စုံထောက်ကြီး ရှားလော့ဟုမ်းကို ဖန်တီးခဲ့သူ ဆာအာသာကိုနန်ဒွိုင်း

ကမ္ဘာကျော် စုံထောက်ကြီး ရှားလော့ဟုမ်းကို ဖန်တီးခဲ့သူ ကိုနန်ဒွိုင်းကို ၁၈၅၉ခုနှစ်၊မေလ ၂၂ရက်နေ့တွင် ယူကေနိုင်ငံ၊ စကော့တလန် နယ်၊အက်ဒင်ဘာရာမြို့၌ မွေးဖွားသည်။ မွေးချင်း ၁၀ယောက်အနက်တတိယမြောက်ဖြစ်သောကိုနန်ဒွိုင်းသည် စကော့နှင့်အိုင်းရစ် သွေးများရောနှောနေသည့် မိဘနှစ်ပါးမှပေါက်ဖွားလာခဲ့သည်။

မှုခင်းဝတ္တုများ၏ ပြိုင်ဘက်ကင်းစုံထောက်ကြီးရှားလောဟုမ်းဝတ္တုများကို ဖန်တီးနိုင်ခဲ့ရုံမျှမကစိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းများ၊ ပြဇာတ် များ၊အချစ်ဝတ္တုများ၊ ကဗျာများ၊သမိုင်းဝတ္တု များနှင့် ဟာသဇာတ်လမ်းများ ဖန်တီးနိုင်ခဲ့သူဖြစ်သဖြင့် စာအလွန်ရေးနိုင်သူအဖြစ်ထင်ရှား သည်။

ဒွိုင်းသည် အက်ဒင်ဘာရာတက္ကသိုလ်တွင် ၁၈၇၆ခုနှစ်မှ ၁၈၈၁ခုနှစ်အထိ ဆေးပညာသင်ယူ ခဲ့သည်။ဆေးကျောင်းသားဘဝကပင် ဝတ္တုတိုများ စတင်ရေးသားပြီး အသက်၂၀အရွယ်တွင် ပထမဆုံးသော ဝတ္တုတိုကို ချိန်ဘာအက်ဒင်ဘာရာ ဂျာနယ်၌ဖော်ပြခြင်းခံရသည်။ ဆေးကျောင်းမှ အောင်မြင်သည့်အခါ အာဖရိကအနောက်ဘက်ကမ်းခြေသို့သွားသည့် SS Mayumba သင်္ဘောတွင်သင်္ဘောဆရာဝန်လုပ်ခဲ့ သည်။

၁၈၈၅ခုနှစ်တွင် ဆစ်ဖလစ်ကာလသားရောဂါတွင် ဖြစ်ပွားသည့် အကြောသေရောဂါဆိုင်ရာ စာတမ်းဖြင့် ဆရာဝန်ဘွဲ့ကိုရခဲ့သည်။ ဆေးကျောင်းပြီးခါစ ဆရာဝန်ပေါက်စတို့ထုံးစံအတိုင်း ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ရာတွင် ဒွိုင်းမအောင်မြင်ခဲ့။ ထိုသို့ ဆေးခန်းလူနာမ လာခြင်းသည်ပင်လျှင် စာရေးဆရာဖြစ်လာမည့် ဒွိုင်းအတွက် လူနာစောင့်ရင်း စာရေးဖို့အကြောင်းဖန်လာသည်။ ရှားလော့ဟုမ်းဇာတ် လမ်းများကို လူနာစောင့်ဆိုင်း ရင်းနှင့် ရေးဖြစ်ခဲ့သည်ဟု ဒွိုင်းကဆိုပါသည်။

၁၈၉၀တွင် ၊သြစတြီးယားနိုင်ငံ၊ဗီယင်နာမြို့၌ မျက်စိအထူးကုသင်တန်းတက်ပြီး တစ်နှစ်အကြာ လန်ဒန်မြို့သို့ပြန်လာခဲ့ပြီး မျက်စိအထူး ကုအဖြစ် ဆေးခန်းပြန်ဖွင့်သည်။ ဒွိုင်းက စာရေးဆရာဖြစ်ဖို့ ကံပိုပါသည်။ ဆရာဝန်ဘဝနှင့် အကျိုးမပေး။ ထိုအချိန်အထိ လူနာမရှိ။ သူ၏ကိုယ်တိုင်ရေးအတ္တုပတ္တိ စာအုပ်တွင် လူနာလာဖို့နေနေသာသာ၊ ဆေးခန်းရှေ့မှဖြတ်လျှောက်မည့်သူမရှိ ဟုပင်ရေးခဲ့ဖူးသည်။ ထိုအချိန်မှာ သူ့ဇာတ်ဆောင် ရှားလေ့ာဟုမ်းက အရှိန်ရနေပြီ။

ဒွိုင်းက သမိုင်းဆိုင်ရာဝတ္တုကြီးတွေ ရေးချင်သည်။ ထိုဝတ္တုများက သူ့အတွက် ပိုအရေးကြီးသည်ဟု ယူဆသည်။ တဘက်မှာ ရှားလေ့ာ ဟုမ်းကလည်း နာမည်အလွန်ကြီးနေပြီ။ သည်တော့ ၁၈၉၃တွင် ဒွိုင်းကသူ့ဇာတ်ဆောင်ရှားလေ့ာဟုမ်းကို သတ်ပစ်လိုက်သည်။

“နောက် ဆုံးအမှု” အမည်ရ ဇာတ်လမ်းထဲမှာ ရှားလေ့ာဟုမ်းနှင့် ပရော်ဖက်ဆာမော်ရိုင်ရာတီ တို့နှစ်ဦးကို ရေတံခွန်ထဲပြုတ် ကျပြီး သေကြလေပြီဟု ရေးလိုက်သည်။

ဆေးခန်းမှာသာ လူနာမလာပေမယ့် ဒွိုင်း၏စာဖတ်ပရိသတ်ကတော့အတော်အင်အားတောင့် သည်။ ရှားလော့ဟုမ်းသေသည်ကို မကျေနပ် ကြသဖြင့် ၁၉၀၁ခုနှစ်တွင် ရှားလေ့ာဟုမ်းဝတ္တုတစ် ပုဒ်ပြန်ရေးပြီး ရှားလေ့ာဟုမ်းမသေသေးကြောင်း၊ ပရော်ဖက်ဆာမော်ရိုင် ရာတီသာ သေဆုံးခြင်းဖြစ်ကြောင်း၊ ရှားလော့ဟုမ်းတွင် ရန်သူတော်ကြီးများ ကျန်နေသေးပြီး ထိုသူများအားလှည့်စားလိုသည့်သဘောဖြင့်သေပြီဟု သတင်းလွှင့်ရခြင်းဖြစ်ကြောင်း ပြန်ရေးရသည်။

စာရေးဆရာ၏ကလောင်တန်ခိုးက အတော်ထက်သည်။ စာရေးဆရာဘာရေးရေးပရိသတ် ကလက်ခံသည်။ သည်လိုနှင့် ဒွိုင်းသည်စုံ ထောက်ကြီးရှားလော့ဟုမ်းကို ဝတ္တုတို ၅၆ပုဒ်နှင့်ဝတ္တုတို ၄ပုဒ်တို့တွင်ထည့်သွင်းအသုံးတော်ခံခဲ့ လေသည်။

၂၀ရာစုအဝင်တွင် အာဖရိက၌ ဘိုးဝါးစစ်ပွဲဖြစ်ပွားသည်။ ဒွိုင်းကထိုစစ်ပွဲနှင့် ပတ်သတ်ပြီးအမိယူကေနိုင်ငံ၏ရပ်တည်မှုကိုဖော်ပြသည့် တောင်အာဖရိကမှ စစ်ပွဲ၊ အကြောင်းနှင့်အကျိုး သက်ရောက်မှုများ အမည်ရ လက်ကမ်းစာစောင်ကို ဖြန့်ချိခဲ့ရာဘာသာပေါင်းများစွာသို့ ပြန်ဆိုဖော်ပြခြင်းခံရသည်။

၁၉၀၀ပြည့်နှစ်မတ်လမှ ဇွန်လအထိ စစ်မြေပြင်စစ်ဆေး ရုံတစ်ရုံတွင်လုပ်အားပေးဆရာဝန်လုပ်ခဲ့သည်။ ထိုလက်ကမ်းစာစောင်ကြောင့် ၁၉၀၂ခုနှစ်တွင် သူကောင်းပြုခြင်းခံရခြင်း(ဆာဘွဲ့အပ်နှင်းခံရခြင်း) ဖြစ်သည်ဟုဒွိုင်းကအမြဲပြောလေ့ရှိသည်။ ၁၉၀၀ပြည့်နှစ်တွင်ပင် ဘိုးဝါးစစ်ပွဲကြီးစာအုပ်ကိုရေးခဲ့သည်။

ဒွိုင်းသည် နိုင်ငံရေးလောကမှာလည်း ပါဝင်လှုပ်ရှားခဲ့ဖူးသည်။ ၂၀ရာစုအစောပိုင်းတွင် လစ်ဘရယ်ပါတီဝင်တစ်ဦးအဖြစ် လွှတ်တော်တွင် နှစ်ကြိမ်တိုင်တိုင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ထိုက်သင့်သလောက် မဲရရှိခဲ့သော်လည်း ပါလီမန်အမတ်အဖြစ် ရွေးချယ်တင်မြှောက် ခံရခြင်းတော့ မရှိခဲ့ပါ။ ကွန်ဂိုနိုင်ငံ လွတ်မြောက်ရေးလှုပ်ရှားမှုများတွင်လည်း မိတ်ဆွေနှစ်ဦးနှင့်အတူပါဝင်ခဲ့ပြီး ၁၉၀၉တွင် “ကွန်ဂိုမှ ရာဇဝတ်မှု” အမည်ရ စာတမ်းရှည်တစ်စောင်ရေးခဲ့သည်။

PIC BY PAUL GROVER AT CHRISTIE’S IN LONDON ON MAY 19TH THE LOST ARCHIVE OF SIR ARTHUR CONAN DOYLE WILL BE UP FOR SALE WHICH HAVE NEVER BEFORE BEEN SEEN IN PUBLIC THE ARCHIVE IN CLUDES OVER 3000 ITEMS 80% ON WHICH HAVE NEVER BEEN PUBLISHED THE COLLECTION IS EXPECTED TO FETCH IN THE REGION OF 2 MILLION pounds PIC SHOWS A PHOTOGRAPHE OF SIR CONAN A FEW YEARS BEFORE HIS DEATH PIC PAUL GROVER

ထိုလှုပ်ရှားမှုတွင် ကြုံတွေ့ သိမြင်ခဲ့ရသည့် လူ့စရိုက်များကို အမှီပြုပြီး ၁၉၁၂တွင် “ပျောက်ဆုံးနေသောကမ္ဘာ”ကို ရေးခဲ့သည်။ ၁၉၀၆တွင် ဇနီးဖြစ်သူ လူဝီစာ ဆုံးသည်။ သားဖြစ်သူကလည်း ပထမကမ္ဘာစစ်မပြီးခင်လေးမှာကွယ်လွန်ခဲ့သည်။သည်တင်မကအစ်ကိုနှစ်ဦး၊ယောက်ဖ နှစ်ဦးနှင့် တူတော်မောင်နှစ်ဦးသည်လည်းရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ကြပြန်သဖြင့်ဒွိုင်းတစ်ယောက်စိတ်ကျဝေဒနာခံစားလာရသည်။

ဒွိုင်း၏ ဖခင်သည်လည်း နာတာရှည်စိတ်ဝေဒဒနာဖြင့် ဆုံးခဲ့ရသူဖြစ်သည်။သည်နောက်ပိုင်းမှာ ဒွိုင်းသည် စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာများကို စိတ်ဝင်စားလိုက်စားလာခဲ့သည်။ နာမည်ကြီး သရဲကလပ်အမည်ရ အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လာသည်။ သူ၏နောက်ပိုင်းစာအုပ်များတွင် စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာနှင့်ပတ်သတ်သော အယူအဆများစွာ လွှမ်းမိုးနေသည်ဟု ဝေဖန်ရေးဆရာအချို့ကဆိုသည်။

ဆာအာသာကိုနန်ဒွိုင်းသည် အသက် ၇၁နှစ်အရွယ်တွင်နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ ဟမ်ရှိုင်းယားရှိသူ၏အုတ်ဂူတွင်သူကောင်းမျိုး၊ မျိုးချစ်ပုဂ္ဂိုလ်၊ ဆရာဝန်ကြီးနှင့်စာပေပညာရှင်ကြီးစသည်ဖြင့်သူ၏ဂုဏ်ပုဒ်များစွာကိုရေးသားထားသည်ကိုတွေ့ကြရမည်။ အက်ဒင်ဘာ ရာရှိသူမွေးဖွားခဲ့ရာ အိမ်ဘေးတွင်သူ၏နာမည်ကျော်ဇာတ်ဆောင်ရှားလော့ဟုမ်း၏ရုပ်တုကိုစိုက်ထူဂုဏ်ပြုထားလေသည်။

ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han)

ရေးသားသူ – ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han)

Likes:
0 0
Views:
1367
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *