောင့်ရှောက်ရေးလို နေရာမျိုးမှာ ကိုယ်တတ်နိုင်သမျှ ငွေကြေး ၊ အသုံးအဆောင်တွေ လှူတာမျိုးကလည်း လူ့လောကအတွက်အကျိုးပြုနေတာ ဖြစ်ပါတယ်။ ဒုက္ခရောက်နေသူတွေကို ကူညီတာ လည်း အလှူလုပ်တာပါပဲ။

ပညာတော်ပြီးကျောင်းဆက်တက်ဖို့ခက်နေတဲ့ကျောင်းသား/သူတွေအတွက်ထောက်ပံ့တာကလည်း ပညာပဒေသာပင်စိုက်ပေး တာပဲဖြစ်ပါ တယ်။ နောက်ဆုံးသွေးလှူတာမျိုးပါလုပ်နိုင်ပါတယ်။

(၃) ဥယျာဉ်သစ်ပင် စိုက်ပျိုးပါ

သစ်ပင်ပန်းပင်စိုက်တယ်ဆိုတာ အများအတွက်အလုပ်လုပ်နည်းတစ်မျိုးပါပဲ။ အခုခေတ်မှာရာသီဥတုဖောက်ပြန်ပြီး ကမ္ဘာကြီးပူနွေးမှု ၊ သစ်ပင်ဝါးပင် ပြုန်းတီးလာမှုတွေနဲ့ ကြုံနေချိန်မှာ ကိုယ်ပိုင်မြေနေရာလွတ်တွေမှာသစ်ပင်ဥယျာဉ်စိုက်တာဟာကမ္ဘာမြေကိုစောင့်ရှောက် နေတာပဲဖြစ်ပါတယ်။ နောက်ဆုံးကိုယ့်ခြံက ထွက်တဲ့အသီးအနှံကိုအိမ်နီးနားချင်းနဲ့ မိတ်ဆွေတွေဆီ မျှဝေနိုင်တာပါပဲ။

(၄) ကိုယ့်အသိပညာကို မျှဝေပါ

လူတိုင်းမှာ ကိုယ်ကျွမ်းကျင်ရာနဲ့ကိုယ် ရှိတတ်ပါတယ်။ ပညာရပ်ဆိုင်ရာတစ်ခုခု နှုတ်မှု/လက်မှု ကျွမ်းကျင်သူတစ်ယောက်ဟာ ကိုယ်တတ် ထားတာကို ပညာဒါနအနေနဲ့ တခြားသူတွေကို ပြန်သင်ပေးနိုင်ပါတယ်။ပညာသင်ပေးတယ်ဆိုတာလူတွေကိုအတောင်တပ်ပေးတာဖြစ်ပါ တယ်။ ပညာတတ်တဲ့သူတွေ များလေလေ လူ့လောကကို ပိုကောင်းအောင်ဖန်တီးနိုင်သူတွေများသထက်များလာလေလေဖြစ်မှာပါ။

crd

Likes:
0 0
Views:
823
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *